bap-logo
Data

အာဏာသိမ်းပြီးနောက် Free Burma Rangers အဖွဲ့ဝင် ၁၂ ဦး ကျဆုံးခဲ့ပြီးဖြစ်

a-VpjslK-LhGypwHph7ZD-image

လွန်ခဲ့သော တစ်နှစ် က

ဧပြီ ၂၄။

ယခုလ ၁၁ ရက်က KNU ညောင်လေးပင်ခရိုင်တွင် ရိန်းဂျားတပ်ဖွဲ့ ကလေးများ အစီအစဉ်၏ ခေါင်းဆောင် တစ်ဦး ဖြစ်သည့် သန့်ဇော်ထွေးသည် စစ်ကောင်စီ၏ မြေမြှပ်မိုင်းကြောင့် သေဆုံးခဲ့သည်ဟု Free Burma Rangers-FBR ၏ လူမှုကွန်ရက်စာမျက်နှာ၌ ယနေ့ ဧပြီလ ၂၄ ရက်တွင် ထုတ်ပြန်သည်။

 

BAP က စုစည်းထားသည့် အချက်အလက်များအရ မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် စစ်တပ်၏ တိုက်ခိုက် မှုများကြောင့် ကျဆုံးခဲ့ရသည့် Free Burma Ranger အဖွဲ့ဝင် စုစုပေါင်း ၁၂ ဦးရှိလာပြီဖြစ်သည်။

 

၂၀၂၁ ခုနှစ်တွင် ၂ ဦးနှင့် ၂၀၂၂ ခုနှစ်တွင် ၆ ဦး၊ ၂၀၂၃ တွင် ၄ ဦး တို့ဖြစ်သည်။

 

ကျဆုံးသူများတွင် အမျိုးသမီးတပ်ဖွဲ့ဝင် တစ်ဦးလည်းပါဝင်သည်။

 

FBR တပ်ဖွဲ့ဝင်တို့သည် ကရင်နီတွင် ၆ ဦး၊ ကရင်တွင် ၅ ဦးနှင့် ရှမ်းတွင် ၁ ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။

 

Free Burma Ranger အဖွဲ့သည် စစ်ပွဲဖြစ်ပွားရာဒေသများရှိ ဒေသခံပြည်သူများအား ကယ်ဆယ်ခြင်း၊ ဆေးကုသ မှုပေးခြင်း၊ စိတ်ခွန်အားပေးခြင်းနှင့် အခြားသော လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးနေသည့်အဖွဲ့ ဖြစ်သည်။

 

တိုက်ပွဲအတွင်း အရပ်သားများကို ကယ်ဆယ်/ဆေးကုသစဥ် စစ်ကောင်စီတပ်၏ လက်နက်ကြီး ထိမှန်ခြင်း၊ လေကြောင်းတိုက်ခိုက်ခံရခြင်းနှင့် ဖမ်းဆီး သတ်ဖြတ်ခံရခြင်းစသည့် အကြောင်းအရင်းများကြောင့် Ragner များ ကျဆုံးခဲ့ရသည်။

 

ပုံစာ - ယခုလ ၁၁ ရက်က KNU ညောင်လေးပင်ခရိုင်တွင် ကျဆုံးခဲ့သည့် FBR ၏ ကလေးများ အစီအစဉ် ခေါင်းဆောင် သန့်ဇော်ထွေး (ဓာတ်ပုံ - Free Burma Ranger)

 

Burma Associated Press

မြန်မာ
အာဏာသိမ်း
စစ်ကောင်စီ
FBR
အသတ်ခံရ

Share With
bap-logo