bap-logo
Data

စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများ

h0Jq4afrEebrKeC3Dv1_k-image

လွန်ခဲ့သော ၂ နှစ် က

မတ် ၁၈

စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို ဝင်ပြိုင်ရန် မှတ်ပုံတင်ထားသည့် ပါတီပေါင်းသည် ယနေ့ မတ်လ ၁၈ ရက်အထိ ၂၉ ပါတီ ရှိနေပြီဖြစ်သည်။

 

မှတ်ပုံတင်ထားသည့်ပါတီများအနက် မြန်မာတစ်နိုင်ငံလုံးစည်းရုံးမည့်ပါတီ ပါတီ ရှိပြီး တိုင်းနှင့်ပြည်နယ် အလိုက် စည်းရုံးမည့်ပါတီ ၂၂ ပါတီ ရှိနေသည်။

 

စစ်ကောင်စီပြင်ဆင်လိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်မှ မတ်လ ၂၆ ရက်အထိ ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံတင်ဥပဒေသစ်အရ တည်ဆဲပါတီများပါ ပြန်လည် မှတ်ပုံတင်ရမည် ဖြစ်ကာ ပြန်မတင်သည့်ပါတီများက ပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟု ပြဌာန်းထားသည်။

 

 

နိုင်ငံရေးပါတီများ နောက်ဆုံးမှတ်ပုံတင်ရန် မူလသတ်မှတ်ထားသည့်ရက်သည် ရုံးပိတ်များနှင့် တိုက်ဆိုင် နေသည့်အတွက် မတ်လ ၂၈ ရက်ကို နောက်ဆုံးထား မှတ်ပုံတင်ရန် စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်က အသိပေးထားသည်။

 

 

ပြန်လည်ပြင်ဆင်လိုက်သည့် ရွေးကောက်ပွဲဥပဒေသစ်အရ တစ်နိုင်ငံလုံး ရွေးကောက်ပွဲဝင်မည့် ပါတီများ အနေဖြင့် ပါတီရန်ပုံငွေ ကျပ်သိန်းတစ်ထောင် တင်ပြနိုင်မှသာ ပါတီမှတ်ပုံတင် လျှောက်ထားနိုင်မည်ဖြစ်သည်။ ယခင် သတ်မှတ် ရန်ပုံငွေ ကျပ် သိန်းကို ကျပ်သိန်း ထောင်အထိ တိုးလိုက်ခြင်း ဖြစ်သည်။

 

ထို့အပြင် ပြည်နယ်နှင့်တိုင်းတွင်သာ ရွေးကောက်ပွဲဝင်မည့် ပါတီများသည် ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀ တင်ပြရမှာဖြစ်ပြီး ယခင်က ကျပ် သိန်းသာ သတ်မှတ်ထားသည်။

 

 

တစ်နိုင်ငံလုံး ရွေးကောက်ပွဲဝင်မည့် ပါတီများက ပါတီမှတ်ပုံတင်ပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် အင်အား သိန်း စည်းရုံးနိုင်ဖို့လိုပြီး ပြည်နယ်နှင့် တိုင်းတွင်ရွေးကောက်ပွဲဝင်မည့် ပါတီများက ပါတီဝင် အင်အား ထောင် စည်းရုံးနိုင်ရမည်ဟုလည်း ရွေးကောက်ပွဲဥပဒေသစ်တွင် သတ်မှတ်ထားသည်။

 

 

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD အနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း အတိအလင်း ထုတ်ဖော်ကြေညာထားပြီးဖြစ်သည်။

 

Burma Associated Press

မြန်မာ
ရွေးကောက်ပွဲ
စစ်ကောင်စီ
ပါတီ

Share With
bap-logo