bap-logo
Politics

လားရှိုး- မန္တ​လေးကားခ ကျပ်တစ်သိန်း​ကျော်​နေ

WnMBodytsfAu3S_N7UIzg-image

လွန်ခဲ့သော တစ်နှစ် က

ဇန်နဝါရီ ၁၂။

 

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့မှာ မြို့သိမ်းတိုက်ပွဲဖြစ်တော့မယ်ဆိုတဲ့ သတင်း တွေကြောင့် မြို့ခံများရှောင်ပြေးဖို့ပြင်ဆင်နေကြပြီး လားရှိုး-မန္တလေးကားခ တစ်သိန်း ကျော်ထိ မြင့်တက်နေ တယ်လို့ လားရှိုးမြို့ခံတွေက ပြောပါတယ်။

 

"မြောက်ပိုင်းမြို့နယ်တွေဘက် ပြေးစရာမှမရှိတော့ မန္တလေးဘက်ပဲ နီးစပ်ရာ ပြေးဖို့ ပြင်ကြတာ၊ လိုင်းကားခတောင် တစ်သိန်းခွဲဆိုတော့ သာမန်လူတွေ မပြေးနိုင်ကြတော့ဘူး" လို့ လားရှိုးမြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

 

လားရှိုးမြို့ခံငွေတတ်နိုင်သူတွေ အများအပြား ကိုယ်ပိုင်ကားတွေနဲ့ ရှမ်းပြည်တောင်ပိုင်းနဲ့ မန္တလေးမြို့နဲ့ နီးစပ်ရာဒေသတွေမှာ တိမ်းရှောင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

 

လက်ရှိ လားရှိုး-ကျောက်မဲကားခ သောင်းကျော်ခန့် ပေးနေရပြီး၊ အချို့က ကျောက်မဲမြို့က ဆွေမျိုးရှိရာနေရာတွေကို သွားရောက်နေထိုင်တာလည်း ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

ဒီရက်ပိုင်းအတွင်း လားရှိုးမြို့မှာတိုက်ပွဲဖြစ်ပွားတာမရှိသေးပေမယ့်လက်နက်ကြီး ပစ်ခတ်သံတွေ နေ့စဥ်ကြားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

 

"ရှောင်ဖို့ကြတော့လည်း လမ်းစရိတ်အရမ်းများတယ်၊ ပြီးတော့ တခြားရှောင်ဖို့ နေရာ ကျတော့ အမျိုးမရှိဘူး၊အဲတာကြောင့် မြို့ထဲမှာပြေးဖို့နေရာမရှိလို့ နေနေကြသူတွေ အများကြီး ကျန်နေသေးတယ်"လို့ မြို့ခံတဦးကပြောပါတယ်။

 

ဇန်နဝါရီလ ရက်နေ့ ၁၀၂၇ စစ်ဆင်ရေး ၇၃ ရက်မြောက်နေ့မှာ ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီရဲ့ သိန္နီအခြေစိုက်စကခ (၁၆) နောက်တန်းဌာနချုပ် နဲ့ကွတ်ခိုင် ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင် မဟာမိတ် ဖွဲ့ကအသိပေးထားပါတယ်။

 

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင် မဟာမိတ် ဖွဲ့ကသိမ်းပိုက်ထားတဲ့ မြို့ပေါင်း ၁၆ မြို့ ရှိလာပြီလို့ သိရပါတယ်။

 

ပုံစာ - လားရှိုးမြို့တွင်း တစ်နေရာ

 

Burma Associated Press

လားရှိုးမြို့
ဒုက္ခသည်
အရပ်သား
မန္တလေး

Share With
bap-logo