Politics
လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် မြန်မာကို စွပ်စွဲရာတွင် ဥရောပ ၅ နိုင်ငံနှင့် ကနေဒါတို့ ပူးပေါင်းပါဝင်
လွန်ခဲ့သော တစ်နှစ် က
ရိုဟင်ဂျာလူနည်းစုများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် မြန်မာကို ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂ အမြင့်ဆုံး တရားရုံးတွင် စွပ်စွဲထားသည့်အမှုကို ဥရောပ ငါးနိုင်ငံနှင့် ကနေဒါတို့ ပူးပေါင်းပါဝင်ရန် ကြိုးပမ်း နေကြသည်။
ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နှင့် ယူကေတို့သည် ကနေဒါနှင့် ပူးပေါင်းကာ "အမှုတွင် ကြားဝင် ဆောင်ရွက်ရန် ကြေငြာခြင်း" တစ်ခု အမှုတွဲဖွင့်ထားကြောင်း အပြည်ပြည်ဆိုင်ရာ တရားရုံးက ကြာသပတေးနေ့ တွင် ဖော်ပြသည်။ မော်လ်ဒိုက်က သီးခြားကြေငြာခြင်းတစ်ခု ပြုလုပ်ခဲ့သည်။
တရားရုံး၏ စည်းမျဉ်းများအရ ယင်းကြေငြာခြင်းပြုလုပ်သည့် နိုင်ငံတို့သည်၂၀၁၉ ခုနှစ်က ဖွင့်လှစ်ခဲ့သည့် မူဆလင်လူနည်းစု ရိုဟင်ဂျာများအပေါ် ဆက်ဆံမှုကြောင့် နိုင်ငံတကာမှ အမျက်ထွက်ခဲ့ကြသော အမှုအတွက် ဥပဒေအရ စွဲဆိုမှုများ ပြုလုပ်နိုင်လာမည်ဖြစ်သည်။ မြန်မာတပ်ဖွဲ့များ၏ ရက်စက်စွာ ဖြိုခွင်းမှုများ ပြုလုပ်စဉ်အတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ လူဦးရေ သိန်းချီ၍ ထွက်ပြေးခဲ့ကြရသည်။
ဂမ်ဘီယာက မြန်မာနှင့် ၎င်းတို့ နှစ်နိုင်ငံလုံးသည် လူမျိုးတုံးသတ်ဖြတ်မှုကို ဆန့်ကျင်သော ၁၉၄၈ သဘောတူ ညီချက်တွင် ပါဝင်ကြသည့် နိုင်ငံများဖြစ်ကြောင်းနှင့် လက်မှတ်ရေးထိုးထားသူများအားလုံးသည် လိုက်နာမှု ရှိကြောင်း သေချာစေရမည့် တာဝန်တစ်ရပ်ရှိကြောင်း ထောက်ပြခဲ့သည်။ မြန်မာသည် ၎င်းသဘောတူညီချက် ဖောက်ဖျက်ကြောင်း တရားရုံးမှ ကြေငြာရန် ၎င်းနိုင်ငံက တောင်းဆိုခဲ့သည်။
တရားရုံးက ၎င်းအမှုကို စီရင်ပိုင်ခွင့်ရှိကြောင်း ဆုံးဖြတ်ပြီး ဖြစ်သော်လည်း အမှုကြားနာရန် အစီအစဉ် မဆွဲရသေးပေ
တရားရုံးက ၎င်းအမှုကို စီရင်ပိုင်ခွင့်ရှိကြောင်း ဆုံးဖြတ်ပြီး ဖြစ်သော်လည်း အမှုကြားနာရန် အစီအစဉ် မဆွဲရသေးပေ။
ရိုဟင်ဂျာ ပုန်ကန်သူအုပ်စုတစ်ခု၏ တိုက်ခိုက်မှုအပြီးတွင် မြန်မာစစ်တပ်သည် ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်၌ ရှင်းလင်းရေးလှုပ်ရှားမှုဟု ၎င်းတို့ခေါ်ဆိုသော လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့သည်။ ရိုဟင်ဂျာ ၇၀၀၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြရသည်။ မြန်မာလုံခြုံရေးတပ်ဖွဲ့များကို အစုလိုက်အပြုံလိုက် အဓ္ဓမကျင့်ခြင်း၊ သတ်ဖြတ်ခြင်း၊ ရိုဟင်ဂျာအိမ်ခြေ ထောင်ပေါင်းများစွာကို မီးရှို့ခြင်းတိုဖြင့် စွပ်စွဲခဲ့ကြသည်။
ကမ္ဘာ့တရားရုံးသည် နိုင်ငံများအကြား အငြင်းပွားမှုများကိုသာ ကြားနာနိုင်ကြောင်း၊ ဂမ်ဘီယာသည် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (Orgazination of Islamic Cooperation) ကိုယ်စား ပြုမှုဆောင်ရွက်နေကြောင်း ငြင်းဆို၍ အမှု ပိတ်သိမ်းရန် မြန်မာက ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ဂမ်ဘီယာသည် မြန်မာမှ အဖြစ်အပျက်များနှင့် တိုက်ရိုက်ချိတ်ဆက်မှု မရှိကြောင်း၊ ယခုအမှုမဖွင့်ခင်က နိုင်ငံနှစ်ခုအကြား ဥပဒေအရ အငြင်းပွားမှုတစ်စုံတစ်ခုမျှ မရှိသည့်အတွက် ဂမ်ဘီယာက အမှုမစွဲဆိုနိုင်ကြောင်း မြန်မာ၏ တောင်းဆိုမှုကိုလည်း တရားသူကြီးများက ငြင်းပယ်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာ တရားရုံးသည် နိုင်ငံများအကြား အငြင်းပွားမှုများကို ဆုံးဖြတ်ပေးရသည်။ ၎င်းတရားရုံး သည် သည်ဟိဂ်မြို့တွင်ပင် အခြေစိုက်သော လူတစ်ဦးချင်းစီ၏ ရက်စက်ယုတ်မာမှုများကို တာဝန်ယူစေရန် ဆောင်ရွက်ရသည့် နိုင်ငံတကာ ရာဇဝတ်မှုတရားရုံး (International Criminal Court )နှင့် ချိတ်ဆက်ခြင်းမရှိပေ။ ရိုဟင်ဂျာများအပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် ICC မှ တရားလိုရှေ့နေများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြသည်။
ကိုးကား - AP
ပုံစာ - ဂျူလိုင်လ ၂၂ ရက် ၂၀၂၂ ခုနှစ်တွင် နယ်သာလန်ုနိုင်ငံ သည်ဟိဂ်မြို့ရှိ နိုင်ငံတကာ တရားရုံးပြင်ပတွင် ရိုဟင်ဂျာထောက်ခံဆန္ဒပြသူများက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဓာတ်ပုံကို ခြေထောက်ဖြင့်ကန်နေစဉ်။ မြန်မာက ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်သည်ဟု စွဲဆိုမှုကို ဆက်လက်ပြုလုပ်နိုင် ကြောင်း ၎င်းတရားရုံးက ဆုံးဖြတ်ခဲ့သည်။ (Photo: AP Photo/Peter Dejong)
Top News
လွန်ခဲ့သော ၇ နာရီ က
လွန်ခဲ့သော ၅ ရက် က