Politics
ငဖဲမြို့နယ်ရှိ စစ်ကောင်စီယမ်းချက်စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး၊ RPG တို့ ဖြင့် ပစ်ခတ်
လွန်ခဲ့သော ၂ နှစ် က
မကွေး ၊ ဖေဖော်ဝါရီ - ၉
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် (၁၄) ကာကွယ်ရေးပစ္စည်းထုတ် စက်ရုံ(ကပစ-၁၄) ရှိ ယမ်းချက်စက်ရုံကို ၁၀၇ မမရှော့ခ်တိုက်ဒုံး၊ RPG များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People’s Revolution Alliance – PRA Magway ကထုတ်ပြန်ထားသည်။
ယနေ့ နံနက်အစောပိုင်း ၁၂ နာရီ မိနစ် ၄၀ ခန့်တွင် စစ်ကောင်စီ၏ ယမ်းချက်စက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး၊ RPG ၁ လုံးဖြင့် တိုက်ခိုက်ခဲ့ရာ အဆောက်အအုံ နှင့် စစ်တပ်ဘက်က ထိခိုက်မှုများ ရှိနိုင်ကြောင်း ထုတ်ပြန်ချက်က ဆိုထားသည်။
ယင်းတိုက်ခိုက်မှုကို People’s Revolution Alliance – PRA Magway ဟောလုံစစ်ကြောင်းနှင့် မောလုံ စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းဆိုထားပြီး အဆိုပါဖြစ်စဉ်နဲ့ ပက်သက်၍ ထိခိုက်မှု အခြေအနေအသေးစိတ်ကို BAP ကသီးခြားအတည်ပြုနိင်ခြင်းမရှိသေးပေ။
Photo - PRA Magway
Top News
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၉ ရက် က