bap-logo
Data

စစ်ကောင်စီ အကျဥ်းဦးစီးစခန်း လေးခုမှ လက်နက် ၁၀၀ ကျော် သိမ်းဆည်း ရရှိခဲ့

9wU9NEWn_Emi4Chyx3gdx-image

လွန်ခဲ့သော ၁၀ လ က

နိုဝင်ဘာ ၂၀။

 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ စစ်ကောင်စီအကျဉ်းဦးစီးစခန်း လေးခုကို တော်လှန်ရေးအဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ရာ လက်နက် ၁၀၀ ကျော် သိမ်းဆည်းရမိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ MOD က ထုတ်ပြန်သည်။

 

နောင်ချိုမြို့နယ် လွင်ကြီး အကျဥ်းဦးစီးစခန်း၊ ကျုအင်း အကျဥ်းဦးစီးစခန်း၊ ခိုဟို အကျဥ်းဦးစီးစခန်း၊ ကုန်းစံ အကျဥ်းဦးစီးစခန်း () ခုကို တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)တို့ တိုက်ခိုက်သိမ်းပိုက် ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

 

တိုက်ပွဲအတွင်း MA-11 (၅၀) လက်၊ MA-12 () လက်၊ MA-5 (၁၃) လက်၊ Shot Gun (၃၂) လက်၊ 5.56 ကျည် (၈၂၄၅၈) တောင့်၊ 9 MM (၅၁၁) တောင့်၊ 12 Bolt ကျည် (၁၅၉၂) တောင့် အပါအဝင် ဆက်စပ်စစ်သုံးပစ္စည်းများ သိမ်းပိုက်ရခဲ့ခြင်းဖြစ်သည်။

 

ဓာတ်ပုံ - MOD

 

Burma Associated Press

စစ်တပ်
လက်နက်
ပြည်သူ့ကာကွယ်ရေးတပ်မတော်
ကာကွယ်ရေးဝန်ကြီးဌာန

Share With
bap-logo