bap-logo
Data

တိုက်ပွဲများအကြား ပိတ်မိနေသည့် ထိုင်းနိုင်ငံသား နှစ်ရာကျော်ကို ကယ်ထုတ်

etlu9Ds0ZugJRvulFwuzz-image

လွန်ခဲ့သော ၁၀ လ က

ထိုင်းနိုင်ငံသား ၂၆၆ ဦးကို ကယ်ဆယ်ခဲ့ပြီး တရုတ်နိုင်ငံမှတဆင့် လေကြောင်းဖြင့် ထိုင်းနိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

 

မြန်မာနိုင်ငံမြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တိုက်ပွဲများ အကြား ပိတ်မိနေသော ထိုင်းနိုင်ငံသား ၂၀၀ ကျော်ကို ကယ်ဆယ်ခဲ့ပြီး ထိုင်းနိုင်ငံသို့ လေကြောင်းမှ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

 

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့တွင်ပိတ်မိနေသည့် ထိုင်းနိုင်ငံသား ၂၆၆ ဦးပါဝင်သော အုပ်စုတစ်ခုနှင့် အခြားသော အရေအတွက် မဖော်ပြထားသော ဖိလစ်ပိုင်နိုင်ငံသားများ၊ စင်ကာပူနိုင်ငံသားများကို ကယ်ထုတ်ရန် မြန်မာအာဏာပိုင်များနှင့် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။

 

၎င်းအဖွဲ့သည် တရုတ်နိုင်ငံသို့ ဝင်ရောက်ခွင့် ရရှိမည်ဖြစ်ပြီး တရုတ်နိုင်ငံ ကူမင်းမြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ စင်းလုံးငှားလေယာဉ် နှစ်စီးဖြင့် ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။ ၎င်းတို့ကို လူကုန်ကူးခြင်းနှင့် ရာဇဝတ်မှုမှတ်တမ်းများအတွက် စစ်ဆေးသွားမည်ဟု နိုင်ငံခြားရေး ဝန်ကြီးက ဖော်ပြထားသည်။

 

မြန်မာနိုင်ငံတွင် ပိတ်မိနေသော လူအချို့မှာ လူကုန်ကူးမှု သားကောင်များ ဖြစ်ပြီး ကျန်သူများမှာ ဆက်သွယ်ရေးလိမ်ညာမှုများတွင် ပါဝင်သူများဖြစ်ဖွယ်ရှိသည်ဟု အာဏာပိုင်များက ယခင်က ပြောကြားခဲ့သည်။

 

မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများသည် ဆက်သွယ်ရေးနှင့် အွန်လိုင်း လိမ်လည်မှုများ အတွက် ဗဟိုချက်တစ်ခု ဖြစ်လာသည်ဟု ကုလသမဂ္ဂက ဖော်ထုတ်ထားပြီး လူဦးရေ သိန်းချီ၍ ရာဇဝတ်ဂိုဏ်းများ၏ လူကုန်ကူးမှု ခံခဲ့ရပြီး အလိမ်အညာလုပ်ငန်းများနှင့် အခြားသော တရားမဝင် လုပ်ငန်းများတွင် အတင်းအကျပ်ခိုင်းစေခံခဲ့ရသည်ဟု ဖော်ပြထားသည်။

 

ယခုကယ်ထုတ်မှုသည် ထိုင်းနိုင်ငံသား ၄၁ ဦးပါဝင်သည့် အခြားအဖွဲ့တစ်ခုကို ကယ်တင်၍ ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့ပြီး တစ်ရက်အကြာတွင် ထပ်မံကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။

 

ကုလသမဂ္ဂ၏ ဖော်ပြချက်အရ တရုတ်နယ်စပ် ရှမ်းပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲ များကြောင့် လူဦးရေ ၂၀၀,၀၀၀ ကျော် ပြောင်းရွှေ့ခဲ့ရသည်ဟု သိရသည်။

 

ကိုးကား - Al Jazeera

ပုံစာ - နိုဝင်ဘာ ၁၈ ရက်နေ့က မယ်ဆိုင်မြို့သို့ သွားရောက်ရန် ဘတ်စ်ကားစီးနင်းလာသည့် မြန်မာနိုင်ငံမှ ကယ်ထုတ်လာခဲ့သော ထိုင်းနိုင်ငံသားများ။ (Photo: Royal Thai Army via AFP)

 

Burma Associated Press

ရှမ်း
၁၀၂၇ စစ်ဆင်ရေး
ထိုင်းနိုင်ငံ
ပဋိပက္ခ

Share With
bap-logo