bap-logo
Data

စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၆၄ ကြိမ်ကျူးလွန်ခဲ့ပြီး သေဆုံးသူ ၇၆၆ ဦးရှိခဲ့

HrKuHyPlEtQpdxL82Zb2P-image

လွန်ခဲ့သော ၂ နှစ် က

စစ်အာဏာသိမ်းခဲသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ်မတ်လ ၁၃ ရက်အထိ စစ်ကောင်စီက မြန်မာ နိုင်ငံတဝန်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၆၄ ကြိမ်ကျူးလွန်ခဲ့ပြီး သေဆုံးသူ ၇၆၆ ဦးရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ မှတ်တမ်းများအရသိရသည်။

 

ယင်းဖြစ်စဉ်များတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန်ပါကျေးရွာတွင် ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှုတွင် သေဆုံးခဲ့သည့် ပြည်သူ ၈၀ ဦးအပါအဝင် ၂၀၂၂ ခုနှစ်အတွင်း အစုလိုက်အပြုံ လိုက်သတ်ဖြတ်မှုဖြစ်စဉ် ၄၄ ကြိမ်ရှိခဲ့ပြီး ပြည်သူ ၅၁၅ ဦးသေဆုံးခဲ့သည်ဟု NUG ကဆိုသည်။

 

NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှတ်တမ်းများအရ ၂၀၂၁ ခုနှစ်အတွင်း အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် ၉ ကြိမ်ရှိခဲ့ပြီး ပြည်သူ(၁၄၇)ဦးသေဆုံးကြောင်းသိရသည်။

 

ယခုနှစ်စမှ မတ်လ ၁၃ ရက်အထိ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် ၁၁ ကြိမ်ရှိခဲ့ပြီး ပြည်သူ ၁၀၃ ဦးသေဆုံးခဲ့ရကာ အဆိုပါ နိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေသည့် စစ်အုပ်စုအား အပြစ်ပေး အရေးယူ နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟုလည်း NUG က အသိပေး ထားသည်။

 

ထိုသို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအပါအဝင် အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော် ကာလအတွင်း ရဟန်းသံဃာများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းများအပါအဝင် ပြည်သူလူထု ၃,၁၂၄ ဦးသေဆုံးခဲ့ပြီးဖြစ်ကြောင်း NUG ၏ စာရင်းများအရသိရသည်။

 

စစ်ကောင်စီဘက်က နိုင်ငံတကာသံရုံးများထံသို့ ပေးပို့ထားသည့် စာရင်းများအရမူ အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်အထိ ပြည်သူစုစုပေါင်း ၅,၁၅၅ ဦးတို့အသက်ဆုံးရှုံးခဲ့ ရပြီးဖြစ်သည်ဟုဆိုသည်။

 

ပုံစာ - ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်တွင်ဖြစ်ပွားခဲ့သည့် စစ်ကိုင်းတိုင်း၊ တာတိုင်ကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု (ဓာတ်ပုံ- လူမှုကွန်ယက်)

 

Burma Associated Press

 

 

အမျိုးသားညီညွတ်ရေးအစိုးရ
အရပ်သား
သေဆုံး
အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း
စစ်ကောင်စီ

Share With
bap-logo