Politics
နယ်စပ်မတည်ငြိမ်မှုများ တိုးမြင့်လာနေစဉ် ထိုင်း-မြန်မာ အကူအညီပေးရေးတပ်ဖွဲ့ ဖွဲ့စည်းမည်
လွန်ခဲ့သော တစ်နှစ် က
ထိုင်းနိုင်ငံနှင့် ပဋိပက္ခဒဏ်ခံနေရသည့် မြန်မာနိုင်ငံတို့သည် တိုက်ပွဲများကြောင့် ရွှေ့ပြောင်းခဲ့ရသူများအတွက် လူသားချင်းစာနာမှုအကူအညီပေးရေးနှင့် အခြားသော အကူအညီပေးရေးအဖွဲ့များ ပါဝင်လာစေရေး တိုးချဲ့ လုပ်ဆောင်နိုင်မှုများ မြှင့်တင်ရန် တပ်ဖွဲ့တစ်ခု ဖွဲ့စည်းသွားမည်ဟု ထိုင်းနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့က ပြောသည်။
စစ်တပ်အုပ်ချုပ်နေသော မြန်မာနိုင်ငံနှင့် အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုများဆီသို့ ၎င်းအစီအစဉ်က ဦးတည်နိုင်မည်ဟု ထိုင်းနိုင်ငံက မျှော်လင့်ထားသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
မြန်မာနယ်စပ်ဒေသများတွင် တိုင်းရင်းသားလူနည်းစု လက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့များက စစ်တပ်ကို စုပေါင်း တိုက်ခိုက်နေပြီး အခြားဒေသများတွင်လည်း ဒီမိုကရေစီလိုလားသော ခုခံတိုက်ခိုက်ရေးသမားများအတွက် အလားတူ တိုက်ခိုက်မှုများ ပြုလုပ်ရန် စိတ်ဓာတ်မြှင့်တင်ပေးနေသည်။
ကုလသမဂ္ဂက အောက်တိုဘာ တိုက်ခိုက်မှုများနောက်ပိုင်း လူပေါင်း ၃၀၀,၀၀၀ ကျော်အပါအဝင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၂ သန်းကျော် အတင်းအကျပ် နေရပ်စွန့်ခွာစေခဲ့သည်ဟု ခန့်မှန်းထားသည်။
မတည်ငြိမ်မှုမှာ စစ်အာဏာရှင်တို့အတွက် အာဏာသိမ်းပြီးနောက် အကြီးမားဆုံး စိန်ခေါ်တိုက်ခိုက်မှုဖြစ်ပြီး တရုတ်နှင့် ထိုင်းနိုင်ငံတို့က ဒုက္ခသည်များ ဝင်ရောက်လာမည်ကို စိုးရိမ်မှု ရှိလာသည်။
“မြန်မာဘက်မှ ၎င်းကိစ္စဆွေနွေးရန် အလုပ်လုပ်ဆောင်မည့် အဖွဲ့တစ်ခု ထိုင်းနိုင်ငံသို့ မကြာခင် စေလွှတ်မည် ဖြစ်သည်။ အကောင်အထည်ဖော်ရေး ကနဦးအဆင့် အောင်မြင်လျှင် အခြားသော အထောက်အကူပြု အေဂျင်စီ များလည်း အနာဂတ်တွင် ပါဝင်နိုင်ရန် ဖိတ်ခေါ်ကောင်း ဖိတ်ခေါ်နိုင်သည်။” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။
၎င်းကဲ့သို့ ဖွဲ့စည်းလုပ်ဆောင်ရန် ဆုံးဖြတ်ချက်ကို စစ်အာဏာရှင်ခန့်အပ်ထားသည့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara တို့က တရုတ်နိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေငြာချက်တွင် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသော်လည်း လူသားချင်းစာနာရေးတပ်ဖွဲ့အကြောင်း ဖော်ပြထားခြင်းမရှိပေ။ စစ်အာဏာရှင် ပြောခွင့်ရသူကို မှတ်ချက် ပေးစေရန် ဆက်သွယ်မရခဲ့ပါ။
အာဏာသိမ်းပြီးနောက် သဘောတူထားသည့် ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်သည့်အတွက် စစ်အာဏာရှင်တို့ကို အာဆီယံထိပ်သီးအစည်းအဝေးများ တက်ရောက်ခြင်းမှ တားမြစ်ခံထားရသည်။
ကိုးကား - Reuters
ပုံစာ - ဒီဇင်ဘာလ ၁၉ ရက် ၂၀၂၁ ခုနှစ် ထိုင်း-မြန်မာ နယ်စပ်အနီး ထိုင်းနိုင်ငံ မဲဆောက်ခရိုင်မှ အစောင့်အကြပ် ထိုင်းနယ်စပ်ရဲတပ်ဖွဲ့များ။(Photo: REUTERS/Athit
Top News
လွန်ခဲ့သော ၅ ရက် က
လွန်ခဲ့သော ၆ ရက် က
လွန်ခဲ့သော ၁၀ ရက် က