bap-logo
Politics

ကျား-မ လစာကွာချက် ထုတ်ပြန်‌ရေးဥပဒေကို သြစတြေးလျအတည်ပြု

s1OOsn9iOMplruVknBrEF-image

လွန်ခဲ့သော တစ်နှစ် က

 ဆစ်ဒနီ - မတ် ၃၀။


 
ဩစတေးလျအစိုးရသည် နိုင်ငံအတွင်း အမျိုးသမီး၏လုပ်ငန်းခွင်အခြေအနေ တိုးတက် ကောင်းမွန်ရေး ကြိုးပမ်းချက်တစ်စိတ်တစ်ပိုင်းအနေဖြင့် လမည့်နှစ်အစောပိုင်းမှစ၍ ဝန်ထမ်း ၁၀၀ နှင့်အထက်ရှိသည့် ကုမ္ပဏီများအနေဖြင့် ကျား-မ လစာကွာဟမှုကို ထုတ်ပြန်ရန်လိုအပ်သည့် ဥပဒေတစ်ခုကို ကြာသပတေးနေ့က အတည်ပြုခဲ့သည်။


 
 ၂၀၂၃ ခုနှစ် သြစတြေးလျနိုင်ငံ၏ ကျား-မ လစာကွာဟချက်မှာ ၁၃ ဒဿမ ၃ ရာခိုင်နှုန်း ရှိကြောင်း တရားဝင် အချက်အလက်များအရ သိရသည်။


 
"လက်ရှိခန့်မှန်းချက်အရ ကျား-မ လစာကွာဟချက်ကို စေ့ဖို့ နောက်ထပ် ၂၆ နှစ်လောက် အချိန်ယူရပါဦးမယ်။ အမျိုးသမီးတွေ ဒီလစာကွာဟချက်ကို စေ့ဖို့ စောင့်ခဲ့ရတာ အချိန်တွေ ကြာခဲ့ပါပြီ။ ဒီအစိုးရက သူတို့ကို ရာစုနှစ်ရဲ့ နောက်ထပ်လေးပုံတစ်ပုံလောက် ထပ်စောင့်စေမှာ မဟုတ်ဘူး"ဟု အမျိုးသမီးရေးရာဝန်ကြီး ကေသီဂါလဂါက ထုတ်ပြန်ချက်တစ်ခုတွင် ပြောဆိုထားသည်။


 
ဗြိတိန်နိုင်ငံတွင် ဝန်ထမ်း ၂၅၀နှင့် အထက်ရှိသည့် ကုမ္ပဏီအားလုံးကို ကျား-မ လစာကွာဟချက် မဖြစ်မနေ အစီရင်ခံရန် ၂၀၁၇ ခုနှစ်တွင် ဥပဒေထုတ်ပြန်ခဲ့သည်။ ဥရောပသမဂ္ဂကလည်း အလားတူ ဥပဒေတစ်ခုကို ၂၀၂၁ ခုနှစ်တွင် ပြဌာန်းခဲ့သည်။


 
ယခုလအစောပိုင်းက ဩစတြေးလျပါလီမန်သည်  မိဘခွင့် ၂၆ ပတ်အထိ တိုးမြှင့်ပေးသည့် ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့သည်။


 
 
Source – Reuters/ပုံ - အမျိုးသမီးရေးရာဝန်ကြီး ကေသီဂါလဂါ

 

ဩစတေးလျ
အမျိုးသမီးများ
ကျားမရေးရာ

Share With
bap-logo