bap-logo
Politics

မြန်မာနိုင်ငံမှ ဒုက္ခသည်လူငယ်တစ်ဦးကို ပစ်သတ်ခဲ့သူ ၇ နှစ်အကြာတွင် ဖမ်းမိ

Tl_Fir377loqh2XgRs4iV-image

လွန်ခဲ့သော ၂ လ က

 

မူးယစ်ဆေးဝါးသယ်ယူမှုလမ်းကြောင်းကို စစ်ဆေးနေစဉ်အတွင်း သေနတ်တစ်လက် ရှာဖွေသိမ်းဆည်းမိရာမှ အစပြု၍ Kansas ပြည်နယ်တွင် အသက် ၁၅ နှစ်အရွယ် ဒီဇင်ဘာထူး ကို ပစ်ခတ်သတ်ဖြတ်ခဲ့သူအား ဖမ်းဆီးနိုင်ခဲ့သည်။

 

အဝတ်လျှော်ဆိုင်တစ်ခုတွင် လုယက်ရန် ကြိုးပမ်းရာမှ ၎င်းဆိုင်တွင် အလုပ်လုပ်နေသော အသက် ၁၅ နှစ်အရွယ် မြန်မာဒုက္ခသည် လူငယ်တစ်ဦးကို သေစေသည်အထိ ပစ်ခတ်ခဲ့သည့် Kansas ပြည်နယ်သားတစ်ဦးကို ခုနှစ်အကြာတွင် ဖမ်းဆီးနိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ကြာသပတေးနေ့တွင် ကြေညာသည်။

 

အထက်တန်းကျောင်းသား ဒီဇင်ဘာထူး သေဆုံးခဲ့ရသည့်အမှုအတွက် အသက် ၂၄ နှစ်အရွယ်ရှိ Luis Samano ကို လူသတ်မှု၊ ကြီးလေးသော လုယက်ဓားပြတိုက်ရန် ကြိုးပမ်းမှုတို့ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

 

လုပ်ဖော်ကိုင်ဖက်တစ်ဦးက နိုဝင်ဘာ ၁၈ ရက် ၂၀၁၇ ခုနှစ် မနက်ပိုင်း Kansas မြို့တော် Maple Hill အဝတ်လျှော်ဆိုင်တွင် ဒီဇင်ဘာထူး သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု NBC ရုပ်သံကွန်ရက်နှင့် လုပ်ငန်းချင်းချိတ်ဆက်ထားသည့် KSHB ရုပ်သံထံမှ သိရသည်။

 

အဝတ်လျှော်စက်ဘေးတွင် ၎င်းကို သေနတ်ဒဏ်ရာများနှင့် တွေ့ခဲ့ရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ ပြောခွင့်ရသူက ABC News ကို အခင်းဖြစ်ခဲ့သည့်ကာလတွင် ပြောသည်။ အင်အားသုံးဝင်ရောက်မှုပုံစံများ မတွေ့ရှိရဘဲ ငွေသားများလည်း ခိုးယူခံရခြင်းမရှိသကဲ့သို့ အပျက်အစီးတစုံတရာလည်း မရှိဟု ပြောသည်။

 

၎င်း၏ အမှုမှာ စက်တင်ဘာ ၂၀၂၁ ခုနှစ်အထိ အမှုမပေါ်ဘဲ ရှိနေခဲ့ရာမှ မူးယစ်ဆေးဝါး သယ်ယူမှု စစ်ဆေးရေးလုပ်ဆောင်နေစဉ်အတွင်း ၎င်းကို သတ်ဖြတ်ခဲ့သည့် သေနတ်တစ်လက်ကို ရဲတပ်ဖွဲ့က ရှာဖွေသိမ်းဆည်းရမိခဲ့သည်။ နောက်တစ်ဖန် စုံစမ်းစစ်ဆေးမှုများ မပြုလုပ်နိုင်ဘဲ ယခုနှစ် မေလအထိ ကြာမြင့်ခဲ့ပြီး စုံစမ်းထောက်လှမ်းရေးမှူးများက တွေ့ဆုံမေးမြန်းမှုများ၊ CCTV ဗီဒီယိုများကို ထပ်မံစစ်ဆေးမှုများအရ အချက်အလက်သစ်များ ထပ်မံရရှိလာသည်။

 

အာဏာပိုင်များက အခင်းဖြစ်ချိန်တွင် အသက် ၁၇ နှစ်အရွယ်ရှိ Samano ကို နောက်ဆုံးတွင် စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။ ၎င်းသည် ယခုအမှုနှင့် မသက်ဆိုင်သော မီးရှို့မှုဖြင့် ၂၀၁၉ ခုနှစ်ကပင် အကျဉ်းကျနေခြင်းဖြစ်သည်။

 

ဒီဇင်ဘာထူးမှာ အသက် နှစ်အရွယ်ကပင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အလုပ်ကြိုးစားသူဖြစ်ကြောင်း၊ အထက်တန်းကျောင်း နပန်းအသင်းနှင့် သံစုံကျူး အဖွဲ့တို့သို့ ဝင်ရောက်ခဲ့သူဖြစ်ကြောင်း၊ ဆရာဝန်တစ်ဦးဖြစ်လာရန် ဆန္ဒရှိသူလည်းဖြစ်ကြောင်း ၎င်းနှင့် မောင်နှမတော်စပ်သူ စေးထူးနေက ABC သတင်းဌာကို ပြောသည်။

 

၎င်းကို သိကျွမ်းသူ လူတိုင်းက အလေးအနက် လွမ်းဆွတ်သတိရနေကြောင်း ၎င်း၏ မိသားစုက ကြာသပတေးနေ့တွင် ထုတ်ပြန်သည်။

 

အမှုဟောင်းများကို ဖော်ထုတ်ဖြေရှင်းရာတွင် အခက်အခဲ ရှိသည်ကို ကျွန်ုပ်တို့ နားလည်ပါသည်။ ကျွန်ုပ်တို့၏ ထုံးတမ်းအစဉ်အလာအရ ယခုကဲ့သို့ ကြုံတွေ့ရမှု ယခင်က မရှိခဲ့ပါ။ ကျွန်ုပ်တို့၏ ကရင်အသိုင်းအဝိုင်းသည် အမေရိကန်ပြည်ထောင်စုတွင် ရင်းနှီးမှုမရှိသေးသည့်အတွက် ဖြစ်ပါသည်။ စုံထောက်များ၏ လုပ်ဆောင်မှုသည် အံ့အားသင့်စဖွယ်ဖြစ်ပြီး ထို့အတွက် ကျွန်ုပ်တို့က ကျေးဇူးတင်ပါသည်။ဟု ဖော်ပြထားသည်။

 

ကိုးကား - HUFFPOST

ပုံစာ - Facebook မှ ဒီဇင်ဘာထူး၏ ဓာတ်ပုံ။

 

Burma Associated Press

ဒီဇင်ဘာထူး
ဒုက္ခသည်
ကရင် လူငယ်
အသတ်ခံရ

Share With
bap-logo