bap-logo
Politics

တရုတ်နှင့် ရုရှားအစိုးရ အာရှပစိဖိတ်အတွက် ညှိနှိုင်းဆောင်ရွက်မှု ခိုင်မာစေသင့်ကြောင်း တရုတ်ပြော

_2k97g1yYapt0unaGLR8V-image

လွန်ခဲ့သော ၇ လ က

တရုတ်နှင့် ရုရှားတို့ အာရှပစိဖိတ်ရေးရာများတွင် ဆက်သွယ်ရေးနှင့် ညှိနှိုင်းဆောင်ရွက်မှု ခိုင်မာစေသင့်ကြောင်း၊ ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးမှုအတွက် ပူးတွဲဆောင်ရွက်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

 

တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီး Sun Weidong မော်စကိုမြို့သို့ တနင်္လာနေ့နှင့် အင်္ဂါနေ့တွင် ရောက်ရှိနေစဉ် နှစ်နိုင်ငံဆက်ဆံရေး ဆွေးနွေးပြောဆိုခဲ့ကြပြီး တရုတ်နှင့် ရုရှားတို့သည် "ရာစုနှစ်၏ ပြောင်းလဲလာသော အခြေအနေများအကြား တည်ငြိမ်မှု၏ ကျောက်ဆူး(အခြေပြု အားထားရာ)အဖြစ် ပိုမိုကောင်းမွန်သော အခန်းကဏ္ဍ” တွင် ပါဝင်ဆောင်ရွက်သင့်သည်ဟု ဝန်ကြီးဌာနက ပြောသည်။

 

တရုတ်နိုင်ငံသည် နိုင်ငံတကာ နိုင်ငံစုံစင်္ကြံအတွင်း နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရက်ရေး ဆက်လက် ခိုင်မာစေရန် အဆင်သင့် ရပ်တည်လျက်ရှိကြောင်း မော်စကိုတွင် Sun က ပြောသည်။

 

Sun မော်စကို ဆွေးနွေးမှုအတွင်း ၂၀၀၁ ခုနှစ်တွင် တရုတ်နှင့် ရုရှားတို့ တည်ထောင်ခဲ့သည့် ဥရောပ-အာရှ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာအဖွဲ့အစည်း ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (SCO) အကြောင်းလည်း ပါဝင်သည်။ ၎င်းသည် ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့်လည်း တွေ့ဆုံခဲ့သည်။

 

ရုရှားနှင့် တရုတ်နှစ်နိုင်ငံလုံးက အခြားသော နိုင်ငံတကာနှင့် ဒေသဆိုင်ရာအရေးကိစ္စများအပြင် ယူကရိန်းအကျပ်အတည်းနှင့် ကိုရီးယားကျွန်းဆွယ်အခြေအနေတို့အပေါ် အမြင်များကို ဖလှယ်ခဲ့ကြသော်လည်း ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် အသေးစိတ် မဖော်ပြထားပါ။

 

တရုတ်နိုင်ငံက ယခုနှစ် BRICS အကြီးအကဲတာဝန်ယူရန်ရှိသည့် ရုရှားကို ထောက်ခံကြောင်း Sun က ပြောသည်။ ရုရှားသည် ၂၀၂၄ ခုနှစ်အတွက် အကြီးအကဲတာဝန်ကို ဘရာဇီး၏ တောင်းဆိုမှုဖြင့် ရယူခဲ့ပြီး အောက်တိုဘာလတွင် Kazan မြို့တွင် BRICS ထိပ်သီးအစည်းအဝေး ကျင်းပရန် စီစဉ်ထားသည်။

 

BRICS အဖွဲ့တွင် ဖွံ့ဖြိုးဆဲနိုင်ငံများဖြစ်သော တရုတ်၊ ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တောင်အာဖရိကနိုင်ငံတို့ ပါဝင်သည်။

 

ကိုးကား - Reuters

ပုံစာ - မတ်လ ၂၄ ရက် ၂၀၂၃ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ နှစ်နိုင်ငံဆွေးနွေးညှိနှိုင်းရေးယန္တရား (BCM) အစည်းအဝေးမှ တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီး Sun Weidong (Photo:Francis Malasig/POOL via REUTERS/File Photo)

 

တရုတ်
ရုရှား

Share With
bap-logo