bap-logo
Politics

အီရန်က ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့များကို အရှိန်မြှင့်တိုက်ခိုက်ရန် စီစဉ်ထားမှုများ ပေါက်ကြားလာ

MehlGIiRXl6nLyhjNeKHw-image

လွန်ခဲ့သော တစ်နှစ် က

အီရန်သည် ဆီးရီးယားနိုင်ငံတွင် အမေရိကန်တပ်ဖွဲ့များကို နောက်တစ်ဆင့် ပြင်းထန်စွာ တိုက်ခိုက်ရန် လက်နက် တပ်ဆင်မှုများ ပြုလုပ်နေစဉ်မှာပင် ဒေသတွင်းမှ အမေရိကန်များကို မောင်းထုတ်ရန် ရုရှနှင့် နယ်စပ်မဟာ ဗျူဟာကို ဖော်ဆောင်လျက်ရှိသည်ဟု ထောက်လှမ်းရေး အရာရှိများနှင့် ပေါက်ကြားလာသော လျှို့ဝှက်စာရွက် စာတမ်းများတွင် ဖော်ထုတ်ပြောဆိုထားသည်။

 

ဝါရှင်တန်ပို့စ်မှ ရရှိထားသည့် လျှို့ဝှက်ထောက်လှမ်းရေး အစီရင်ခံစာများတွင် အီရန်နှင့် ၎င်းတို့၏ မဟာမိတ် များသည် ပိုမိုအားကောင်းသော သံချပ်ကာဖောက်ထွင်းနိုင်သည့် လမ်းနံဘေးများတွင် တပ်ဆင်ထားရှိနိုင်သော ဗုံးများကို တည်ဆောက်ခြင်းနှင့် အသုံးပြုနိုင်ရန် တပ်ဖွဲ့များကို လေ့ကျင့်ပေးခြင်းများ ပြုလုပ်နေကြောင်း ဖော်ပြ ထားသည်။ ထိုကဲ့သို့ တိုက်ခိုက်မှုများသည် ကြားခံပြည်သူ့ စစ်များကို အသုံးပြုပြီး ဆီးရီးယားရှိ အမေရိကန် တပ်ဖွဲ့များကို ဒုံးကျည်လက်နက်နှင့် ဒရုန်းတိုက်ခိုက်မှုများပြုလုပ်သည့် အီရန်၏ ကာလရှည်ကြာစွာ လုပ်ဆောင် နေသော တိုက်ခိုက်မှုများကို အရှိန်တိုးမြှင့်သည့် အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်သည်။

 

စာတိုပေးပို့ရန်အသုံးပြုသည့် Discord ပလက်ဖောင်းတွင် ပေါက်ကြားလာသည့် လျှို့ဝှက်စာရွက်စာတမ်း များသည် အီရန်နှင့် မဟာမိတ်ပြုထားသည့် ဆီးရီးယားနှင့် လက်ဘနွန်စစ်သွေးကြွများအကြား ဆက်သွယ်မှု များကို ကြားဖြတ်ဖမ်းယူထားခြင်းမှ ပေါ်ပေါက်လာခြင်း ဖြစ်ဖွယ်ရှိသည်။

 

ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်မှုများတွင် ရုရှတိုက်ရိုက်ပါဝင်ကြောင်း ဖော်ပြထားမှု မရှိသော်လည်း ပိုမိုကျယ်ပြန့်သည့် အမေရိကန် ဆန့်ကျင်မှုများတွင် မော်စကို၏ သက်ဝင်လှုပ်ရှားမှုအခန်းကဏ္ဍကို ပေါက်ကြားလာသည့် စာရွက်စာတမ်းများမှ ညွှန်ပြနေသည်။ အီရန်ကဲ့သို့ပင် ရုရှသည် အာဏာရှင် အာဆတ်၏ အာဏာတည်မြဲရေးနှင့် တစ်နိုင်ငံလုံး အစိုးရထိန်းချုပ်မှုအောက် ပြန်လည်ထားရှိနိုင်ရေးအတွက် ဆီးရီးယားပြည်တွင်းစစ်အတွင်း စစ်ရေး အရ ဝင်ရောက်စွက်ဖက်မှုများ ပြုလုပ်ခဲ့သည်။

 

ပင်တဂွန်ကမူ ပေါက်ကြားလာသည့် စာရွက်စာတမ်းများအကြောင်း မှတ်ချက်ပေးရန် ငြင်းဆိုထားပြီး ဆီးရီးယား ရှိ အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်ရန် ကြံစည်ထားသည့် အသေးစိတ် ထောက်လှမ်းရရှိမှုများအကြောင်း မေးခွန်းများကို တုံ့ပြန်ပြောဆိုခြင်း မရှိပါ။

 

Ref: Iran plans to escalate attacks against U.S. troops in Syria, documents show မှ ထုတ်နှုတ်ဖော်ပြသည်။

 

ပုံစာ - ဆီရီယားနိုင်ငံမြောက်ပိုင်းတွင် တွေ့ရသော အမေရိကန်တပ်ဖွဲ့များ၏ ယာဉ်တန်း။ (Alice Martins for The Washington Post)

 

ကိုးကား - The Washington Post

 

 

Burma Associated Press

အီရန်
ဆီးရီးယား
အမေရိကန်

Share With
bap-logo