bap-logo
Politics

မနီပူရ်မှ သေဆုံးဒဏ်ရာရမှုများအတွက် အိမ်နီးချင်း မြန်မာနိုင်ငံမှ မငြိမ်သက်မှုများကို အိန္ဒိယဝန်ကြီး အပြစ်တင်

tMrdz0ctBNlDBek_EsZhG-image

လွန်ခဲ့သော တစ်နှစ် က

ဩဂုတ် ၁၀။

အိန္ဒိယနိုင်ငံ မနီပူရ်ပြည်နယ်မှ လူမျိုးရေးပဋိပက္ခများအတွက် အိမ်နီးချင်း မြန်မာနိုင်ငံမှ မငြိမ်သက်မှုများကို ပြည်ထဲရေးဝန်ကြီး Amit Shah က ဗုဒ္ဓဟူးနေ့တွင် အပြစ်တင်လိုက်ပြီး မနီပူရ်မှ အငြင်းပွားနေသည့် နှစ်ဘက်လုံးကို ဆွေးနွေးအဖြေရှာကြရန် တောင်းဆိုလိုက်သည်။

 

မြန်မာနိုင်ငံမှ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ထောင်ပေါင်းများစွာသော ဒုက္ခသည်များ မနီပူရ်သို့ နယ်စပ်မှ စိမ့်ဝင်လာသည်ဟု လွှတ်တော်တွင် Shah က ပြောကြားသည်။

 

မေလကစတင်၍ မနီပူရ်တွင် လူပေါင်း ၁၈၀ အထက် သေဆုံးခဲ့ပြီး ရာပေါင်းမျာစွာ ဒဏ်ရာရခဲ့ကာ သောင်းချီ၍ အိမ်ခြေရာမဲ့ ဖြစ်ခဲ့ရသည်။

 

၂၀၂၁ ခုနှစ် မြန်မာနိုင်ငံအာဏာသိမ်းမှုအပြီး စစ်အာဏာရှင်များက ဒီမိုကရေစီလိုလားသူအဖွဲ့များနှင့် နိုင်ငံအနှံ့ တိုက်ပွဲများ ဖြစ်ပွားနေသည်။ မြန်မာနိုင်ငံမြောက်ပိုင်းမှ ချင်းလူမျိုးများနှင့် မနီပူရ်မှ ကူကီ(Kuki)လူမျိုးများသည် တူညီသော တိုင်းရင်းသား မျိုးရိုးများ ဖြစ်ကြသည်။

 

မနီပူရ်တွင် တိုက်ခိုက်နေကြသည့် လူများစု မေထေး(Meitei) လူမျိုးများနှင့် ကူကီလူမျိုးများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ လာကြရန်နှင့် ဆွေးနွေးခြင်းဖြင့် ဖြေရှင်းကြရန် Shahက တိုက်တွန်းလိုက်သည်။

 

တောင်တန်းများတွင် နေထိုင်ကြသည့် ကူကီမျိုးနွယ်စုများသည် အစိုးရ အလုပ်အကိုင်၊ ပညာရေးမှခွဲတမ်းနှင့် စီးပွားရေးအကျိုးကျေးဇူးများရရှိကြပြီး ပိုမိုစီးပွားရေးပြေလည်သည့် မြေနိမ့်ပိုင်းများကို ထိန်းချုပ်ထားသော မေထေးမျိုးနွယ်စုများအကြား မကျေမချမ်းမှုများသည် မေလ ၃ ရက်နေ့တွင် ထိပ်တိုက်တွေ့ဆုံ ပဋိပက္ခဖြစ်ပွားခဲ့ကြသည်။

 

အကြမ်းဖက်မှုများ စတင်စေခဲ့သည်မှာ ဖေဖော်ဝါရီလတွင် တရားရုံးတစ်ခုက ပြည်နယ်လူဦးရေ၏ ၁၆ ရာခိုင်နှုန်း ခန့်ရှိသော ကူကီများအတွက် မနီပူရ်ပြည်နယ်မှ လူများစုဖြစ်သည့် မေထေးများဆီသို့ တိုးချဲ့ ၍ အထူးခံစားခွင့်ပေးအပ်ရန် အကြံပြုခဲ့သည့်အတွက် ဖြစ်သည်။

 

မြန်မာနိုင်ငံမှ ကူးဝင်လာသူများအပေါ် Shah က ပြောသည်မှာ မေထေးများအကြား "မလုံခြုံမှု ခံစားရသည်” ဟု ဖြစ်သည်။ ဖေဖော်ဝါရီလ တရားရုံးဆုံးဖြတ်ချက်က "မီးလောင်ရာ လောင်စာဆီလောင်းခြင်း” ဟု ၎င်းက ပြောသည်။

 

ဝန်ကြီးချုပ် Narendra Modi ၏ အစိုးရကို အယုံအကြည်မရှိ အဆိုတင်သွင်းစဉ်အတွင်း Shah က လွှတ်တော်ကို ပြောကြားရာတွင် ပြည်နယ်အတွင်း စစ်သားနှင့် အရံတပ်ဖွဲ့ ၃၆,၀၀၀ ချထားပြီး အကြမ်းဖက်မှုများမှာ နှေးကွေးစွာ လျော့ပါးနေကြောင်း ပြောကြားခဲ့သည်။

 

သူက ၎င်း၏ ဝန်ကြီးဌာနသည် "ငြိမ်းချမ်းမှု သေချာစေရန် အနီးကပ်စောင့်ကြည့်နေကြောင်း” ပြောကြားခဲ့သည်။

 

ကျွန်တော်တို့ ဖြစ်နိုင်သမျှ အချိန်တိုအတွင်း လုပ်ဆောင်သွားပါမယ်။” ဟုလည်း ပြောကြားသည်။

 

ကျေးဇူးပြုပြီး အကြမ်းဖက်မှုတွေကို ရပ်ကြပါ။ အိန္ဒိယနဲ့ စကားလာပြောကြပါ။ ကျွန်တော်တို့နဲ့ အတူ ပြောဆိုဆွေးနွေးကြပါ။” ဟု မေထေးနှင့် ကူကီးများကို တောင်းဆိုထားသည်။

 

ကိုးကား - Reuters

ပုံစာ ဂျူလိုင်လ ၂၂ ရက် ၂၀၂၃ ခုနှစ်တွင် အိန္ဒိယနိုင်ငံ မနီပူရ်ပြည်နယ် အရှေ့မြောက်ပိုင်း Churachandpur ခရိုင် ဆန္ဒဖော်ထုတ်ပွဲမှ ပြန်လာကြသော ကူကီအမျိုးသမီးများ။ (Photo: REUTERS/Adnan Abidi/File Photo )

 

Burma Associated Press

အိန္ဒိယ
မြန်မာ

Share With
bap-logo