bap-logo
Data

ပြည်သူလူထု၏ ပိုင်ဆိုင်မှု ၇၅၀ ခုထက်မနည်းကို စစ်ကောင်စီက ချိပ်ပိတ် သိမ်းဆည်းခဲ့

Jvt8pPHSfmLlEKfL_6DsD-image

လွန်ခဲ့သော တစ်နှစ် က

ဧပြီ ၂၅။

အာဏာသိမ်းပြီးချိန်မှ ယခုနှစ် မတ်လ ၃၁ ရက်နေ့အထိ စစ်အုပ်စုသည် မြန်မာနိုင်ငံအနှံ့က ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထား၍ ၎င်းတို့၏ နေအိမ်၊ အဆောက်အဦနှင့် အကြီးစားပစ္စည်းစသည့် ပိုင်ဆိုင်မှုပေါင်း အနည်းဆုံး (၇၅၁) ခုကို ချိပ်ပိတ်သိမ်းဆည်းခဲ့ပြီးဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP ထံမှသိရသည်။

 

အဆိုပါ ချိပ်ပိတ်သိမ်းဆည်းမှုများသည် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူနှင့် အရပ်သား ၆၃၆ ဦး၏ ပိုင်ဆိုင်မှု များဖြစ်ကာ ယင်းတို့အနက် အနည်းဆုံး လူ (၃၀၀) မှာ လွှတ်တော်အမတ်များ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်/သို့မဟုတ် အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်ကို ထောက်ခံသူများ ပါဝင်သည်ဟု AAPP က ဆိုသည်။

 

ပုံစာ - စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းခဲ့သည့် နေအိမ်အဆောက်အဦအချို့ (ဓာတ်ပုံ - လူမှုကွန်ရက်)

Burma Associated Press

စစ်ကောင်စီ
အာဏာသိမ်း
အရပ်သား
အိမ်

Share With
bap-logo