bap-logo
Politics

အမေရိကန်က ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ အား စစ်ကောင်စီထံ ငွေပေးချေရမှုမှ ကင်းလွတ်ခွင့်ပြုခဲ့

K7Z9vDn5Zhg0TI8Hq4xyq-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နဝါရီ ၂၈

 

အမေရိကန်အစိုးရသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်၏ ဘဏ္ဍာရေးလမ်းကြောင်းကို ဖြတ်တောက်ရန် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့်ကြားမှ ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုအား တပ်ပိုင်ကုမ္ပဏီတစ်ခုထံ ငွေပေးချေမှုကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ဂျပန်အစိုးရတာဝန်ရှိသူ တစ်ဦးက သောကြာနေ့က ပြောကြားခဲ့သည်။

 

အဆိုပါငွေပေးချေမှုသည် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ရက်မတိုင်မီ ရန်ကုန်မြို့ရှိ ဂျပန်အစိုးရ ထောက်ပံ့ထားသည့် တံတားတည်ဆောက်လုပ်ရေးနှင့် သက်ဆိုင်ကြောင်း သိရသည်။

 

အမေရိကန်ဘဏ္ဍာရေးဌာနက ၎င်းတို့အနေဖြင့် ဂျပန်ကုမ္ပဏီ Yokogawa Bridge Corporation အတွက် မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ (MEC) ထံ ငွေပေးချေခွင့် လိုင်စင်ထုတ်ပေးခဲ့ခြင်း ရှိမရှိ အတည်မပြုနိုင်ကြောင်း ပြောကြားခဲ့သည်။

 

အမည်မဖော်လိုသည့် ဂျပန်နိုင်ငံခြားရေးဌာနမှ အရာရှိတစ်ဦးက Yokogawa Bridge Corporation ဆောက်လုပ်ရေးကုမ္ပဏီသည် ရန်ကုန်ရှိ တံတားဆောက်လုပ်ရေးစီမံကိန်းနှင့်ပတ်သက်၍ အမေရိကန် အာဏာပိုင်များနှင့် ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။

 

ဒီကိစ္စမှာ အမေရိကန်အာဏာပိုင်တွေဘက်က သူတို့ရဲ့ အရေးယူပိတ်ဆို့မှုကို ခြွင်းချက်ထားပေးဖို့ သဘော တူတဲ့အတွက် ဒီပရောဂျက်ကို ဆက်လုပ်နိုင်ခဲ့ပါတယ်ဟု ဂျပန်တာဝန်ရှိသူက ရိုက်တာသတင်းဌာနအား ပြောကြားခဲ့သည်။ သို့သော် အမေရိကန်အစိုးရဘက်က မည်သည့်အတွက် ချွင်းချက်ထားပေးရခြင်း အကြောင်းအရင်းအပေါ်  အမှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

 

အာဏာသိမ်းကာလအတွင်း အတိုက်အခံများကို သွေးထွက်သံယိုဖြိုခွင်းမှု၊ ဆိုးရွားသောလူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ထားသည့် မြန်မာစစ်တပ်နှင့် MEC သည် အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံ များ၏ အရေးယူဒဏ်ခတ်မှုအသစ် ချမှတ်ခံထားရသည်။

 

ဂျပန် Yokogawa Bridge Corporation ဆောက်လုပ်ရေးကုမ္ပဏီသည် ၂၀၂၂ ခုနှစ် ဇူလိုင်မှ နိုဝင်ဘာလအတွင်း ဦးပိုင်ကုမ္ပဏီထံ အမေရိကန်ဒေါ်လာ ဒဿမ သန်းကို ဂျပန်နိုင်ငံရှိ Mizuho Bank မှတဆင့် လွှဲပြောင်း ပေးခဲ့ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောကြားခဲ့သည်။

 

စစ်ကောင်စီထံ ငွေပေးချေမှုနှင့်ပတ်သက်၍ ဆောက်လုပ်ရေးမိခင်ကုမ္ပဏီ Yokogawa Bridge Holdings Corp အပြင် Mizuho Bank Ltd ကပါ မှတ်ချက်ပေးရန် ငြင်းဆိုထားသည်။

 

အဆိုပါငွေပေးချေမှုသည် မြန်မာစစ်တပ်အား ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှု ဆက်လက် ကျူးလွန် နိုင်အောင် ကူညီထောက်ပံ့ခြင်းဖြစ်ပြီး ဂျပန်အစိုးရအနေဖြင့် မြန်မာစစ်တပ်အတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဖွံ့ဖြိုးမှုမဟုတ်သည့် မည်သည့်အကူအညီမှု ဆက်လက် ပေးအပ်ခြင်း မပြုရန် HRW မှ အာရှပရိုဂရမ်အရာရှိ Teppei Kasai က ပြီးခဲ့သည့် တနင်္လာနေ့က တောင်းဆိုခဲ့သည်။

 

တိုကျိုအစိုးရသည် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံထောက်ပံ့ကူညီရေးကိုရပ်ဆိုင်းထားပြီး အကြမ်းဖက် မှု ရပ်တန့်ရန် စစ်ကောင်စီကို တောင်းဆိုထားသည်။ သို့သော် ဂျပန်အစိုးရ၏ အရေးယူဆောင်ရွက်မှုမှာ အမေရိကန်၊ ဥရောပသမ္မဂနှင့် အခြားသောကမ္ဘာ့နိုင်ငံများလောက် ပြင်းထန်မှု မရှိသည်ကို တွေ့ရှိရသည်။

 

Ref – Reuters

 

ဓာတ်ပုံ - Twitter

 

Burma Associated Press

အမေရိကန်
ဂျပန်
စစ်ကောင်စီ
စစ်တပ်
အာဏာသိမ်း

Share With
bap-logo