bap-logo
Politics

နယ်စပ်မှ စစ်ပွဲတွင် လွှမ်းမိုးရန် ကြိုးပမ်းနေသော တရုတ်နှင့် အိန္ဒိယ

EhMUdh7IFfvXVICv0i87y-image

လွန်ခဲ့သော ၈ လ က

 

အိမ်နီးချင်း မြန်မာနိုင်ငံ အပူပိုင်းဒေသတောအုပ်များတွင် ပျောက်ကြားစစ်ပွဲ ဖြစ်ပေါ်နေစဉ် ၎င်းတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တရုတ်နှင့် အိန္ဒိယတို့သည် တိုက်ပွဲအတွင်း လွှမ်းမိုးနိုင်ရေး ပါဝင်ပတ်သက်လာကြ သည်။

 

ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံထားရသည့် အစိုးရကို ဖြုတ်ချခဲ့သည့် ဖေဖော်ဝါရီ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး မြန်မာပြည်တွင်းစစ် တဖြည်းဖြည်းချင်း လောင်မြိုက်လာခဲ့သည်။ မြန်မာစစ်အာဏာရှင်၏ နောက်ကွယ်မှ လျှို့ဝှက်အစုအဖွဲ့သို့ အိန္ဒိယက လောင်စာဆီနှင့် လက်နက်များ ရောင်းချခဲ့ကြောင်း မကြာသေးမီက ပေါ်ထွက်လာပြီးနောက် ပဋိပက္ခသည် ရှုမြင်မှုအသစ်တစ်ခုအပေါ်သို့ ပြောင်းလဲလာသည်။

 

တရုတ်အစိုးရနှင့် အိန္ဒိယအစိုးရနှစ်ခုလုံးက စစ်အာဏာရှင်တို့ အခြားကူညီထောက်ပံ့သူတို့၏ လွှမ်းမိုးမှုအောက် လုံးဝ ကျရောက်မသွားစေရေး သေချာစေရန် ကြိုးပမ်းနေစဉ်မှာပင် တိုက်ပွဲများကို ထိန်းချုပ်နိုင်ရေး၊ ဆက်လက်ပျံ့နှံ့မလာစေရေးတို့အတွက် စစ်အုပ်ချုပ်ရေးအပေါ် ကူညီထောက်ပံ့မှုပုံစံအချို့ ပေးအပ်ခဲ့သည်။

 

အာရှနိုင်ငံကြီးနှစ်ခု၏ ဒေသတွင်း ပြိုင်ဆိုင်မှုသည် ၎င်းတို့၏ ဟိမဝန္တာနယ်စပ်အငြင်းပွားမှု ကာလကြာရှည် သဘောမတူမှုများရှိခဲ့သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သို့ရာတွင် မြန်မာနိုင်ငံမှ အဓိက မဟာဗျူဟာ အကျိုးစီးပွားများကြောင့် တရုတ်နိုင်ငံသည် စစ်အာဏာရှင်နှင့် တော်လှန်သူများနှစ်ဘက်လုံးနှင့် ဆွေးနွေးရန် ရွေးချယ်ခဲ့သည်။

 

ပြည်တွင်းစစ်ကြောင့် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်ရသူ ထောင်ပေါင်းများစွာ ရှိပြီး မြန်မာနိုင်ငံတွင်း နေရပ်စွန့်ခွာရသူ သန်းနီးပါးရှိသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

 

စစ်ဘေးသင့်မြန်မာနိုင်ငံ၏ အခြေအနေသည် အိန္ဒိယ-တရုတ် ပြိုင်ဆိုင်မှု ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ခန့်မှန်း၍မရနိုင်သည့် အခြေအနေဖြစ်သော်လည်း ပဋိပက္ခ၏ ဖြေရှင်းချက်သည် ဒေသတွင်း အင်အားချိန်ခွင်လျှာကို သတ်မှတ်ဆုံးဖြတ်နိုင်ဖွယ် ရှိသည်။

 

အိန္ဒိယက မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်တည်ဆောက်ရန် တောင်းဆိုထားသော်လည်း အုပ်ချုပ်သူအာဏာရှင်များနှင့် ရှုပ်ထွေးသည့် ဆက်ဆံရေး ပင့်ကူအိမ်အတွင်း ရစ်ပတ်ငြိတွယ်နေဆဲဖြစ်သည်။ ပြီးခဲ့သည့်နှစ် မေလက ကုလသမဂ္ဂ၏ သီးခြားအစီရင်ခံစာတစ်ခုတွင် အိန္ဒိယအစုအဖွဲ့များက မြန်မာသို့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘက်ဆိုင်ရာ တင်ပို့မှု ဒေါ်လာ ၅၁ ဘီလီယံ ခန့် တင်ပို့ခဲ့သည်ဟု ဖော်ပြခဲ့သည်။

 

မြန်မာစစ်တပ်အတွက် ယခင်ကပင် တင်သွင်းပေးပို့သူအဖြစ် သိရှိထားကြသည့် အိန္ဒိယနိုင်ငံပိုင် အင်ဒီးယန်းရေနံကော်ပိုရေးရှင်းက ရေတပ်သုံး ဒီဇယ်ဆီ ဒေါ်လာ . သန်းအပါအဝင် ဒေါ်လာ . သန်း တန်ဖိုးရှိ လောင်စာဆီများ “The Master” ဟု သိရှိရသည့် မြန်မာမှ လက်ခံသူထံ ရောင်းချခဲ့ကြောင်းယခုလအတွင်း Frontier Myanmar မဂ္ဂဇင်းက ဖော်ပြသည်။

 

၎င်းကုမ္ပဏီသည် ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေး လမ်းဖောက်ခဲ့ပြီးနောက် ဒေါ်လာ ၂၈၄ သန်း တန်ဖိုးရှိ လောင်စာဆီ၊ ရေနံ၊ ဓာတ်ဆီနှင့် ဆက်စပ်ပစ္စည်းများ တင်ပို့ခဲ့ကြောင်း၊ တင်ပို့မှုအများစုမှာ စစ်အာရှင်အတွက် လက်နက်ရောင်းဝယ်မှု အကျိုးဆောင်ပေးနေသည်ဟု စွပ်စွဲခံထားရပြီး ညွှန်ကြားရေးမှူးဖြစ်သူ အောင်လှိုင်ဦးကို အမေရိကန်၊ ကနေဒါနှင့် ဗြိတိန်တို့က ၂၀၂၂ ခုနှစ်ကပင် ဒဏ်ခတ်အရေးယူခံထားရသည့် မြန်မာဓာတုဗေဒနှင့် စက်ပစ္စည်းကုမ္ပဏီအတွက် ဖြစ်ကြောင်း ဖော်ပြထားသည်။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်အမြင်မှာတော့ အတွက်အချက်လွဲတာပဲ။ စစ်အာဏာရှင်တွေကို မြန်မာနိုင်ငံမှာ လုံးဝ ကြိုက်နှစ်သက်မှုမရှိဘူး

 

အင်ဒီးယန်း ရေနံ ကော်ပိုရေးရှင်းသည် ဒဏ်ခတ်အရေးယူမှုများနောက်ပိုင်းတွင် ရေနံချက်ထုတ်ကုန်များ တင်ပို့မှု ရပ်တန့်လိုက်သော်လည်း လောင်စာဆီများ ဆက်လက်တင်ပို့နေသည်ဟု Frontier Myanmar တွင် ဖော်ပြထားသည်။

 

ပါဝင်သက်ဆိုင်သူများ၏ ဆုံးဖြတ်ချက်များကြောင့် ကျယ်ပြန့်သည့် သက်ရောက်မှုများ ရှိနိုင်သော ပထဝီဝင်စစ်တုရင်ကစားပွဲ၌ မြန်မာနိုင်ငံသည် နယ်ရုပ်တစ်ကောင်ဖြစ်လာနိုင်သည့် အန္တရာယ်ရှိနေသည်။

 

မြန်မာစစ်အာဏာရှင်တို့အတွက် အိန္ဒိယ၏ ထောက်ပံ့အားပေးမှုသည် လွှမ်းမိုးနိုင်မှု ထိန်းသိမ်းထားခြင်းနှင့် မြန်မာနိုင်ငံအတွင်း တရုတ်တည်ရှိမှုကို ချိန်ညှိခြင်းတို့နှင့် ဆက်စပ်နေသည်ဟု မူဝါဒသုတေသနဆိုင်ရာ နယူးဒေလီတွေးခေါ်ပညာရှင်များစင်တာမှ Angshuman Choudhury က ပြောသည်။

 

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်အမြင်မှာတော့ အတွက်အချက်လွဲတာပဲ။ စစ်အာဏာရှင်တွေကို မြန်မာနိုင်ငံမှာ လုံးဝ ကြိုက်နှစ်သက်မှုမရှိဘူး။ ပြီးတော့ အစစ်အမှန် မြေပြင်အခြေအနေက ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ ဒီမိုကရေစီလိုလားတဲ့ ခုခံတော်လှန်ရေးဘက်ကို တဖြည်းဖြည်းချင်း ပြောင်းလာတယ်။ဟု Choudhury က Newsweek ကို ပြောသည်။စစ်အာဏာရှင်ဟာ နယ်စပ်ဒေသတွေအပါအဝင် မြန်မာနိုင်ငံမှာ ရှိတဲ့ အိန္ဒိယရဲ့ မဟာဗျူဟာ၊ နိုင်ငံရေးနဲ့ စီးပွားရေးအကျိုးအမြတ်တွေကို ကာကွယ်နိုင်တဲ့ အခြေအနေ မရှိပါဘူး။

 

အိန္ဒိယအစိုးရက တရုတ်ပါဝင်မှုကို အမှန်တကယ် တန်ပြန်ဖြေလျော့ချင်တယ်ဆိုရင် သူ့ရဲ့ နယ်စပ်တွေနဲ့ နီးကပ်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖွင့်လှစ်ပြီး မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီဘက် အလေးပေးတဲ့ ရှင်းရှင်းလင်းလင်း ပြောဆိုမှုတွေ ပိုလုပ်သင့်တယ်။ စစ်အာဏာရှင်နဲ့ ဆက်သွယ်တာကိုတော့ အခြေခံအဆင့် အနိမ့်ဆုံးပဲ ဆက်ထားသင့်တယ်။ဟု Choudhury က ပြောသည်။

 

ဒေသတွင်း အကြီးဆုံးဒီမိုကရေစီနိုင်ငံအနေနဲ့ ဒါက အိန္ဒိယရဲ့ ပုံရိပ်ကို သိသိသာသာ မြှင့်တင်နိုင်လိမ့်မယ်။ အာဏာရှင်ပုံစံ တရုတ်အုပ်ချုပ်မှုက ဒီမိုကရေစီလိုလားတဲ့ တော်လှန်ရေးနဲ့ ပေါင်းစပ်လို့ မရတဲ့အတွက် တရုတ်အစား စစ်မှန်တဲ့ ရွေးချယ်စရာအဖြစ်လည်း နိုင်ငံရေးဩဇာအရ ညွှန်ပြနိုင်တယ်။ဟု Choudhury က ဖြည့်စွက်သည်။

 

ထိုအချိန်တွင် အာဏာရှင်ဘက်က ညီနောင်မဟာမိတ်သုံးဖွဲ့ကို ပြင်ပထိတွေ့ဆက်ဆံမှုများ ကန့်သတ်ရန် ကြိုးစားကောင်း ကြိုးစားနိုင်သည်ဟု ဝါရှင်တန် ဒီ.စီ အခြေစိုက် Hudson တွေးခေါ်ပညာရှင်များ အင်စတီကျုမှ သုတေသီ Aparna Pande က ပြောသည်။

 

ပထဝီနိုင်ငံရေး သတင်းအချက်အလက် ဝန်ဆောင်မှုဝက်ဘ်ဆိုက်အတွက် အောက်တိုဘာလ လေ့လာဆန်းစစ်ချက်အဖြစ် Pande က ရေးသားသည်မှာစစ်အာဏာရှင်သည် အိန္ဒိယနှင့် တရုတ်အကြား မဟာဗျူဟာပြိုင်ဆိုင်မှုကို သိရှိကြောင်း၊ နှစ်ဘက်လုံးမှ အကျိုးအမြတ်ရရန် တစ်ဘက်နှင့် တစ်ဘက် ဆန့်ကျင်၍ ကြိုးပမ်းမည်ဖြစ်ကြောင်းရေးသားထားသည်။

 

တရုတ်အစိုးရ၏ စစ်အာဏာရှင်ကို ထောက်ပံ့အားပေးမှုမှာ မည်သည့်အခါကမျှ ခြွင်းချက်မဟုတ်ခဲ့ချေ။ ဆိုင်ဘာအလိမ်အညာ အမြစ်ဖြတ် စစ်ဆင်ရေးများတွင် စစ်အာဏာရှင်က တရုတ်၏ ပင်မအမျိုးသားအကျိုးစီးပွားကို ချိုးဖက်သောအခါ တရုတ်နိုင်ငံအတွက် စစ်အာဏာရှင်ကို သတိပေးရုံမျှ အပြစ်ပေးရန် အကြောင်းပြချက်များ ရှိနေခဲ့သည်။

 

သို့သော် ၎င်းအပြစ်ပေးမှုများသည် အကန့်အသတ်မဲ့ မဟုတ်ချေ။ တရုတ်နိုင်ငံသည် စစ်အာဏာရှင်ကို ဖယ်ထုတ်ရန် ရည်ရွယ်သည်မဟုတ်။ဟု ဝါရှင်တန် ဒီ.စီ Stimson တွေးခေါ်ပညာရှင်စင်တာမှ တရုတ်ရေးရာအစီအစဉ် ညွှန်ကြားရေးမှူး Yun Sun က ပြောသည်။

မြန်မာနိုင်ငံမှာ ပြိုင်ဆိုင်နေတာက တရုတ်နဲ့ အိန္ဒိယအကြားမှာ မဟုတ်ပါဘူး။ တရုတ်ရဲ့ အမြင်မှာ ဒါက တရုတ်နဲ့ အမေရိကန်အကြား ပြိုင်ဆိုင်မှုပါ

 

တရုတ်အစိုးရသည် အိန္ဒိယအစိုးရ၏ စစ်အာဏာရှင်ကို ထောက်ပံ့အားပေးမှုသည်ကို ၎င်း၏ အကျိုးစီးပွားကို ထိခိုက်စေနိုင်သည်ဟု မမြင်ကြောင်း Sun က Newsweek ကို ပြောသည်။

 

မြန်မာနိုင်ငံမှာ ပြိုင်ဆိုင်နေတာက တရုတ်နဲ့ အိန္ဒိယအကြားမှာ မဟုတ်ပါဘူး။ တရုတ်ရဲ့ အမြင်မှာ ဒါက တရုတ်နဲ့ အမေရိကန်အကြား ပြိုင်ဆိုင်မှုပါ။ဟု Sun က ပြောသည်။အိန္ဒိယမှာ အရင်းအမြစ်အများကြီးရှိတယ် ဒါမှမဟုတ် ဒီအရင်းအမြစ်တွေကို မြန်မာမှာ ဖြုန်းတီးပစ်မယ်လို့ တရုတ်က မမြင်ပါဘူး။

 

လွန်ခဲ့သည့် သုံးနှစ်ခန့်က စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်အုပ်ချုပ်ရေးနှင့် လောင်စာဆီကုန်သွယ်မှုသည် အိန္ဒိယ၏ မဟာမိတ်မျက်နှာစာတစ်ခုမျှသာ ဖြစ်သော်လည်း ၎င်းဆက်ဆံရေးသည် ပို၍ ပွင့်လင်းမြင်သာမှု ရှိသင့်ကြောင်း လေ့လာသူများက ပြောသည်။

 

Justice For Myanmar တက်ကြွလှုပ်ရှားသူများအဖွဲ့၏ ပြောခွင့်ရ ဒေါ်ရတနာမောင်က အိန္ဒိယအစိုးရသည် စစ်အာဏာရှင်၏ လုပ်ဆောင်မှုများကို တရားဝင်စေခြင်းဖြင့် ပါဝင်ပတ်သတ်နေသည်ဟု Frontier Myanmar ကို ပြောသည်။ မြန်မာရေတပ်၏ လက်ထဲသို့ လောင်စာဆီများ ရောက်ရှိနိုင်သည့် အန္တရာယ်ရှိသည့်အတွက် အင်ဒီးယန်းရေနံကော်ပိုရေးရှင်းသည် ၎င်း၏ လောင်စာဆီများတင်သွင်းသူနှင့် အဆုံးသတ်အသုံးပြုသူကို ဖော်ပြသင့်သည်ဟု ဒေါ်ရတနာမောင်က ပြောသည်။

 

မြေပြင်တွင်၁၀၂၇ စစ်ဆင်ရေးဟု သိရှိကြသည့် တော်လှန်သူများ၏ အောက်တိုဘာလကုန်ပိုင်း ထိုးစစ်က မြန်မာစစ်တပ်ကို တုန်လှုပ်စေခဲ့ပြီး တရုတ်နှင့် အိန္ဒိယနယ်စပ်ဖြတ်ကျော်ရာနေရာများရှိ အရေးကြီး စစ်စခန်းများ ဆုံးရှုံးခဲ့သည်။ ဒုက္ခသည်များသာမက မြန်မာစစ်အာဏာရှင်တပ်များသည်လည်း အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့သို့ ထွက်ပြေးကြသည်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုက လူနည်းစုတိုင်းရင်းသားတွေရဲ့ စိုးရိမ်မှုကို ပိုမိုဆိုးရွားစေခဲ့ပြီးတော့ ၂၀၁၅ ခုနှစ် နေပြည်တော်နဲ့ အဖွဲ့ ၁၀ ဖွဲ့ရဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ထိုးထားသူတွေကိုတောင်မှ တောထဲကို တွန်းပို့ခဲ့တယ်

 

တိုင်းရင်းသားလက်နက်ကိုင်တွေဟာ ဖိအားအောက်မှာ ပြိုကွဲသွားမယ်လို့ စစ်အာဏာရှင်က မှားယွင်းယူဆခဲ့တာပါ။ တကယ်တော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုက လူနည်းစုတိုင်းရင်းသားတွေရဲ့ စိုးရိမ်မှုကို ပိုမိုဆိုးရွားစေခဲ့ပြီးတော့ ၂၀၁၅ ခုနှစ် နေပြည်တော်နဲ့ အဖွဲ့ ၁၀ ဖွဲ့လောက်ရဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ထိုးထားသူတွေကိုတောင်မှ တောထဲကို တွန်းပို့ခဲ့တယ်။ဟု လန်ဒန်တက္ကသိုလ်၊ SOAS နိုင်ငံတကာ ဆက်ဆံရေးမှ Reader (ပါမောက္ခနှင့် ကထိကအကြား ရာထူး) Avinash Paliwal က Foreign Affairs မဂ္ဂဇင်းတွင် ယခုအပတ်အတွင်း ရေးသားခဲ့သည်။

 

မကြာသေးမီလများအတွင်း တိုက်ပွဲများ ပြင်းထန်လာသည့်အတွက် အိန္ဒိယနယ်စပ်မှ အခြေအနေမှာ လျင်မြန်စွာ ဆိုးရွားလာခဲ့သည်။ နိုဝင်ဘာလတွင် အိန္ဒိယအစိုးရက အိန္ဒိယခရီးသွားများ မြန်မာနိုင်ငံသို့ မလိုအပ်ဘဲ ခရီးမသွားရန်၊ မြန်မာနိုင်ငံအတွင်း ရောက်ရှိနေသူ နိုင်ငံသားများလည်း အကြမ်းဖက်မှုဖြစ်ပွားရာဒေသများသို့ ရှောင်ကြဉ်ရန် သတိပေးသည့် ခရီးသွားအကြံပြုချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

 

ကြာသပတေးနေ့တွင် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဘက် မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်လေယာဉ် တစ်စီး ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ကာ လိုက်ပါလာသူ အနည်းဆုံး ၁၄ ဦး ဒဏ်ရာရခဲ့သည်။ ၎င်းလေယာဉ်မှာ ပဋိပက္ခဖြစ်ပွားရာနယ်မြေမှ ထွက်ပြေးလွတ်မြောက်သွားသူ စစ်သားများကို ပြန်လည်ခေါ်ဆောင်ရန် သွားရောက်ခဲ့ခြင်းဖြစ်သည်။

 

မြန်မာဒေသတွင်းသတင်းဌာနများအဆိုအရ အတိုက်အခံအဖွဲ့များက နယ်စပ်ရှိ စစ်တပ်စခန်းများကို သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီးနောက် ယခုတစ်လတည်း အတွင်းမှာပင် မြန်မာစစ်သား ၂၅၀ ကျော် အိန္ဒိယနိုင်ငံတွင်းသို့ ဝင်ရောက်သွားခဲ့သည်ဟု သိရသည်။ အိန္ဒိယအစိုးရက ၎င်းတို့ကို ပြန်ပို့ခဲ့သည်။

 

တရုတ်နှင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနများက Newsweek မှတ်ချက်ပေးရန် တောင်းဆိုမှုကို သတင်းဖြန့်ချိချိန်ထိ အကြောင်းမပြန်ခဲ့ပါ။

 

ကိုးကား - Newsweek

ပုံစာ - မတ်လ ရက် ၂၀၂၃ ခုနှစ် သင်တန်းလေ့ကျင့်မှုတစ်ခုမှ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်ဖွဲ့ဝင်များ။ (Photo: STR/AFP via Getty)

 

Burma Associated Press

တရုတ်
အိန္ဒိယ
မြန်မာ
ပဋိပက္ခ

Share With
bap-logo