bap-logo
Article

ထိရောက်မှုနည်းတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများ

dHY9YeX-mIZlkEhVGGafS-image

လွန်ခဲ့သော ၂ နှစ် က

၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက််ပိုင်း မြန်မာမှာ စစ်အုပ်ချုပ်ရေးကို တွန်းလှန်တိုက်ခိုက်ခြင်းတွေ ဖြစ်ပွားနေခဲ့တာ ယခုဆို နှစ်နှစ်ကျော် ရှိလာပါပြီ။ မြန်မာကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုဆိုတာ အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂရဲ့ စစ်အာဏာသိမ်းမှုအပေါ်  အဓိကကျတဲ့ တုန့်ပြန်မှုဖြစ်နေပါတယ်။

 

သို့ပေမယ့်လည်း ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေက အာဏာသိမ်းစစ်အုပ်စုကို ထိခိုက်မှုအနည်းငယ်ပဲ ရှိနေတယ်ဆိုတာ ထင်ရှားနေပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ ရလဒ်အပြောင်းအလဲရှိဖို့ဆိုရင် အနောက်နိုင်ငံတွေအနေနဲ့ တုန့်ပြန် ဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်ဖို့ လိုနေပါသေးတယ်။

 

စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ပဠိပက္ခတွေက မြန်မာရှိမြို့နယ်အားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို ထိခိုက် ပျက်စီးစေခဲ့ပြီး လုံခြုံရေးလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တရားလက်လွန်နှိမ်နင်းမှုတွေမှာ ပြည်သူ ၃,၀၀၀ ကျော် သေဆုံးခဲ့ကာ ပြည်သူ ၁၇,၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်ခဲ့ပါတယ်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီတချို့ ဖျက်သိမ်းခဲ့ရပြီး နိုင်ငံတော်ရဲ့ အတိုင်ပင်ခံဟောင်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်လည်းပဲ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ဦး သေဒဏ်စီရင်ခြင်းခံခဲ့ရပြီး သေမိန့်ကျခံထားရတဲ့ အကျဥ်းသား ၁၀၀ ကျော်ရှိပါတယ်။

 

ဒီကိန်းဂဏန်းအချက်အလက်တွေဟာ ဆယ်စုနှစ်တစ်စုအကြာ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲအပေါ် မျှော်လင့်ချက် ရှိခဲ့တဲ့ အနောက်နိုင်ငံတွေအပါအဝင် ကမ္ဘာကြီးကို ထိတ်လန့်စေခဲ့ပါတယ်။

 

အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂကတော့ ဒဏ်ခတ်ပိတ်ဆို့မှုကို ၎င်းတို့ရဲ့ အဓိကတုန့်ပြန်မှုအဖြစ် လျင်လျင်မြန်မြန် အသုံးပြုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံးဒဏ်ခတ်ပိတ်ဆို့မှုက အာဏာသိမ်း ပြီးနောက် ၁၀ ရက်အကြာမှာပဲ စတင်ခဲ့ပါတယ်။

 

ယင်းအချိန်ကစပြီး အမေရိကန်ပြည်ထောင်စုက မြန််မာရဲ့စစ်ဖက်ဆိုင်ရာခေါင်းဆောင်များ၊ ၎င်းတို့ရဲ့ မိသားစု ဝင်များ၊ စစ်တပ်နဲ့ဆက်စပ်နေတဲ့စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံပိုင်လုပ်ငန်းများ၊ လက်နက်ပွဲစားများနဲ့ လေယာဥ် လောင်စာထောက်ပံ့သူများ အစရှိသူတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှု အကြိမ် ၂၀ နီးပါးခန့်ကို လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။

 

ယင်းသို့ပိတ်ဆို့မှုတွေကို အာဏာသိမ်းမှုနှစ်ပတ်လည်နေ့တွေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ကဲ့သို့သော နေ့ရက်တွေမျိုးမှာ အချိန်ကိုက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။

 

ဥရောပသမဂ္ဂနဲ့ ဗြိတိန်ကလည်း အာဏာသိမ်းစစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများစွာ ချမှတ်ဆောင်ရွက် ခဲ့ပါတယ်။ ဥရောပသမဂ္ဂက ဒဏ်ခတ်ပိတ်ဆို့မှု ကြိမ်ဝန်းကျင် ပြုလုပ်ခဲ့ပြီး၊ ယင်းကဲ့သို့ ပိတ်ဆို့အရေးယူခံရတဲ့ အထဲမှာ လူပုဂ္ဂိုလ် ၉၃ ဦး နဲ့ လုပ်ငန်းစု ၁၈ စု ပါဝင်ခဲ့ပါတယ်။ ဗြိတိန်ကလည်း လူပုဂ္ဂိုလ် ၃၄ ဦး နဲ့ လုပ်ငန်းစု ၂၇ စုတို့ကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ပါတယ်။

 

ကနေဒါနဲ့ သြစတြေးလျတို့ကလည်း အာဏာသိမ်းစစ်အုပ်စုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြုလုပ်ခဲ့ပေမယ့် သြစတြေးလျက ၂၀၂၃ နှစ်ဆန်းပိုင်းမှာမှ ပိတ်ဆို့အရေးယူမှုကိုလုပ်ခဲ့တာမို့ နောက်ကျတယ်ပြောရပါမယ်။ နယူးဇီလန် နိုင်ငံကတော့ စစ်အုပ်စုအပေါ် ခရိးသွားလာခွင့်နဲ့ အခြားနိုင်ငံရေးဆိုင်ရာ ကန့်သတ်ချက်တွေကို ချမှတ်အရေးယူခဲ့ပါတယ်။

 

ယင်းကဲ့သို့ စစ်အုပ်စုအပေါ် ပိတ်ဆို့အရေးယူမှုတွေရှိပေမယ့် အာဏာသိမ်းစစ်အုပ်စုရဲ့ ပြုမှုဆောင်ရွက်ချက်တွေ အပေါ် သက်ရောက်မှုက အနည်းငယ်သာရှိပါတယ်။ မြန်မာစစ်တပ်ဟာ နိုင်ငံတကာရဲ့ပိတ်ဆို့အရေးယူမှုတွေကို ကာလရှည်ခံနိုင်ရည်ရှိခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းလည်းရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး နှစ်ကြာဆိုတဲ့ ကာလအတွင်းမှာလည်း စစ်တပ်ရဲ့မှုဝါဒရေးရာ အပြောင်းအလဲတွေ မရှိသလောက်ပါပဲ။

 

ယင်းသို့ဖြစ်လာရမယ့်အစား စစ်အုပ်စုရဲ့လူမဆန်တဲ့ ပြုလုပ်ကျူးလွန်မှုတွေသာ အရှိန်တိုးဖြစ်ပွားလာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဧပြီမှာပဲ မြန်မာရဲ့အာဏာသိမ်းစစ်အုပ်စုက ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတစ်ခုမှာ ခန့်မှန်းခြေပြည်သူ ၁၆၈ ဦး သေဆုံးခဲ့ရပါတယ်။

 

မြန်မာကိုအရေးယူချမှတ်တဲ့ စီးပွားရေးအရဒဏ်ခတ်ပိတ်ဆို့မှုတွေက အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်တွေကို မိတ်ဆွေမဲ့စေတာမျိုး မဖြစ်ပေါ်လာစေတာဟာ စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။ မြန်မာစစ်အာဏာပိုင်တွေကို ကုလရဲ့လုံခြုံရေးကောင်စီမှာရော၊ လက်နက်ပံ့ပိုးပေးမှုတွေမှာပါ ရုရှနဲ့ တရုတ်က သံတမန်အရ အထောက်အပံ့ ဖြစ်နေစေတာက ပြဿနာတစ်ရပ်ပါ။

 

တရုတ်ဟာ မြန်မာရဲ့အဓိကကျတဲ့ စီးပွားရေးမိတ်ဖက်ဖြစ်ပြီး ရုရှကတော့ တိုက်လေယာဥ်တွေအပါအဝင် စစ်ဖက်ဆိုင်ရာ ပစ္စည်းများကို စစ်အုပ်စုလက်ထဲအရောက် အရေးပါတဲ့ထောက်ပို့သူ ဖြစ်နေတာပါပဲ။

 

ဒီ နိုင်ငံအပြင် အာဏာသိမ်းစစ်အုပ်စုဟာ အိန်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့ ထိုင်းရဲ့ သံတမန်ရေးအရ ထောက်ခံမှုတွေကို ရရှိထားပါသေးတယ်။ ဒီ နှစ်နိုင်ငံစလုံးက မြန်မာနဲ့စပ်လျဥ်းတဲ့၎င်းတို့ရဲ့အကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့ စစ်ဗိုလ်တွေနဲ့ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းထားလိုကြပါတယ်။ ထိုင်းကလည်း မြန်မာက သဘာဝဓာတ်ငွေ့ကို အတင်ပို့ဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်နေပါတယ်။

 

ဒီနိုင်ငံတွေရဲ့ထောက်ခံမှုကလွဲလို့ ဂျပန်၊ စင်္ကာပူနဲ့ အခြားသော အရှေ့တောင်အာရှနိုင်ငံတွေက အာဏာသိမ်း စစ်အုပ်စုနဲ့ ဆက်ဆံရေးတွေကို လျော့ချလိုက်ပါတယ်။ သို့ပေမယ့် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုတော့ မလုပ်ခဲ့ပါဘူး။ စင်္ကာပူက မြန်မာ့အရေး၊ မြန်မာ့အခြေအနေကို မြန်မာပြည်တွင်းကသူတွေကသာ ဖြေရှင်းနိုင်မှာ ဖြစ်ကြောင်း ဆိုခဲ့ပေမယ့် ၂၀၂၃ မှာတော့ စစ်ဖက်နဲ့ အရပ်ဖက် နှစ်မျိုးတွဲသုံးနိုင်တဲ့ပစ္စည်းများ မြန်မာကို တင်ပို့ခြင်းကို တားမြစ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

 

ဒီအချက်တွေအရ စီးပွားရေးအရဒဏ်ခတ်ပိတ်ဆို့မှုဆိုတာ အမေရိကန်ပြည်ထောင်စုက ဦးဆောင်တဲ့ နိုင်ငံ အနည်းငယ်ကသာ အသုံးပြုနေတဲ့ လက်နက်တစ်ခုဖြစ်နေတဲ့သဘောပါ။ ဒဏ်ခတ်ပိတ်ဆို့မှုခံထားရတဲ့ လုပ်ငန်းစုတွေနဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းက အခြားပုံစံတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက် နိုင်သေးတာမို့ နိုင်ငံရေးအရရော၊ လက်တွေ့သက်ရောက်မှုတွေမှာပါ သက်ရောက်မှုတွေက ကန့်သတ်ချက်တွေ ရှိပါတယ်။

 

ဒီလိုကန့်သတ်ချက်တွေရှိနေပေမယ့် အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနဲ့ ကနေဒါ ကဲ့သို့သော အခြားစိတ်တူကိုယ်တူနိုင်ငံများက မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေကို ဆက်လက် ချမှတ်နေဆဲ ဖြစ်ပါတယ်။

 

အာဏာသိမ်းစစ်အုပ်စုအပေါ် ၎င်းတို့ရဲ့ ပိတ်ဆို့မှုတွေက အလုပ်မဖြစ်ဘူးဆိုရင် လေယာဥ်ဆီကဲ့သို့သော စွမ်းအင်ရင်းမြစ်တွေ (သို့) စစ်တပ်ရဲ့ဝင်ငွေလမ်းကြောင်းတွေကို ပိတ်ဆို့တာမျိုးတွေလုပ်မယ်ဆိုရင် စစ်အုပ်စုရဲ့ အင်အားကို လျော့ပါးသွားစေပြီး တော်လှန်ရေးအင်အားစုတွေဖက်ကိုလည်း အားကောင်းစေမှာပါ။

 

အမေရိကန်နဲ့ သူ့ရဲ့မိတ်ဖက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကနေ ရနိုင်တဲ့ အကျိုးအမြတ်တစ်ခုကတော့ အာဏာသိမ်းစစ်အုပ်စုကို ဘယ်နေရာမှာမဆို အနှောက်အယှက်အဟန့်အတား ပေးနိုင်တဲ့အချက်ပါပဲ။ မြန်မာ စစ်အုပ်စုနဲ့ ဆက်နွယ်ပတ်သက်တဲ့လူပုဂ္ဂိုလ်တွေ (သို့) စီးပွားရေးလုပ်ငန်းတွေကို နိုင်ငံတကာရဲ့ ရှုံ့ချမှုတွေရဲ့ သက်ရောက်မှုတွေကိုလည်း အခြားနိုင်ငံတွေရဲ့ အာဏာသိမ်းသူတွေက သိရှိသွားပြီး ဒီမိုကရေစီစံနှုန်းတွေကို မထီမဲ့မြင်ပြုမှုတွေအပေါ်  ပိုပြီးသတိထားမိစေပါတယ်။

 

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန်အနေနဲ့ တစ်ခုခုတော့လုပ်နေတယ်ဆိုတာ ၎င်းတို့အတွက် အကုန်အကျ နည်းနည်းနဲ့ ယခုကဲ့သို့ထပ်တလဲလဲ လုပ်နေတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက ဖော်ညွှန်းပြီးသားလည်းဖြစ်နေပါတယ်။ တကယ်တော့လည်း လက်တွေ့အားဖြင့် အမေရိကန်နဲ့ ကျန်အနောက်နိုင်ငံတွေက မြန်မာ့စီးပွားရေးမှာ ပါဝင်ပတ်သက်မှုဆိုတာ အတော်လေးနည်းပါးပါတယ်။ အမေရိကန် ကွန်ဂရက်က ဘားမားအက်ကို ပြဌာန်းပြီး ပေမယ့်လို့ ဘိုင်ဒင်အစိုးရက သတိထားပြီး ဆောင်ရွက်နေပါတယ်။

 

ပုံမှန်ချမှတ်နေတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေက အပြောင်းအလဲကိုဖြစ်ပေါ်စေမယ်ဆိုတာထက် ပုဂ္ဂလိကလုပ်ငန်းပိုင်း ကသာ အဆုံးအဖြတ်ပေးနိုင်တာမျိုးပါ။ မြန်မာမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက် ဂျပန်က Kirin Woodside Chevron နဲ့ Total တို့လို နိုင်ငံတကာကုမ္ပဏီအများစုက နိုင်ငံကနေထွက်ခွာခဲ့ပါတယ်။

 

မြန်မာ့ကမ်းလွန်က ရေနံတွင်းသစ်တွေကို ဆက်လက်ဖေါ်ထုတ်ဆောင်ရွက်ဖို့ ပြည်ပစွမ်းအင်ကုမ္ပဏီကြီးတွေ မြန်မာမှာမရှိတော့တာက မြန်မာရဲ့ပြည်တွင်းစီးပွားရေးနဲ့ ပို့ကုန်ဝင်ငွေကို ကြီးကြီးမားမားထိခိုက်စေပါတယ်။ ပြည်ပကုမ္ပဏီတွေ မြန်မာက ထွက်ခွာဖို့ဆုံးဖြတ်ချက်ချခဲ့တာကလည်း ဆိုင်ရာလုပ်ငန်းစုတွေရဲ့စီးပွားရေးအရ ဆုံးဖြတ်ချက်မျိုးမဟုတ်ဘဲ ပြည်တွင်းနဲ့ပြည်ပက အရပ်ဖက်အဖွဲ့အစည်းတွေက စစ်အုပ်စုကိုသပိတ်မှောက်ဖို့၊ ရင်းနှီးမြုပ်နှံမှုတွေကို ပြန်လည်ရုပ်သိမ်းဖို့ ဖိအားပေး တောင်းဆိုခဲ့တဲ့အတွက်ကြောင့်ပါပဲ။

 

(East Asia Forum ရဲ့ What’s next for sanctions on Myanmar? ကို ဆီလျော်အောင် မြန်မာပြန်ဆိုပါတယ်။)

 

Burma Associated Press

 

အမေရိကန်
UN
ပိတ်ပင်
စစ်ကောင်စီ
အာဏာသိမ်း

Share With
bap-logo