Politics
ဆွီဒီနည်းပညာပါသည့် လက်နက် အိန္ဒိယမှတဆင့် မြန်မာစစ်တပ်ဆီ ရောင်းနေမှု စုံစမ်းစစ်ဆေးရန် တောင်းဆို
လွန်ခဲ့သော တစ်နှစ် က
နိုဝင်ဘာ ၁၇။
ဆွီဒီနည်းပညာပါသည့် လက်နက် အိန္ဒိယမှတဆင့် မြန်မာစစ်တပ်ဆီ ရောင်းနေမှု စုံစမ်းစစ်ဆေးရန် လွတ်လပ်သော ဆွီဒင်အာဏာပိုင်၊ မဟာဗျူဟာ ထုတ်ကုန်များ စစ်ဆေးရေးဌာန (ISP) ကို Justice For Myanmar က တောင်းဆိုထားသည်။
“၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှ အကြမ်းဖက် စစ်အုပ်စုနှင့် တိုက်ပွဲများအတွင်း ဆွီဒင်နှင့် ဆက်စပ်နေသည့် 84 mm ကျည် (FFV-441 HE Frag) အနည်းဆုံးတစ်ခုကို သိမ်းဆည်းရရှိခဲ့သည်။ အိန္ဒိယမှ တဆင့် လွှဲပြောင်းရရှိခဲ့သည့် လက်နက်များဖြင့် မြန်မာစစ်အုပ်စုသည် အပြစ်မဲ့ပြည်သူလူထုအပေါ် ရက်စက် ကြမ်းကြုတ်မှုများ နေ့စဥ် ကျူးလွန်လျက်ရှိသည်။ အိန္ဒိယမှ မြန်မာနိုင်ငံသို့ ရောင်းချခဲ့သည့် လက်နက်များနှင့် ဆက်စပ်အစိတ်အပိုင်း အချို့သည် ဆွီဒင်နည်းပညာဖြင့် ပြုလုပ်ထားသည်။ ၎င်းတို့ထဲတွင် Carl Gustaf နောက်ပြန်ကန်အားမဲ့ ရိုင်ဖယ်များအတွက် စနက်တံများ ပါဝင်သည်”ဟု JFM ကဆိုသည်။
ဆွီဒင်သည် လက်နက်ကုန်သွယ်မှုစာချုပ်အောက်ရှိ ၎င်းတို့၏ ကတိကဝတ်များ အပါအဝင် ဥရောပနှင့် နိုင်ငံ တကာ ဥပဒေများအောက်တွင် ၎င်းတို့၏ ကျင့်ဝတ် နှင့် တာဝန်များကို လိုက်နာရမည့်အချိန် ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံသို့ လက်နက်လွှဲပြောင်းမှုအန္တရာယ်ကို လျှော့ချရန် လုံလောက်သော အစီအမံများ လုပ်ဆောင်ခဲ့ခြင်း ရှိ မရှိနှင့် အိန္ဒိယတွင် လိုင်စင်ဖြင့် ပြုလုပ်ထားသော ဆွီဒင် လက်နက်အစိတ်အပိုင်း များနှင့် စပ်လျဉ်း၍ စစ်လက်နက်ပစ္စည်းများနှင့် စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးထုတ်ကုန်များ တင်ပို့မှုကို ထိန်းချုပ်ရေး ဆိုင်ရာ လွတ်လပ်သော ဆွီဒင်အာဏာပိုင်၊ မဟာဗျူဟာထုတ်ကုန်များ စစ်ဆေးရေးဌာန (ISP) အနေဖြင့် ၎င်းတို့၏ တွေ့ရှိချက်များကို အများပြည်သူသိရှိအောင် ထုတ်ပြန်ပေးရန် Justice For Myanmar က တောင်းဆိုထားခြင်းဖြစ်သည်။
ဓာတ်ပုံ - BPLA
Related Articles
- လွိုင်ကော်စစ်ရှောင်တွေကို နေအိမ်မှာ လက်မခံဖို့ တိုက်တွန်းတဲ့ ရပ်ကွက်လူကြီးနဲ့ ရဲတွေရှိနေ
- လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် မြန်မာကို စွပ်စွဲရာတွင် ဥရောပ ၅ နိုင်ငံနှင့် ကနေဒါတို့ ပူးပေါင်းပါဝင်
- လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးဖြင့် ကရင်နီပြည်နယ် ကြားကာလ လွှတ်တော်ကို ဖွဲ့စည်း
- ကိုးကန့်ဒေသခုတ်ထန်စခန်းကို ထပ်မံသိမ်းပိုက်
Top News
လွန်ခဲ့သော ၇ နာရီ က
လွန်ခဲ့သော ၅ ရက် က