bap-logo
Weather

ပဲခူးမြို့ရဲ့ ၈၀ ရာခိုင်နှုန်း ရေမြှုပ်ပြီး ဖုန်းလိုင်းအချို့ ပြတ်တောက်နေ

dSC2PWE5cvLMFDkKmHo6C-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၉။

 

ပဲခူးမြို့၏ ၈၀ ရာခိုင်နှုန်းမှာ ရေကြီးနစ်မြှုပ်နေတယ်လို့ ပဲခူးမြို့ခံတစ်ဦးက BAPကို ပြောပါတယ်။

 

အောက်တိုဘာ ရက် (စနေနေ့) ကစပြီး ပဲခူးမြို့ပေါ်မှာ ရေစတက်လာတယ် လို့လည်း သူက ပြောပါတယ်။

 

မနေ့က တစ်ရက်တည်းနဲ့ အခုလို ဖြစ်သွားတာ၊ တစ်ခါမှ မကြုံဖူးဘူး။ အချို့ အိမ်ပေါ်မှာ ပိတ်မိနေသူတွေလည်းရှိတယ်လို့ အသက်၆၀ အရွယ် ပဲခူးမြို့ခံ တစ်ဦးက ပြောပါတယ်။

 

လတ်တလော ပဲခူးမှာ MPT ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေပြီး ဝိုင်ဖိုင်ကွန်ရက်လည်း ပြတ်တောက် နေတယ်လို့ ပဲခူးမြို့ခံတွေကဆိုပါတယ်။

 

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကလည်း ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိတဲ့ ပဲခူး မြို့ကို ရှာဖွေ ကယ်ဆယ်ရေး (အထူး) တပ်ဖွဲ့ဝင်တွေ စေလွှတ်ထားတယ်လို့ ဒီနေ့မနက်ပိုင်းမှာ အသိပေးထုတ်ပြန်ထားပါတယ်။

 

ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း ပဲခူးမြို့ ရပ်ကွက် ၁၅ ခုထက်မနည်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး နေအိမ်တွေအတွင်း ရေဝင်ရောက်ခဲ့ပါ သေးတယ်။

 

ဒီနှစ်တစ်နှစ်ထဲမှာကို ပဲခူးမှာ ရေကြီးရေလျှံမှုဖြစ်တာ လေးကြိမ်မြောက် ရှိပြီလို့လည်း မြို့ခံတွေက ပြောပါတယ်။

 

ပဲခူးမြစ်ရေဟာ ဆက်လက်မြင့်တက်နိုင်ပြီး စိုးရိမ်ရေမှတ်မှာ ဆက်လက်ရှိနေနိုင်တယ်လို့လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အောက်တိုဘာ ၈ ရက်က ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ- လူမှုကွန်ရက်

 

Burma Associated Press

ရေကြီး
ပဲခူး

Share With
bap-logo