Politics
ငါန်းဇွန်တွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ၉ ဦး သေဆုံး
လွန်ခဲ့သော ၂ နှစ် က
ဖေဖော်ဝါရီ ၆
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အတွင်း ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ငါန်းဇွန် ပကဖနှင့် ပူးပေါင်းအဖွဲ့များမှ မိုင်း၊ လက်နက်ကြီး၊ ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီ တပ်သား ၉ ဦးသေဆုံးခဲ့ကြောင်း ငါန်းဇွန်ပြည်သူကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီ ၅ ရက်၊ နံနက်ပိုင်းက ငါန်းဇွန်မြို့ အရှေ့ဘက်ရှိ မြို့နှင့် ၃ မိုင်အကွာ ငွေစင်ကုန်းနှင့် ညောင်ပင်ကြီး ရိုးရွာကြား၊ ငါန်းဇွန်- တံတားဦးသွား ကားလမ်းပေါ်တွင် ကင်းလှည့်လာသော စစ်ကောင်စီတပ်၏ ဆိုင်ကယ် ၅ စီးကို ငါန်းဇွန်ပကဖနှင့် ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အင်အား ၁၀ ဦးခန့်ပါသည့် စစ်အုပ်စုကို မိုင်းဆွဲပြီးနောက် အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ မိနစ် ၂၀ ခန့် ကြာသည့် တိုက်ပွဲအတွင်း စစ်အုပ်စုက ၉ ဦးကျပြီး ၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကာ စစ်ကူ ရောက်လာသည့်အတွက် လက်နက်မကောက်ခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အထက်ပါအချက်အလက်များနှင့်ပတ်သက်၍ ဘီအေပီက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
Photo - credit
Top News
လွန်ခဲ့သော ၃ ရက် က
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၉ ရက် က