bap-logo
Editorial

အထင်အရှား သင်ခန်းစာ

P4aeM6RpvyooC05rNvzab-image

လွန်ခဲ့သော ၂ နှစ် က

လျှပ်စစ်မီး မလုံလောက်သော ပြဿနာသည် ပိုမိုဆိုးရွားလာရန်သာရှိသည်။ ယင်းသည် စစ်အာဏာသိမ်းခြင်း ကြောင့် နောက်ဆက်တွဲဖြစ်လာသည့် ပြဿနာတစ်ရပ်ဖြစ်သည်။

 

စစ်အာဏာသိမ်း ကာလများဖြစ်သည့် ၁၉၆၂၊ ၁၉၈၈ ကာလများတွင် ယခုနည်းတူပင် လျှပ်စစ်မီး ပြဿနာကို ကြုံတွေ့ခဲ့ရသည်။ ၂၀၁၀-၂၀၁၅ ခုနှစ်ကာလ လွှတ်တော်တွင်း စစ်အာဏာ ၂၅ ရာခိုင်နှုန်းရှိနေခြင်းနှင့် မပြည့် သော ဒီမိုကရေစီအရပ်သားတစ်ပိုင်း အုပ်ချုပ်သော ကာလတွင်လည်း လျှပ်စစ်မီးလုံလောက်စွာ မရရှိခြင်း ပြဿနာများကို ရင်ဆိုင်ခဲ့ကြရသည်။

 

၂၀၁၅-၂၀၂၀ ကာလတွင်လည်း နှစ်ပေါင်း ၆၀ ကျော်သော စစ်အာဏာစိုးမိုးမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများ ကြောင့် တိုင်းပြည်၏ အခြေခံလိုအပ်ချက်အရေးကို ပြည့်ဝစွာ ဖြေရှင်းဆောင်ရွက်နိုင်ခွင့် အားနည်းခဲ့ရသည်။ သို့ သော် ထိုသို့သော ဖားတစ်ပိုင်းငါးတစ်ပိုင်းမှ ဖားလောင်းအဖြစ် ပိုမိုပီပြင်လာနေဆဲကာလ အပိုင်းအခြား၌ပင် လျှပ် စစ်မီးပြဿနာသည် အတန်ငယ် စိတ်ကျေနပ်ဖွယ် အခင်းအကျင်းကို ကြုံတွေ့ခဲ့ရသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပြည့်အဝလျှပ်စစ်မီးရရှိခြင်း မဟုတ်သေးသော်လည်း ဆိုးရွားလွန်းသော အခြေ အနေများကို ကြုံတွေ့နိုင်မှု နည်းပါးပြီး စီမံကိန်းကာလကျော်လွန်မည့် အနာဂတ်၌ အလားအလာကောင်းများ ရှိ နိုင်သည်ဟု မျှော်လင့်နိုင်ခဲ့သေးသည်။

 

ထိုအခြေအနေများသည် လျှပ်စစ်မီးရရှိပြီး ဒေသများ၏ အခြေအနေများသာဖြစ်ပြီး လျှပ်စစ်မီးလုံးဝ မရရှိသေး သော ဒေသများစွာလည်း မြန်မာနိုင်ငံတွင် ရှိနေခဲ့သည်။ ယခုတွင်လည်း ရှိနေမြဲဖြစ်သည်။ ISP-Myanmar ၏ ဖော်ပြချက်အရ "၂၀၂၀ ပြည့်နှစ်အထိ တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုဦးရေ၏ ၅၄ ရာခိုင်နှုန်းသာ နိုင်ငံမှ ဖြန့်ဖြူး သည့် ဓာတ်အားလိုင်းကို ချိတ်ဆက်အသုံးပြုနိုင်သည်ဟု သိရသည်။

 

လူဦးရေတိုးလာခြင်းနှင့် ခေတ်မီအီလက်ထရောနစ် ပစ္စည်းများ ပိုမိုသုံးစွဲလာခြင်းများကြောင့်လည်း လျှပ်စစ်မီးလို အပ်ချက်သည် ပိုမိုကြီးမားလာခဲ့သည်။ မြန်မာနိုင်ငံ၏ လျှပ်စစ် ဓာတ်အားသုံးစွဲမှုသည် တစ်နှစ်ကို ၁၁ ရာခိုင်နှုန်း တိုးမြင့်လိုအပ်လာနေသည်ဟု ကျွမ်းကျင်သူများ၏ တွက်ချက်မှုအရ သိရသည်။

 

နှစ်အလိုက် လျှပ်စစ်လိုအပ်ချက်များကို တွက်ချက်ခဲ့ကြရာတွင် ၂၀၃၀ ပြည့်နှစ်၌ ၁၂,၆၀၀ မဂ္ဂါဝပ်ထုတ်လုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ယင်းအတွက် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းကို ၂၀၁၃ ခုနှစ်က စတင်ခဲ့ ကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ရေအား၊ လေအား၊ ကျောက်မီးသွေး၊ ဓာတ်ငွေ့နှင့် နေရောင်ခြည်စွမ်း အင်တို့ကို အသုံးပြု၍ ထုတ်လုပ်နိုင်ရန် ယင်းစီမံကိန်းတွင် ထည့်သွင်းထားကြောင်း၊ စီမံကန်းအရ ၂၀၃၀ ပြည့်နှစ်၌ တစ်နိုင်ငံလုံး မီးလင်းနိုင်မည်ဖြစ်ကြောင်းနှင့် ၂၀၂၆ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုများ၏ ၈၆ ဒသမ ၁၈ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန် လျာထားကြောင်း ISP-Myanmar ၏ "မြန်မာနိုင်ငံ၏ လျှပ်စစ် စွမ်းအင်ကဏ္ဍတွင် တရုတ်၏ ပါဝင်မှု"ဖော်ပြချက်အရ သိရသည်။

 

သို့သော် ထိုသို့ တိုးတက်လာဖွယ်ရှိသော အခြေအနေများအားလုံးသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာ သိမ်းခြင်းကြောင့် ကပြောင်းကပြန်ဖြစ်၍ နောက်ဆုတ်သွားနေသည်ကို မြင်လာရသည်။ လျှပ်စစ်ဓာတ်အားပေး သည့် LNG သင်္ဘောကြီး ပြန်လည်ထွက်ခွာခြင်း၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းလုပ်ဆောင်သည့် လုပ်ငန်းများ မြန် မာနိုင်ငံမှ စွန့်ခွာခြင်း၊ တရုတ်အစိုးရအပေါ် လျှပ်စစ်ကဏ္ဍအတွက် မှီခိုလွန်းလာရခြင်းနှင့် နိုင်ငံရေးမတည်မငြိမ်မှု များအကြား၌ စီမံကိန်းအကောင်အထည်ဖော်ရန် ခက်ခဲလာခြင်းများသည် အနုတ်လက္ခဏာဆောင်သော လျှပ်စစ် ကဏ္ဍ၏ ဆိုးကျိုးများသာဖြစ်သည်။

 

စစ်အာဏာရှင်လက်ထက် ဒီမိုကရေစီကင်းမဲ့သော အခင်းအကျင်းများတွင် ထိုသို့ ဆုတ်ယုတ်ခြင်းများကိုသာ ကြုံ ရမည်ဖြစ်သည်။ မိမိဒေသအတွင်းမှထွက်သည့် အရင်းအမြစ်များကို အသုံးပြု၍ရရှိသော လျှပ်စစ်စွမ်းအင်ကို မိမိဒေသတွင်း အသုံးပြုခွင့် ရရှိနိုင်ရေးသည် ဖက်ဒရယ်စနစ်အသက်ဝင်မှာသာ အာမခံနိုင်မည်ဖြစ်သည်။ အာဏာရှင်စနစ် တည်မြဲနေသ၍ ဆိုးကျိုးများသာအဓွန့်ရှည်မည်ဖြစ်ပြီး တန်းတူခြင်း၊ ညီမျှခြင်းနှင့် မှန်ကန်စွာ ဖွံ့ဖြိုးတိုးတက်နိုင်ခြင်းများသည် ဆုတ်ယုတ်မည်သာဖြစ်သည်။

 

စနစ်ဆိုး၏ ဆိုးကျိုးများကို လူတိုင်းခံစားကြမြဲဖြစ်မည်ကို ယနေ့မြန်မာ့လျှပ်စစ်ကဏ္ဍက သင်ခန်းစာတစ်ခုအဖြစ် အထင်အရှားပြသနေသည်ကို သတိပြုအပ်ပါသည်။

 

 

Burma Associated Press

လျှပ်စစ်
အာဏာသိမ်း
စစ်ကောင်စီ

Share With
bap-logo