bap-logo
International

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဖြတ်ကျော် အဝေးပြေးလမ်းစီမံကိန်း ပြန်စရန် အိန္ဒိယနှင့် စကစခန့် နိုင်ငံခြားရေး ဝန်ကြီး သန်းဆွေ ဆွေးနွေး

Ox_WfPZT7HITf26fAOemQ-image

လွန်ခဲ့သော တစ်နှစ် က

ဂျူလိုင်လ ၁၆ ရက်နေ့တွင် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S Jaishankar သည် စကစခန့် နိုင်ငံခြားရေးဝန်ကြီး သန်းဆွေနှင့် ထိုင်းနိုင်ငံတွင် တွေ့ဆုံ၍ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဖြတ်ကျော် အဝေးပြေးလမ်း စီမံကိန်း အပါအဝင် နယ်စပ်ဒေသများ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ဆွေးနွေးခဲ့သည်။ 

 

            Jaishankar သည် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံဖြတ်ကျော် အဝေးပြေးလမ်း စီမံကိန်းသည် မြန်မာနိုင်ငံမှ အခြေအနေများကြောင့် အလွန်ခက်ခဲခဲ့ပြီး ပြန်လည်စတင်ရန် နည်းလမ်းများရှာဖွေခြင်းက အစိုးရ၏ ဦးစားပေးအစီအစဉ် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

 

            အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့သည် အရှေ့တောင်အာရှနိုင်ငံများကို ကုန်းလမ်းမှ ချိတ်ဆက်ပေးမည့် ၁၄၀၀ ကီလိုမီတာ အရှည်ရှိသည့် အဝေးပြေးလမ်းမကြီးဖောက်လုပ်ရေး ကြိုးပမ်းနေကြပြီး ၎င်းသုံးနိုင်ငံ၏ ကုန်သွယ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းများကို မြှင့်တင်ပေးမည်ဟု ဆိုသည်။ 

 

            သုံးနိုင်ငံဖြတ်ကျော် အဝေးပြေးလမ်းမမှာ တည်ဆောက်ရေးလုပ်ငန်း ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။ 

 

            မဟာဗျူဟာလမ်းမကြီး စီမံကိန်းသည် မနီပူ၊ မိုရေးနှင့် မြန်မာကို ဖြတ်ကျော်၍ ထိုင်းနိုင်ငံ မဲဆောက်မြို့တို့ကို ဆက်သွယ်မည်ဖြစ်သည်။ 

 

            အစောပိုင်းတွင်မူ အိန္ဒိယအစိုးရက ဒီဇင်ဘာ ၂၀၁၉ တွင် အဝေးပြေးလမ်းမကြီးကို အသုံးပြုနိုင်ရန် ရည်မှန်းထားခဲ့သည်။ 

 

            Jaishankar သည် သန်းဆွေနှင့် တွေ့ဆုံစဉ်တွင် နယ်စပ်ဒေသများ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အရေးကြီးပုံနှင့် လတ်တလော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးများ ပြင်းထန်စွာ ထိပါးနှောင့်ယှက်ခံနေရပြီး အခြေအနေကို ပိုမိုဆိုးရွားစေမည့် မည်သည့်လုပ်ရပ်ကိုမဆို ရှောင်ကြဉ်ရမည်ဟု ပြောဆိုခဲ့သည်။ 

 

            လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးကုန်သွယ်မှုများဟာ အလွန်စိုးရိမ်ဖွယ်ကောင်းကြောင်း သတိပေးပြသနေပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ လူကုန်ကူးခံရသူများ နေရပ်ကို စောလျင်စွာပြန်ရေး ပိုမိုအားကောင်းတဲ့ ပူးပေါင်းမှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုပါတယ်။ဟု ၎င်း က ပြောသည်။ 

 

            နိုင်ငံချင်းထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံအနေဖြင့် အိန္ဒိယသည် မြန်မာနိုင်ငံမှ လူသားချင်း စာနာမှုအခြေအနေများကို စိုးရိမ်ကြောင်းလည်း ပြောသည်။ စိန်ခေါ်မှုများကို လူသားဗဟိုပြု ဖြေရှင်းဆောင်ရွက်ခြင်းဖြင့် ဖြေရှင်းရန် အဆိုပြုသည်။ 

 

            အိန္ဒိယက မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်များကို ထောက်ခံအားပေးပါတယ်။ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပြန်လည်ရရှိဖို့ လိုအပ်ကြောင်းကိုလည်း အလေးပေးပါတယ်။ ဒီအရေးမှာ အာဆီယံနဲ့ အနီးကပ် ပူးပေါင်းပြီး ကျွန်တော်တို့ရဲ့ မူဝါဒကို ညှိနှိုင်းပူးပေါင်းသွားပါမယ်။ဟု ၎င်းက ဆိုသည်။ 

 

            ဘန်ကောက်တွင် Jaishankar သည် ၁၂ ကြိမ်မြောက် မဲခေါင်ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဘင်္ဂလားပင်လယ်အော်ဒေသ နိုင်ငံများ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အစည်းအဝေး (BIMSTEC) ကို တက်ရောက်သွားမည်ဖြစ်သည်။ 

 

 

ကိုးကား - The Hindu

ပုံစာ - အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar (Photo: Reuters)

အိန္ဒိယ
မြန်မာ
စစ်ကောင်စီ
ထိုင်းနိုင်ငံ

Share With
bap-logo