Politics
NUG အနေဖြင့် စစ်အုပ်စုကိုကဏ္ဍပေါင်းစုံမှရင်ဆိုင်နိုင်နေပြီဟု ယာယီသမ္မတ ပြောကြား
လွန်ခဲ့သော ၂ နှစ် က
ဖေဖေါ်ဝါရီ ၇
NUG သည် သုညကနေ စတင်ခဲ့ပြီး ယနေ့တွင် စစ်အုပ်စုကိုကဏ္ဍပေါင်းစုံမှ ရင်ဆိုင်နိုင်နေပြီဖြစ်ကြောင်း ယာယီသမ္မတဒူဝါလရှီးလက ပြောသည်။
အဆိုပါအကြောင်းအရာကို အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းကပြောကြားခဲ့ခြင်း ဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားလူထုတစ်ရပ်လုံးသည် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်ခဲ့ သည့် ၂ နှစ်တာကာလကို ကြံ့ကြံ့ခိုင်ကာ၊ မလျှော့သောဇွဲ၊ အရှုံးမပေးသောလုံ့လဖြင့် အောင်မြင်စွာ ကျော်လွှား နိုင်ခဲ့ကြပြီဖြစ်ကြောင်း ယာယီသမ္မတက ဆိုသည်။
"ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ သုညကနေ စတင်ခဲ့ရာက ဒီနေ့ဆိုရင် အကြမ်းဖက် စစ်အုပ်စု ကို ကဏ္ဍပေါင်းစုံကနေ ရင်ဆိုင်နေနိုင်ပြီဖြစ်ပြီး အခြားကဏ္ဍတွေမှာဆို ပိုမိုသာလွန်အောင် လုပ်ဆောင်နိုင်နေပြီ ဖြစ်တယ်ဆိုတာ အားလုံးအသိပင် ဖြစ်ပါတယ်။ အခုလို အချိန်တိုအတွင်း အောင်မြင်မှုတွေ စွမ်းဆောင်လာနိုင် တာဟာ တိုင်းရင်းသားပြည်သူအပေါင်းရဲ့ ညီညွတ်မှုနဲ့ အာဏာရှင်စနစ်ကို ပြတ်သားစွာ လက်မခံ၊ မလိုလားမှု ကြောင့် ဖြစ်ပါတယ်" ဟု ယာယီသမ္မတက ပြောသည်။
နိုင်ငံတကာအစိုးရအနေဖြင့်လည်း မိမိတို့အစိုးရကို တရားဝင်အစိုးရအဖြစ် လက်ခံအသိအမှတ် ပြုလာရန် ကြိုးပမ်းဆောင်ရွက်နေပြီး တစ်ဖက်မှာလည်း တော်လှန်ရေးအင်အားစုများနှင့် လက်တွေ့ကျကျ လက်တွဲ ဆောင်ရွက်မှုများကို အားထုတ်လျက်ရှိနေသည်ဟု ယင်းကဖြည့်စွက်ပြောကြားသည်။
ဖေဖော်ဝါရီလ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၏ ထုတ်ပြန်ချက်၊ မွန်ပြည်သစ် ပါတီမှ ၇၆ ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်များကို အသိအမှတ်ပြုကြောင်း၊ အဆိုပါထုတ်ပြန်ချက်များသည် စစ်ကောင်စီကို တွန်းလှန်နိုင်ရန် ပြည်တွင်းအင်အားစုများအကြား ညီညွတ်မှု အင်အားတစ်ရပ်ဖြစ်ကာ၊ ယင်းစုစည်းမှု၊ ညီညွတ်မှုနှင့် လက်တွေ့ကျသည့် ပူးပေါင်းမှုများကို တည်ဆောက်ရန် လိုအပ်ကြောင်း ယာယီသမ္မတက ထပ်မံပြောသည်။
"အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒကြောင့် တိုင်းရင်းသားပြည်သူလူထုအကြား ပျက်ယွင်းခဲ့တဲ့ ယုံကြည်မှုကို အခုအချိန်မှာ တည်ဆောက်ယူဖို့ အချိန်အခါကောင်း တစ်ရပ်ဖြစ်ပြီး အာဏာရှင်စနစ်နှင့် အကြမ်းဖက် စစ်အုပ်စု ကို တွန်းလှန်ဖယ်ရှားဖို့ အချိန်အခါလည်းဖြစ်ပါတယ်" ဟု ယာယီသမ္မတက ထပ်မံတိုက်တွန်းပြောကြားသည်။
Top News
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၄ ရက် က
လွန်ခဲ့သော ၈ ရက် က