Data
ဖားကန့် မြေပြိုမှု ပျောက်ဆုံးနေသည့် အမျိုးသား ၃၆ ယောက် ရှိ
လွန်ခဲ့သော ၂ နှစ် က
ဩဂုတ် ၁၃။
ယမန်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို၊ မနကျေးရွာအနီးရှိ ကျောက်စိမ်းတူး လုပ်ကွက် ရေကန် မြေပြိုကျမှုတွင် ပျောက်ဆုံးနေသည့် အမျိုးသား ၃၆ ယောက် ရှိသည်ဟု ကယ်ဆယ်ရေးလုပ်နေသူ တစ်ဦးက BAPကို ပြောသည်။
“လက်ရှိက ကျားချည်းပဲ ၃၆ ယောက် ရှိတယ်လို့ စာရင်းရထားပါတယ်၊ ထိခိုက်ဒဏ်ရာ ရတဲ့ ၈ ယောက်ကို ဆေးရုံပို့ထားတယ်၊ ရှာဖွေကယ်ဆယ်ရေးကတော့ လုပ်နေဆဲပါပဲ” ဟု သူက ပြောသည်။
“ရေကန်ထဲမှာဆိုတော့ မြေကလည်း ပြိုလိုက် တအားကြီးတော့ မလုပ်ရဲသေးဘူး၊ ရှာတော့ ရှာနေတုန်းပါပဲ” ၎င်းက ဆက်ပြောသည်။
ဩဂုတ် ၁၃ ရက် ညနေ ၃ နာရီခန့်က ကျောက်စိမ်းတူး လုပ်ကွက် ရေကန်အတွင်း ကျောက်ကျင်းကမ်းပါးပြိုကျမှုကြောင့် လက်ကျင်းကျောက်တူးနေသူများ ရေကန်နွံအတွင်း နစ်မြှုပ်ပျောက်ဆုံးနေခြင်း ဖြစ်သည်။
ဓာတ်ပုံ- လူမှုကွန်ရက်
ဖားကန့်
မြေပြို
Related Articles
- ကရင်နီတွင် တစ်လအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈၄ ဦး သေဆုံး၊ စစ်သုံ့ပန်း သုံးဦး ဖမ်းဆီးရမိဟု KNDF ဆို
- ခုနှစ်လအတွင်း ပညာရေးကဏ္ဍက ဝန်ထမ်း ၄၈ ဦး အဖမ်းခံရ
- ကေအဲန်ယူ၊ တပ်မဟာ ၃ တွင် ဇွန်လအတွင်းက ပြည်သူ ငါးဦး အကြောင်းမဲ့ သတ်ဖြတ်ခံရ
- နှစ်နှစ်အတွင်း တရားမမှု ၂၉ မှုနှင့် ရာဇဝတ်မှု နှစ်ရာနီးပါး ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခဲ့ ဟု NUG တရားရေးဝန်ကြီးဌာနဆို
Top News
ကုန်သွယ်ရေးစစ်ပွဲသည် ခဏတာ ဖြစ်စဉ်မဟုတ်ဟု မလေးရှားဝန်ကြီးချုပ် သတိပေး
လွန်ခဲ့သော ၂ ရက် က
စစ်ကောင်စီလေတပ်ဦးစီးချုပ်လက်ထက် လေယာဉ်၊ ရဟတ်ယာဉ် ၁၁ စီး ဆုံးရှုံးထား
လွန်ခဲ့သော ၆ ရက် က
ခုခံတော်လှန်ရေးနှင့် ကူညီထောက်ပံ့ရေးတို့အတွက် မိတ်ဖက် မြန်မာ့ဆင်များ
လွန်ခဲ့သော ၁၀ ရက် က
Articles
Share With