bap-logo
Data

သံတောင်မြောက်ပိုင်းဒေသတိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်နီးပါး စစ်ရှောင်နေရ

c9J-DlOxF5PbXrB13164T-image

လွန်ခဲ့သော တစ်နှစ် က

ဩဂုတ် ၁၆။

နေပြည်တော်အနီး သံတောင်မြောက်ပိုင်း(အထူးဒေသ) ပျဉ်းမနားမြို့နယ်တွင် တိုက်ပွဲများ ကြောင့်ကျေးရွာ ရွာရှိ ဒေသခံ နှစ်ထောင်နီးပါး တိမ်းရှောင်နေရသည်ဟု စစ်ဘေးရှောင်ရေး ကူညီနေသူတစ်ဦးက BAP ကို ပြောသည်။

 

နေပြည်တော်နှင့် ၄၅ မိုင်အကွာ သံတောင်မြောက်ပိုင်းဒေသတွင် ဩဂုတ် ၁၀ ရက်မှ ၁၄ ရက်ထိ ရက်တာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

 

ဘို့မသံတောင်၊ ဘို့မအထက်၊ ရေပူလေး၊ ရေပူတောင်၊ တောင်မြင့်ရွာမ၊ ဘို့မအောက် စသည့် ကျေးရွာ ရွာမှာ ပြည်သူများ နီးစပ်ရွာ ဆွေမျိုးများထံ စစ်ဘေးရှောင်နေရခြင်း ဖြစ်သည်။

 

လတ်တလောကတော့ ဆန်၊ ဆီ၊ ဆားစတဲ့ စားနပ်ရိက္ခာအခက်ခဲလေးတွေ ဖြစ်နေတယ်၊ အဆောင်တွေ ငှားရတဲ့ ကိစ္စလေးတွေလည်းရှိတော့ ငွေကြေးအတွက်လည်း အခက်ခဲ ဖြစ်နေပါတယ် ဟု ၎င်းက ပြောသည်။

 

ဩဂုတ် ၁၁ ရက်တွင်လည်း ဘို့မအထက်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေအိမ်၊ အဆောက်အဦး ပျက်စီးမှုအချို့ ရှိခဲ့ကြောင်းလည်း သိရသည်။

 

တိုက်ပွဲကြောင့် ဘို့မအထက်ရွာတွင် ကျန်နေခဲ့သည့် သက်ကြီးရွယ်အိုအချို့ကိုလည်း ယမန်နေ့က ကယ်ထုတ်နိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။

 

ဘို့မအထက်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက ယနေ့ ဆုတ်ခွာသွားသည့်အတွက် ကျေးရွာအတွင်းသို့ ပြန်ဝင်နိုင်ပြီဖြစ်ကြောင်းလည်း သိရသည်။

 

သံတောင်မြောက်ပိုင်း(အထူးဒေသ) ပျဉ်းမနားမြို့နယ်တွင် ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ၅၀ ဦး သေဆုံးပြီး တော်လှန်ရေးအဖွဲ့များက ဘို့မသံတောင်စခန်းတစ်ခု သိမ်းပိုက်နိုင်ခဲ့ကြောင်း ယမန်နေ့က သံတောင်မြောက်ပိုင်း(အထူးဒေသ) NTDFက ထုတ်ပြန်ထားသည်။

 

ပုံစာ- ဩဂုတ် ၁၁ ရက်က လေကြောင်းတိုက်ခံရသည့် ဘို့မအထက်ကျေးရွာ ပျက်စီးမှု မြင်ကွင်း

ဓာတ်ပုံ- လူမှုကွန်ရက်

 

Burma Associated Press

ဒုက္ခသည်
အရပ်သား
နေပြည်တော်

Share With
bap-logo