bap-logo
Weather

ပဲခူးတွင် ရေဘေးသင့်သူများကျန်ရှိနေဆဲ ဖြစ်ပြီး သောက်ရေနှင့် ရိက္ခာခြောက်များလိုအပ်နေ

7GyCffSxCCvvmkO5aaG-a-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၁၁။

ပဲခူးမြို့ရဲ့ အဓိကလမ်းမကြီးပေါ်မှာ ရေအနည်းငယ်ကျသွားပေမဲ့ လူနေရပ်ကွက်တွေထဲမှာ ရေကြီး နစ်မြုပ်နေဆဲ ဖြစ်သလို ရေဘေးသင့်ပြည်သူတွေအတွက် သောက်သုံးရေသန့်နဲ့ ရိက္ခာခြောက်တွေ လိုအပ်နေတယ်လို့ ကူညီ ကယ်ဆယ်ရေး လုပ်နေသူတွေက BAP ကိုပြောပါတယ်။

 

မိန်းလမ်းမကြီးပေါ်မှာ ရေကျသွားပေမဲ့ အချို့ရပ်ကွက်တွေထဲမှာ ရေက ပေကနေ ၁၂ ပေ လောက်အထိ ကျန်နေတယ်။ အဓိက လိုအပ်တာက သောက်သုံးရေသန့်ပဲလို့ ရေဘေးသင့်သူတွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။

 

ရေဘေးသင့်သူတွေအတွက် ခေါက်ဆွဲခြောက်၊ ဘီစကစ်၊ ငါးသေတ္တာ၊ ပေါင်မုန့် စတဲ့ အသင့်စားလို့ရတဲ့ ရိက္ခာတွေအပြင် ဖယောင်းတိုင်လို အရာတွေလည်း လိုအပ်နေတယ်လို့ဆိုပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာလ ရက်က စပြီး ပဲခူးမြို့၏ ၈၀ ရာခိုင်နှုန်းမှာ ရေကြီးနစ်မြှုပ်ခဲ့တာပါ။

 

ရေကြီးနစ်မြှပ်နေတဲ့အချိန်မှာ ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေပြီး ဝိုင်ဖိုင်ကွန်ရက်လည်း ပြတ်တောက် နေတယ်လို့ ပဲခူးမြို့ခံတွေကဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း ပဲခူးမြို့ ရပ်ကွက် ၁၅ ခုထက်မနည်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး နေအိမ်တွေအတွင်း ရေဝင်ရောက်ခဲ့ပါ သေးတယ်။

 

ဒီနှစ်တစ်နှစ်ထဲမှာကို ပဲခူးမှာ ရေကြီးရေလျှံမှုဖြစ်တာ လေးကြိမ်မြောက် ရှိပြီလို့လည်း မြို့ခံတွေက ပြောပါတယ်။

 

ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ်မှာ ဆက်လက်ရှိနေနိုင်တယ်လို့လည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

 

Burma Associated Press

ရေကြီး
ပဲခူး

Share With
bap-logo