bap-logo
Politics

စစ်ကောင်စီထံ မှတ်ပုံတင်သည့် နိုင်ငံရေးပါတီ ၃၈ ပါတီရှိပြီ

bGbofuzZyynr2ukoqBy6D-image

လွန်ခဲ့သော တစ်နှစ် က

မတ် ၂၄

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၃၈ ပါတီ ရှိလာပြီဖြစ်သည်။

 

ယင်း ၃၈ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ပါတီ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၂၉ ပါတီ ရှိသည်ဟု စစ်ကောင်စီရွေးကောက်ပွဲ ကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။

 

၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီနှင့် တတိယ မဲအများဆုံး ရခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-SNLD တို့က စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင် ထံ မှတ်ပုံတင်ရန် ငြင်းဆိုထားသည်။

 

စစ်ကောင်စီပြင်ဆင်လိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်မှ မတ်လ ၂၈ ရက်အတွင်း ပါတီမှတ်ပုံတင်ဥပဒေသစ်အရ တည်ဆဲပါတီများပါ ပြန်လည် မှတ်ပုံတင်ရမည် ဖြစ်ကာ ပြန်မတင်သည့်ပါတီများက ပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟု ပြဌာန်းထားသည်။

 

ပုံစာ - စစ်ကောင်စီရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်ထားသည့် အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီ- NDF ပါတီဝင်များအားတွေ့ရစဉ် (ဓာတ်ပုံ- NDF)

Burma Associated Press

ပါတီ
စစ်ကောင်စီ
ရွေးကောက်ပွဲ

Share With
bap-logo