bap-logo
Editorial

သုံးသပ်သတိပြုရန် အရေး

eNYzFxwziEEa45cUxDUzU-image

လွန်ခဲ့သော ၂ နှစ် က

စစ်ရေးအခြေအနေကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ချိန်ထိုးကြည့်ပါက အလွန်ပြင်းထန်လာသည်ဟု မြင်ရမည်။ စစ်ကောင်စီလက်အောက်ခံတပ်များဖြင့် ထိတွေ့တိုက် ခိုက်ခြင်းများ၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းများနှင့် စခန်းတွင်း ဝင်ရောက်စီးနင်းခြင်းများ စသည့်အခြေအနေမျိုးစုံကိုတွေ့ရသည်။

 

တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်များသည် ကျေးရွာများကို မီးရှို့ခြင်းနှင့် ဖမ်းဆီးသတ်ဖြတ်ခြင်းများကို ပြင်း ပြင်းထန်ထန်ပြုလုပ်သည်။ ထိုသို့ ပြုလုပ်ရာတွင် စစ်ရေးပစ်မှတ် များကိုသာမက စစ်ဘေးဒုက္ခသည်များ အပေါ် တွင်ပါ စစ်ရာဇဝတ်မှုများ ကျူးလွန်လာသည်။ ပြီးခဲ့သော ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် မြင်းမူကိစ္စသည် အနီးဆုံး သော ပြသနိုင်မည့် နမူနာကောင်းဖြစ်သည်။ ထိုသို့ အလားတူကိစ္စများသည် လက်နက်ကိုင်တော်လှန်ကာလအ တွင်း များစွာဖြစ်ခဲ့သည်ကို သတိမူရမည်။

 

စစ်ရေးကို ဆင်နွှဲရာတွင် သို့မဟုတ် စစ်ရေးနည်းလမ်းကို တော်လှန်ရေးအတွက်ကျင့်သုံးရာတွင် နွေဦးတော်လှန် ရေးဘက်တော်သားများသည် စစ်ရေးကျင့်ဝတ်များကို အလေးအနက်ထားရမည်။ ထိုသို့ စစ်ရေးကျင့်ဝတ် အလေးအနက်ထားခြင်းကို စစ်ကောင်စီလက်အောက်ခံတပ်များသည် ပျက်ကွက်ကြမည်သာဖြစ်ပြီး ယင်းကို သိသာထင်ရှားစေရန် ထုတ်ပြနိုင်ရမည်။ ထို့အတူ ယခင်ရခဲ့ဖူးသော ခါးသီးလှသည့်အတွေ့အကြုံများကို ပြန်လည် သုံးသပ်၍ မိမိတို့၏ အားနည်းချက်များပြုပြင်နိုင်ရမည်။

 

ထိုအားနည်းချက်များသည် လက်နက်အင်အား မလုံလောက်ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ စားဝတ်နေရေး မလုံလောက်ခြင်း၊ လိုအပ်သောဆေးဝါးမပြည့်စုံခြင်းနှင့် စစ်ရေးအရမဟုတ်သည့် အခြားသော စီမံခန့်ခွဲမှု အားနည်း ခြင်းတို့ဖြစ်နိုင်သည်။ စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးခြင်းသည် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ထောက်ပို့ပေးနိုင်မည့် အင်အားစုများကို ဖြိုဖျက်ပစ်ခြင်းဖြစ်သည်။ အကာအကွယ်ရနိုင်မည့် အခြေခံအဆောက် အအုံများကို ဖြိုလှဲခြင်းဖြစ်သည်။ ထိုသို့ ဖြိုလှဲလိုက်ခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ပွဲ ဖော်ဆောင်ခြင်းကိစ္စများတွင် တစ်စုံတရာအားနည်းသွားမည်။

 

စစ်ရေးတွင် ရန်သူအင်အားနည်းစေရန်လုပ်ဆောင်ခြင်းသည် နည်းနာဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေးတပ် သားများ၏ ရုပ်ဝတ္ထုအင်အားနှင့် စိတ်ဓာတ်ရေးရာအင်အားတို့ အားနည်းစေရန်လုပ်ဆောင်နေမှုများကို ဟန့်တား ကာကွယ်နိုင်ရေးဖြစ်သည်။ ထို့ကြောင့် အဆိုပါ အားနည်းချက်များကို ရှာဖွေ၍ လိုအပ်သော ထောက်ပို့များကို စီမံ ခန့် ခွဲရန် လိုအပ်ပါမည်။

 

ထိုနည်းအတူ စစ်ရေးပဋိပက္ခနှင့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာသည့် လူထုအတွက် လူသားချင်းစာနာ ထောက်ထားမှု အထောက်အပံ့များရရှိရေးသည်လည်း အလွန်အရေးပါသည်။ တော်လှန်ရေးတပ်သားများနှင့် ဒေ သတွင်းနေထိုင်ကြသူများသည် အပြန်အလှန်အားဖြင့် ချိတ်ဆက်နေထိုင်ကြသည်ဖြစ်၍ အပြန်အလှန်အထောက် အကူ ဖြစ်နေသည်ကို သတိပြုအပ်ပါသည်။

 

ခုခံတွန်းလှန်စစ် အောင်နိုင်ရေးအတွက် လက်နက်၊ အဆင့်ဆင့်အမိန့်ပေးညွှန်ကြားမှုနှင့် စစ်ရေးနည်းပညာများ လို အပ်သကဲ့သို့ နေ့စဉ်ကုန်ကျနေသည့် အသုံးစရိတ်၊ ရိက္ခာ၊ ဆေးဝါးနှင့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ အားအင်ဖြည့်ဖြိုး ခြင်းများလည်း အထူးပင်လိုအပ်ကြောင်း သတိပြုအပ်ပါသည်။

 

Burma Associated Press

အာဏာသိမ်းမှု
စစ်တပ်
စစ်ကောင်စီ

Share With
bap-logo