Local News
ခင်ဦးတွင် ကင်းထောက်သွားသည့် PDF ရဲဘော်နှစ်ဦး စစ်တပ်စစ်ကြောင်းနှင့် တိုးပြီး သတ်ဖြတ်ခံရ
လွန်ခဲ့သော ၂ နှစ် က
မတ် - ၁၄
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် ဆိုင်ကယ်အသုံးပြုပြီး စစ်တပ်ကိုကင်းထောက်သွားသည့် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦး စစ်ကြောင်းနှင့် တွေ့ပြီး သတ်ဖြတ်ခံလိုက်ရကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေးက ဆိုထားသည်။
ပြီးခဲ့သည့် မတ် ၁၂ ရက်နေ့တွင် ခင်ဦးမြို့ကို ရောက်ရှိနေသည့် အင်အား၁၀၀ကျော်ပါ စစ်အုပ်စု စစ်ကြောင်းသည့် မကျီးတုံရွာမှတဆင့် ချောင်းဆုံ/သံဘို တောတန်းများအတိုင်း ခြေလျင်ဝင်ရောက်ခဲ့ကြောင်း၊ ပြည်သူ့ ကာကွယ်ရေး ရဲဘော် ၂ ဦးဖြစ်သည့် ရဲဘော်ကျော်ရဲနှင့် ရဲဘော်သက်နိုင်ဖြိုးတို့ ၂ ဦး သံဘိုကျေးရွာအနီးတွင် ရှေ့ပြေးကင်းပုန်းက ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်ကဆိုသည်။
" တစ်ဦးကိုတော့ ခေါင်းဖြတ်သတ်သွားတယ်။ နောက်တစ်ဦးကျတော့ နဖူးကို သေနတ်နဲ့ တေ့ပစ်သတ် သွားတာပေါ့ " ဟုလည်း ဒေသခံ တစ်ဦးကပြောသည်။
လက်ရှိတွင် အဆိုပါ စစ်ကြောင်းသည့် ရွှေဘိုနယ်ဘုတ်ကုန်းရွာမှ တစ်ဆင့် ရွှေဘိုလေ့ကျင့်ရေး-၈အတွင်း ရောက်ရှိနေကြောင်း ဒေသခံများကဆိုသည်။
ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်ပေါင်း ၂၇၅ ဦးခန့် ရှိပြီးဖြစ်ကြောင်း ခင်ဦးသတင်းမှန်ပြန်ကြားရေးက ဆိုထားသည်။
Photo - ခင်ဦးသတင်းမှန်ပြန်ကြားရေး