Politics
ရေဆိုးပြွန်တည်ဆောက်ရေးလုပ်ငန်းက အလုပ်သမား ၇ ဦး ရေနစ်ပျောက်ဆုံး
လွန်ခဲ့သော ၇ လ က
ဇူလိုင် ၁၄။
မန္တလေးတိုင်းဒေသကြီး၊ အမရပူမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ ယမ်းပျံကျေးရွာထိပ်၊ ရေဆိုးထုတ်ပြွန်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေချိန် ရေတွေဝင်ရောက်လာတဲ့အတွက် လုပ်ငန်းဆောင်ရွက်နေတဲ့ အလုပ် သမား ၇ ဦး ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီမြစ်အတွင်း(အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာ)မှာ ဒီနေ့ ဇူလိူင်လ ၁၄ ရက် မနက် ၈ နာရီအချိန်က ဖြစ်ခဲ့တာပါ။
"ရေဆိုးထုတ်မြောင်းဆောက်လုပ်ရေးဆိုဒ်ထဲကို မြစ်ရေဝင်တာ ရေတက်ချိန်ဆိုတော့ သဲဖို့ထားတဲ့နေရာ ရေဆိုးထုတ်မြောင်းထဲကို ဝင်လာလို့ မြောင်းထဲမှာလုပ်ငန်းလုပ်နေတဲ့ အလုပ်သမားတွေ ရေနစ်ပျောက်ဆုံးသွားရတာပါ" လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
သဲနဲ့ကာရံထားတဲ့တုတ်ကနေ ရေတွေဝင်ရောက်လာပြီး လုပ်ငန်းဆောင်ရွက်နေတဲ့ အမျိုးသား(၁၀)ဦး ရှိတဲ့ ထဲက (၇)ဦး ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့တာပါ။
လက်ရှိမှာတော့ ရေပြင်ရှာဖွေကယ်ဆယ်ရေးပစ္စည်းတွေအသုံးပြုပြီး ရှာဖွေနေတယ်လို့ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ- လူမှုကွန်ရက်
Related Articles
- ဘဏ်မှာ ငွေထုတ်မရလို့ ရပ်ကွက်ထဲက ငွေကြေးဝန်ဆောင်မှုတွေပါ ရပ်နားလာရ
- ရုရှားကုမ္ပဏီများ မြန်မာတွင် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ရင်းနှီးမြှုပ်နှံရန် မျက်စိကျနေ
- ပျက်ကွက်ဝန်ထမ်းများ သက်ဆိုင်ရာဌာနများသို့ ပြန်လည်သတင်းပို့ပါက Black Lists မှ ဖြေလျှော့ ပေးမည်ဟု စစ်ကောင်စီပြောလာပြန်
- နောင်ချို ၆၀၆ ဒုံးတပ်မှအတွဲလိုက်ပစ်ဒုံးလက်နက်များအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိ
Top News
လွန်ခဲ့သော ၄ ရက် က