bap-logo
Politics

နွေဦးတော်လှန်ရေးကို ရင့်မှည့်သော တော် လှန်ရေးအဖြစ် ရှုမြင်ရန် ယာယီသမ္မတ သတိပေး

TrDeGpKLCas_v-XFf-rBq-image

လွန်ခဲ့သော တစ်နှစ် က

ဩဂုတ် ၈။

 

ယနေ့ပြုလုပ်သည့် ၃၅ နှစ်ပြည့် ရှစ်လေးလုံးအရေးတော်ပုံနေ့ အခမ်းအနားတွင် နွေဦးတော်လှန်ရေးကို ရှစ်လေးလုံးနှင့်မတူဘဲ ဒီမိုကရေစီရေးအတွက် ရင့်မှည့်သော တော်လှန်ရေးအဖြစ် ရှုမြင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောကြားလိုက်သည်။

 

ဒါ့အပြင် အောင်ပွဲရသည်အထိ တော်လှန်ရေးဝီရိယကို တစိုက်မတ်မတ် မြှင့်တင်ပြီး လူထုနှင့် လက်တွဲ မဖြုတ်ဘဲ တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်ချီတက်သွားမည်ဟု ကတိပြုထားသည်။

 

စစ်တပ်ကို စစ်ရေးစစ်မျက်နှာ၊ ဘဏ္ဍာရေးစစ်မျက်နှာ၊ နိုင်ငံခြားရေးစစ်မျက်နှာ၊ လူထုလှုပ်ရှားမှု စစ်မျက်နှာ၊ စိတ်ဓါတ်စစ်ဆင်ရေးစစ်မျက်နှာစသည့် စစ်မျက်နှာမျိုးစုံမှ တော်လှန်နေပြီး စစ်အုပ်စုကို တရားစီရင်နိုင်ဖို့ ခိုင်မာစွာ စိတ်ပိုင်းဖြတ်ထားပြီးဖြစ်သည်ဟုလည်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆိုသည်။

 

ထိုကဲ့သို့ အဘက်ဘက်က ယုတ်လျော့ အားနည်းလာသော စစ်တပ်ကို အလဲထိုးအနိုင်ယူကာ မြန်မာမြေမှာ ဒီမိုကရေစီ၊ လူအခွင့်အရေး၊ တန်းတူရေးနှင့် ခွင့်တူညီမျှစွာ ငြိမ်းချမ်းရေးပန်း ထာ၀ရ ရှင်သန်နိုင်စေရန် အဆုံးထိ နောက်မဆုတ်တမ်း ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်း ထပ်လောင်း ကတိပြုထားသည်။

 

Burma Associated Press

ရှစ်လေးလုံး အရေးတော်ပုံ
ဒူဝါလရှီးလ
ဝန်ကြီးချုပ်

Share With
bap-logo