Data
တော်လှန်ကာလ ၂ နှစ်တာအတွင်း CDF-တပ်ဖွဲ့ဝင် ၅၅ ဦး ကျဆုံး၊ စစ်သား ၄၅၄ ဦး သေဆုံးခဲ့
လွန်ခဲ့သော ၃ နှစ် က
ဧပြီ ၂၄။
စစ်အာဏာသိမ်းပြီး တော်လှန်ကာလ ၂ နှစ်တာအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၅ ဦး ကျဆုံး ပြီး စစ်ကောင်စီတပ်သား ၄၅၄ ဦး သေဆုံးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့-CDF Mindatက ယနေ့ ထုတ်ပြန်သည်။
ထို့ပြင် ၂ နှစ်အတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့-CDF Mindatများနှင့် စစ်ကောင်စီတို့အကြား ထိတွေ့ တိုက်ပွဲပေါင်း ၂၁၈ ကြိမ် ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က မင်းတပ်မြို့၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ လူမဲ့သပိတ် ‘NUG’ စာတမ်းကို ရေးသားနေသည့် ပြည်သူ ၇ ဦးကို စစ်တပ်က အကြမ်းဖက်ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။
ထိုအချိန်မှစ၍ မင်းတပ်တစ်မြို့နယ်လုံးရှိ ပြည်သူများက စစ်တပ်ကို ရရာလက်နက်ဖြင့် ယနေ့ထိတိုင် ပြန်လည် ခုခံတော်လှန်နေသည်ဟုလည်း CDF Mindatက အသိပေးထားသည်။
ဓာတ်ပုံ - CDF Mindat
မင်းတပ်
စစ်သားများ
စစ်တပ်
ချင်း
Top News
Phishing (ဟန်ဆောင်၍ အချက်အလက်ခိုးယူခြင်း)
လွန်ခဲ့သော ၂ ရက် က
'တန်ဖိုးသင့်ညစာ' ဖြင့် လူသိများကာ ပြည်သူ့ဂုဏ်ရည်ဆု ရခဲ့သူ ဒေါက်တာနန္ဒဝင်းကို ဆုပေးသည့် အဖွဲ့က ဆုနှင့်မထိုက်တန်ဟုဆို
လွန်ခဲ့သော ၈ ရက် က
ရှီနှင့် “အရာအားလုံး နီးပါး” သဘောတူညီမှုရဟု ထရန့်ပြော
လွန်ခဲ့သော ၁၁ ရက် က
Articles
Share With