bap-logo
International

ယနေ့ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး စကစ တက်ခွင့်မရ

xVii1celjnPoQLjBCcTUm-image

လွန်ခဲ့သော တစ်နှစ် က

ကိုးကား - The Straight Times

ဂျာကာတာ၊ ဇူလိုင် ၁၀။

 

တရုတ်၊ ရုရှ နဲ့ အမေရိကန်က နိုင်ငံခြားရေးဝန်ကြီးများပါတက်ရောက်မယ့် ၅၆ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေး (Asean Foreign Ministers’ Meeting - AMM) ကို အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာမှာ ယနေ့ (ဇူလိုင် ၁၁) မှ စတင်ပြီး ကျင်းပသွားမှာဖြစ်ပါတယ်။

 

 

ယူကရိန်းစစ်ပွဲကလည်း ယနေ့ထိဆက်ဖြစ်နေဆဲပါ။ ဒီစစ်ပွဲက ကိုဗစ်-၁၉ ကပ်ရောဂါဘေးကာလ အလွန်ပြန်လည်ထူထောင်မှုတွေကိုရော၊ ဒေသတွင်းနဲ့ နိုင်ငံတကာက ဖိုရမ်တွေအပေါ်လည်း ထိခိုက်စေပါတယ်” အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရန့်နို မာဆူဒီ က သောကြာနေ့ (ဇူလိုင် ၇) က သတင်းထောက်များကို ဆိုခဲ့ပါတယ်။

 

 

ယခုကျင်းပမယ့် AMM အစည်းအဝေးကို ဥရောပသမဂ္ဂအပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံက ကိုယ်စားလှယ် ၁၁၆၅ ဦးနဲ့ သထင်းထောက် ၄၉၃ ဦး တက်ရောက်ရန်ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

 

 

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ၊ ဒေသတွင်းနဲ့ ကမ္ဘာ့ရေးရာပြဿနာများအပြင် မြန်မာ့အရေးကိုပါ AMM အစည်းအဝေးမှာ အာရုံစိုက်ဆွေးနွေးသွားရန်ရှိကြောင်း၊ မြန်မာ့အရေးနဲ့စပ်လျဥ်းပြီး အင်ဒိုနီးရှားအနေနဲ့ မြန်မာရဲ့အာဏာသိမ်းစစ်အုပ်စုအပါအဝင် NUG၊ သက်ဆိုင်ရာအဖွဲ့တွေနဲ့ စေ့စပ်ဆွေးနွေးမှုပေါင်း ၁၁၀ ခန့်ကို ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာ့နိုင်ငံရေးမှာပါဝင်နေတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့ချည်းကပ်မှုရလဒ်တွေမထူးသ၍ ငြိမ်းချမ်းဖို့ရာမမြင်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရန့်နို မာဆူဒီ က ဆိုခဲ့ပါတယ်။

 

 

ယခုကျင်းပမယ့် AMM အစည်းအဝေးကို အာဆီယံ နဲ့ ၎င်းရဲ့မိတ်ဖက်နိုင်ငံ ၁၁ နိုင်ငံ ဖြစ်တဲ့ သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ရုရှ၊ တောင်ကိုရီးယား၊ အီးယူ၊ ဗြိတိန် နဲ့ အမေရိကန်ပြည်ထောင်စုတို့က နိုင်ငံခြားရေး ဝန်ကြီးများတက်ရောက်မည်ဖြစ်ပြီး မြန်မာ အာဏာသိမ်းစစ်အုပ်စုက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးကိုတော့ ယခု AMM အစည်းအဝေးကို ဖိတ်ကြားထားခြင်းမရှိပါဘူး။ 

 

Burma Associated Press

အာဆီယံ
စစ်ကောင်စီ
အင်ဒိုနီးရှား

Share With
bap-logo