bap-logo
Politics

ပဋိပက္ခများဖြစ်ပွားခဲ့သော မနီပူရ်တွင် ငြိမ်းချမ်းရေးပြန်လည်ရရှိနေပြီဟု အိန္ဒိယဝန်ကြီးချုပ် မိုဒီ ပြော

VTuTZ2z0OltMGrTVECmEW-image

လွန်ခဲ့သော တစ်နှစ် က

လူပေါင်း ၁၈၀ အနည်းဆုံး သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာခဲ့ရသည့် မေလမှ စတင် ဖြစ်ပွားခဲ့ သော မနီပူရ်ပြည်နယ်မှ ပဋိပက္ခများ အေးချမ်းလာနေပြီဟု အိန္ဒိယဝန်ကြီးချုပ် Narendra Modi က အင်္ဂါနေ့ တွင် ပြောကြားသည်။

 

မြန်မာနယ်စပ် တောင်တန်းများရှိသည့် ပြည်နယ်တွင် ဖက်ဒရယ်အစိုးရက လုံခြုံရေးတပ်ဖွဲ့များ ချထားခြင်းဖြင့် မိုဒီ၏ အမျိုးသားရေးအစိုးရက အကြမ်းဖက်မှုများ အဆုံးသတ်စေခြင်းဖြင့် လာမည့်နှစ် မေလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် တတိယအကြိမ် ပြန်လည်ရွေးကောက်ခံရနိုင်စေရန် ရည်ရွယ်ပုံရသည်။

 

အခုရက်ပိုင်းအတွင်း ကျွန်တော်တို့ ငြိမ်းချမ်းရေး ပိုမိုရရှိလာတဲ့ အစီရင်ခံစာတွေ ရရှိပါတယ်။ တိုင်းပြည်က မနီပူရ်နဲ့အတူ ရှိနေပါတယ်။ တိုင်းပြည်က မနီပူရ်က လူထုတွေအနေနဲ့ ပြီးခဲ့တဲ့ ရက်အနည်းငယ်က ငြိမ်းချမ်းရေးကို ပိုမိုပြီး ထိန်းသိမ်းထားစေချင်ပါတယ်။ဟု နယူးဒေလီ၏ ခံတပ်နီ တံတိုင်းများတွင် ကျင်းပသော လွတ်လပ်ရေးနေ့အခမ်းအနား မိန့်ခွန်းတွင် မိုဒီက ပြောကြားသည်။

 

ပညာရေး၊ အလုပ်အကိုင်၊ ဩဇာလွှမ်းမိုးမှုများနှင့် ချိတ်ဆက်နေသည့် အစိုးရထံမှ အကျိုးခံစားခွင့်များအပေါ် ပြိုင်ဆိုင်ကြရာမှ လူများစု မေထေးတိုင်းရင်းသားအစုများနှင့် လူနည်းစု ကူကီးတို့အကြား အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ကြသည်။

 

သေဆုံးမှုများတွင် အမျိုးသမီး ၂၁ ဦး ပါဝင်ခဲ့သည်။ အဓ္ဓမကျင့်ခံရမှု အဖြစ်အပျက်များကြောင့် ကမ္ဘာက အာရုံစိုက်လာကြပြီး မိုဒီ၏ Bharatiya Janata Party (BJP) ပါတီကို လုံခြုံရေးဆောင်ရွက်နိုင်မှု ရှိ၊ မရှိ မေးခွန်းထုတ်မှုများ မြင့်တက်လာသည်။

 

သေဆုံးမှုများတွင် အမျိုးသမီး ၂၁ ဦး ပါဝင်ခဲ့သည်။ အဓ္ဓမကျင့်ခံရမှု အဖြစ်အပျက်များကြောင့် ကမ္ဘာက အာရုံစိုက်လာကြပြီး မိုဒီ၏ Bharatiya Janata Party (BJP) ပါတီကို လုံခြုံရေးဆောင်ရွက်နိုင်မှု ရှိ၊ မရှိ မေးခွန်းထုတ်မှုများ မြင့်တက်လာသည်။

 

မိုဒီက မနီပူရ်ပြည်နယ်တွင် အမျိုးသမီးများကို ကျူးလွန်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ပြစ်တင်ရှုတ်ချလိုက်ပြီး ပြင်းထန်သော အရေးယူမှုများ ပြုလုပ်ရန် ကတိပြုသော်လည်း အတိုက်အခံပါတီများက ၎င်း၏ အစိုးရကို ပြည်နယ်ကို ခွဲခြမ်းပိုင်းခြားနေပြီး ပဋိပက္ခများအဆုံးသတ်စေရန် ကောင်းစွာ မဆောင်ရွက်ဟု စွပ်စွဲကြသည်။

 

အစိုးရက ၎င်းစွပ်စွဲချက်များကို ငြင်းပယ်လိုက်ပြီး ပြီးခဲ့သည့် ကြာသပတေးနေ့က ပဋိပက္ခကို ကိုင်တွယ်ထိန်းသိမ်းမှုနှင့် ဆက်စပ်၍ အယုံအကြည်မရှိမဲခွဲမှုကို အနိုင်ရရှိခဲ့သည်။

 

ပြည်နယ်နဲ့ ဖက်ဒရယ်အစိုးရက ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ အပြင်းအထန် ကြိုးပမ်းနေပြီး ဆက်လက်ပြီးတော့လည်း ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ဟု မိုဒီက ပြောသည်။

 

မနီပူရ်မှ အရပ်သားအခွင့်အရေးအဖွဲ့က နေအိမ်စွန့်ခွာခဲ့ရသည့် လူထောင်ပေါင်းများစွာသည် အိမ်ပြန်ရန် ကြောက်ရွံ့နေကြကြောင်း၊ မူလအခြေအနေပြန်လည်ရောက်ရှိရန် ငွေကြေးနှင့် တရားရေးထောက်ပံ့မှုများ လိုအပ်ကြောင်း ပြောကြားသည်။ မနီပူရ်ပြည်နယ် အကြီးအကဲက လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အိန္ဒိယ၏ သုံးရောင်ခြယ်အလံကို ပြည်နယ်မြို့တော် Imphal တွင် လွှင့်ထူထားပြီး လက်တလော အကြမ်းဖက်မှုများ မရှိဟု အရာရှိများက ပြောကြားသည်။

 

မိုဒီ၏ မိန့်ခွန်းတွင် ၎င်း၏ ကိုးနှစ်တာ အုပ်ချုပ်မှုအတွင်း အကောင်အထည်ဖော်ခဲ့သော လူမှုရေး၊ စီးပွားရေးနှင့် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးမူဝါဒများကို ထုတ်ဖော်ပြောကြားခဲ့ပြီး ၎င်း၏ တိုးတက်ရေးလုပ်ဆောင်ချက်များ၊ တတိယအကြိမ်ရွေးချယ်ခံရလျှင် အိန္ဒိယကို စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာစေရေး အဆက်မပြတ် လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်းတို့ကို ပြောကြားခဲ့သည်။

 

"INDIA" ဟု ခေါ်ဆိုသော အိန္ဒိယအတိုက်အခံပါတီမဟာမိတ်အဖွဲ့မှ ခေါင်းဆောင်များက မိုဒီ၏ လွတ်လပ်ရေးနေ့ မိန့်ခွန်းသည် အထွေထွေ ရွေးကောက်ပွဲတွင် ၎င်း၏ ပါတီရှုံးနိမ့်မှုနှင့်အတူ နောက်ဆုံးမိန့်ခွန်းဖြစ်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

လွန်ခဲ့တဲ့ ကိုးနှစ်အတွင်း မိုဒီရဲ့ မအောင်မြင်မှုတွေကို မူဝါဒအမှားများ၊ မတရားမှုများနဲ့ အရေးအကြီးဆုံးလို့ ဆိုနိုင်တဲ့ မကောင်းတဲ့ ကြံစည်မှု‌တွေရယ်လို့ အမျိုးအစားခွဲခြားနိုင်ပါတယ်။” ဟု အတိုက်အခံကွန်ဂရက်ပါတီမှ ပြည်ထောင်စုလွှတ်တော် အမတ်တစ်ဦးဖြစ်သူ Jairam Ramesh က ပြောကြားသည်။

 

စကားအဖြစ်ပြောပြီး လေသံကျယ်လောင်မှုများသည် တစ်နိုင်ငံလုံးအတွက် သက်သေအထောက်အထားအဖြစ် ထွက်ပေါ်လာသော အမှန်တရားကို ဖုံးကွယ်မထားနိုင်တော့ကြောင်းထုတ်ပြန်ချက်တစ်စောင်တွင် ၎င်းက ဖော်ပြထားသည်။

 

ကိုးကား - Reuters

ပုံစာ - ဩဂုတ်လ ၁၅ ရက် ၂၀၂၃ ခုနှစ် အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်လာသော ဝန်ကြီးချုပ် Narendra Modi (Photo: REUTERS/Altaf Hussain)

 

အိန္ဒိယ
မနီပူရ်
မိုဒီ
ပဋိပက္ခ

Share With
bap-logo