bap-logo
Data

Wednesday Facts

n6p14Ae4KL6YeDn2Xsd2T-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၄။

 

BAP ရဲ့ အခုတစ်ပတ် Wednesday facts အစီအစဉ်မှာတော့ စက်တင်ဘာ ၂၉ ရက်ကနေ အောက်တိုဘာ ၂ ရက်အထိ သတင်းဖြစ်စဉ်တွေထဲကနေ ထင်ရှားခဲ့တဲ့ ကိန်းဂဏန်းတွေကို တင်ဆက်ထားပါတယ်။

 

၃,၀၀၀

 

စစ်တပ်အာဏာသိမ်း ၃၁ လကြာ ကာလအတွင်း တစ်လကို နေအိမ်အဆောက်အအုံ ၃,၀၀၀ နီးပါးနှုန်းနဲ့ မီးရှို့ခံနေရတယ်လို့ ISP-Myanmar ရဲ့ စက်တင်ဘာ ၂၉ ရက်ထုတ် အစီရင်ခံစာအရ သိရပါတယ်။

 

၁၄၂

 

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ အခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ကရင်နီပြည်မှာ တိုက်ပွဲတွေရဲ့ အကျိုးဆက် စစ်ရှောင်ရင်းနဲ့ သေဆုံးသူ ၁၄၂ ဦး အထိ ရှိတယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အား စုက ထုတ်ပြန်ပါတယ်။

 

၁,၈၀၀

 

ထိုင်းနိုင်ငံမှာ တစ်နှစ်အတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ထိုင်းရဲ တပ်ဖွဲ့က လိုက်လံ ဖမ်းဆီးခဲ့ရာမှာ ၃,၀၀၀ ကျော် ဖမ်းမိခဲ့ပြီး မြန်မာနိုင်ငံသား ၁,၈၀၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။

 

၂,၀၀၀,၀၀၀

 

မြန်မာလူဦးရေ ၂,၀၀၀,၀၀၀ နီးပါးဟာ မရေရာတဲ့ အခြေအနေတွေနဲ့ နေရပ်စွန့်ခွာနေရပြီး လူမှုဘဝအကူ အညီတွေ လိုအပ်နေတယ်လို့ UNOCHA- Myanmar က အောက်တိုဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။

 

၂.၀

 

လာမယ့် ၂၀၂၄ ခုနှစ် မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး- GDP တိုးတက်နှုန်းဟာ ၂.၀ ရာခိုင်နှုန်းပဲ ရှိမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းကြောင်း အောက်တိုဘာ ၁ ရက်က ထုတ်ပြန်လိုက်ပါတယ်။

 

Burma Associated Press

Wednesday Facts

Related Articles

Share With
bap-logo