bap-logo
Local News

ဖယ်ခုံတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ ဦးကို အရှင်မိ

H2nWoqUkMBRJWlt9TkW32-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၁၄။

ဖယ်ခုံမြို့နယ်၊ ကုရင်ကျေးရွာအုပ်စုတောင်ကြား၌ ခိုးဝင်ရောက်ရှိနေသော စစ်ကောင်စီတပ်ကို PKPDF-2 နှင့် မဟာမိတ်အင်အားစုများက မတ်လ ၁၁ ရက်တွင် စီးနင်းခဲ့ရာ စစ်ကောင်စီတပ်သား ဦး အရှင်မိခဲ့သည်ဟု ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PKPDFက ထုတ်ပြန် ထားသည်။

 

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၉ ဦး သေဆုံးခဲ့ကာ ပြည်သူ့ကာကွယ် ရေး ဖယ်ခုံ PDF တပ်ရင်း- မှ ရဲဘော်တစ်ဦး နှင့် KNDF B-03 မှ ရဲဘော် ဦး(စုစုပေါင်း ဦး) မြင့်မြတ်စွာကျဆုံးခဲ့ရပြီး ပူးပေါင်းအဖွဲ့မှ ဦးဒဏ်ရာရရှိခဲ့ သည်ဟုဆိုသည်။

 

ဖယ်ခုံမြို့ အထိုင်တပ်က လက်နက်ကြီးပစ်ကူမှုရှိခဲ့သော်လည်း ပူးပေါင်း တပ်ဖွဲ့က တိုက်စစ်ဆင်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

 

ထို့အပြင် ရှမ်း-ကယားနယ်စပ် မိုးဗြဲအရှေ့ဘက်ကမ်းရှိတောင်ပေါ် စစ်ဘေးရှောင်တစ်နေရာတွင် စကစတပ်မ ၆၆ က စစ်ရှောင်စခန်းသို့ စစ်ကြောင်းထိုးရောက်ရှိလာပြီး သက်ကြီးရွယ်အိုနှင့် ကလေးအချို့ကို ဖမ်းဆီးထားခဲ့သည် ဟုလည်း ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှသိရသည်။

 

စကစသည် ဖမ်းဆီးထားသော စစ်ဘေးရှောင်ပြည်သူအချို့ကို လူသားဒိုင်းအသုံးပြုသည့်အပြင် တန်းကျောင်းသားတစ်ဦး၊ အသက် ၈၁ နှစ်နှင့် ၇၈ နှစ် အရွယ် သက်ကြီးရွယ်အို ဦးတို့ကို သတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

 

လွတ်မြောက်လာသူအချို့လည်းရှိကြောင်းသိရသည်။

 

မြေပြင်စစ်ရေးတင်းမာနေသည့်အတွက် မိဘပြည်သူများအသွားအလာ သတိရှိရန် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က အသိပေးထားသည်။

 

စစ်ကောင်စီတပ်သည် ယခုနှစ် ဖေဖော်ဝါရီလမှစ၍ ကရင်နီပြည်အတွင်း ပင်လောင်း၊ ရှားတော၊ ဒီးမော့ဆိုနှင့် ဘောလခဲမြို့နယ်အသီးသီးတွင် စစ်မျက်နှာ ခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း ၁၂ ကြောင်း ဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။

 

ပုံစာ - ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများနှင့် သတ်ဖြတ်ခံရသည့် ပြည်သူနှစ်ဦး(ဓာတ်ပုံ-PKPDF-2)

Burma Associated Press

ကယား
ရှမ်း
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
အဖမ်းခံရ
စစ်တပ်

Share With
bap-logo