Data
နမ့်ဆန်တွင် စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၆ တန်းကျောင်းသူ တစ်ဦးသေဆုံး၊ လေးဦး ဒဏ်ရာရ
လွန်ခဲ့သော တစ်နှစ် က
နိုဝင်ဘာ ၂၁။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မတော်တပ်မဟာ (၂) စစ်ဒေသ၊ နမ့်ဆန်မြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက် ည ၁၂ နာရီဝန်းကျင် အချိန် တွင် စစ်ကောင်စီတပ်က လက်နက်ကြီး ဖြင့်ပစ်ခတ်မှုကြောင့် အုမ်းစွမ်ရွာမှ ၆ တန်းကျောင်းသူတစ်ဦး သေဆုံးခဲ့ပြီး (၄)ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLA ထံမှသိရသည်။
ယမန်နေ့ ညသန်းခေါင်အချိန်တွင် နမ့်ဆန်မြို့စစ်ကောင်စီတပ်စခန်းမှ လက်နက် ကြီးများ ဆက်တိုက် ပစ်ခတ်ခဲ့ရာ အုမ်းစွမ်ကျေးရွာအတွင်း သုံးလုံးကျရောက် ပေါက်ကွဲမှုကြောင့် အသက် (၁၄)နှစ်အရွယ် ၆ တန်းကျောင်းသူ လွေးမြသန္တာလင်း၏ ရင်ဘက်အား ထိမှန်သေဆုံးခဲ့သည်ဟု ဆိုသည်။
ထို့အပြင် လက်နက်ကြီးစထိမှန်မှုကြောင့် လွေးမော်မော်စန်း အသက် (၁၄)နှစ်၊ မိုင်းရဲလင်းနောင် အသက် (၁၈)နှစ်၊ ယာမြညွန့် အသက် (၄၈)နှစ် နှင့် တာထွန်းလှ အသက် (၅၀) တို့အသီးသီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ဖော်ပြထားသည်။
ယမန်နေ့ နေ့လည်အချိန်တွင်လည်း စစ်ကောင်စီတပ်၏ နမ့်ဆန်မြို့တပ်စခန်း၊ မိုင်းငေါ့တပ်စခန်းနှင့် ကျောက်မဲမြို့ တပ် စခန်းမှနေ၍ မြို့သစ်ကျေးရွာအတွင်း လက်နက်ကြီးဖြင့် (၃၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ဓာတ်ပုံ- TNLA သတင်းနှင့်ပြန်ကြားရေး