bap-logo
Politics

စစ်ဘေးရှောင်ကလေးတွေရဲ့ စာသင်ကျောင်း ဗုံးကျဲခံရပြိး ကလေး ၄ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရ

PSAPky6TjkGZSchkmZwut-image

လွန်ခဲ့သော တစ်နှစ် က

ကရင်နီ၊ ဖေဖေါ်ဝါရီ ၅။

 

ကရင်နီပြည်၊ ဒီမောဆိုဒေသ တနေရာမှာရှိတဲ့ စစ်ဘေးရှောင်ကလေးတွေရဲ့ စာသင်ကျောင်း ဗုံးကျဲခံ ရပြီး ကလေး ၄ ဦး သေဆုံး၊ ၁၀ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။

 

မနက်(၁၀)နာရီဝန်းကျင်က စစ်ဘေးရှောင်ကလေးတွေနဲ့ ရွာခံကလေးတွေ စာသင်ကြားနေတဲ့ စာသင်ကျောင်းကို စကစဖက်က လေယာဉ်နဲ့ ဗုံး(၂)ကြိမ်တိတိ ‌ကြဲချခဲ့လို့ အသက် ၁၁ ကနေ ၁၃ နှစ်အကြား ကလေးငယ် ကျား ၄ ဦး သေဆုံးခဲ့တယ်” လို့ JOBS For Kayah ထံကသိရပါတယ်။

 

ဒါ့အပြင် ထိခိုက်ဒဏ်ရာရ ကလေးငယ် (၁၀)ဦးကျော် ရှိခဲ့တယ်လို့လည်းဆိုပါတယ်။

  

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်အထိ ကရင်နီမှာ အရပ်သား ၄၅၇ ဦး အသတ်ခံရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု-PKPF က မကြာသေးခင်ကပဲ ထုတ်ပြန်ထားပါတယ်။

 

ဒါ့အပြင် ကရင်နီမှာ ဘာသာရေးအဆောက်အဦ ၄၈ လုံး၊ နေအိမ် ၂,၃၇၅ လုံး၊ ဆေးရုံ၊ ဆေးခန်း ၁၄ လုံးနဲ့ စာသင်ကျောင်း ၂၂ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ - JOBS For Kayah

Burma Associated Press

 

ကယား(ကရင်နီ)
စာသင်ကျောင်း
လေကြောင်းတိုက်ခိုက်မှု
အာဏာသိမ်းစစ်တပ်

Share With
bap-logo