bap-logo
Politics

မြန်မာစစ်တပ်ကို ပြတ်သားစွာ အရေးယူရန် နိုင်ငံတကာ အရပ်ဖက် အဖွဲ့အစည်း ၄၄၀ ဖွဲ့က ကုလကို တောင်းဆို

Rvfntob7hsZYIF6dW8s25-image

လွန်ခဲ့သော တစ်နှစ် က

အောက်တိုဘာ ၁၈။

ကုလသမဂ္ဂအထွေထွေညီလာခံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်ကို လမ်းကြောင်းများ အားလုံး ဖြင့် အချိန်မဆိုင်းဘဲ ပြတ်သားစွာ အရေးယူ ဆောင်ရွက်ရန် နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်း ၄၄၀ ဖွဲ့က အောက်တိုဘာ ၁၇ ရက်က အိတ်ဖွင့်ပေးစာဖြင့် တောင်းဆိုလိုက်သည်။

 

၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် အတည်ပြုပြဌါန်းခဲ့သည့် သက်တမ်းတစ်နှစ်နီးပါး ရှိလာပြီဖြစ်သော ခိုင်မာမှု မရှိသည့် မြန်မာနိုင်ငံဆိုင်ရာ UNSC ဆုံးဖြတ်ချက် ၂၆၉၉ အပေါ် မိမိတို့မှ အလွန်အမင်း စိတ်ပျက်မိသည်ဟုလည်း အိတ်ဖွင့် ပေးစာတွင် ဖော်ပြထားသည်။

 

ထိုဆုံးဖြတ်ချက်ထဲတွင် စစ်တပ်၏ အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်း ရပ်တန့်ရန် တောင်းဆို ထားသော်လည်း ထိုဆုံးဖြတ်ချက်ချပြီးချိန်မှစ၍ စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု ပမာဏသည် ၁၅၀ ရာခိုင်နှုန်းသို့ တိုးလာခဲ့သည်ဟုလည်း ထောက်ပြထားသည်။

 

“UN သည် လွန်ခဲ့သည့် ၂၉ လအတွင်း ၎င်း၏တာဝန်ရှိမှုများကို အရှေ့တောင် အာရှနိုင်ငံများ အသင်း (အာဆီယံ)နှင့် ၎င်း၏ ထိရောက်မှုမရှိသော ဘုံသဘောတူညီချက်ငါးရပ် (5PC) ထံ လွှဲပြောင်းခဲ့ခြင်း အပေါ် မိမိတို့မှ အလွန်အမင်း စိတ်ပျက်မိသည်ဟုလည်း ဆိုသည်။

 

မြန်မာနိုင်ငံ၏ အကျပ်အတည်းသည် မတွေးနိုင်လောက်သည်အထိ ပျက်သုဥ်းမှုအဆင့်သို့ ဆိုက်ရောက်နေ သောကြောင့် UNSC ဆုံးဖြတ် ချက်ကို ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်ရန် မျှော်လင့်ကြောင်း လည်း ဆိုသည်။

 

အဆိုပါဆုံးဖြတ်ချက် ချမှတ်ရာတွင် တရုတ် သို့မဟုတ် ရုရှားနိုင်ငံက ဗီတို အာဏာဖြင့် ပယ်ချခဲ့မည် ဆိုပါက ယူကရိန်းနိုင်ငံအရေးနှင့် ပတ်သက်၍ UNGA မှ ပြတ်သားသည့်ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သကဲ့သို့ပင် ယခုတစ်ချိန်တွင်လည်း ချမှတ်မည်ဟု ယုံကြည်ကြောင်း အသိပေးထားသည်။

 

ပုံစာ - စစ်ကောင်စီက ယခုနှစ် ဧပြီလအတွင်း လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သည့် ကရင်ပြည်နယ်၊ မဲကနယ်ကျေးရွာ ခရစ်ယာန် ဘုရားရှိခိုးကျောင်း

 

Burma Associated Press

UN
စစ်တပ်
လေကြောင်းတိုက်ခိုက်မှု

Share With
bap-logo