bap-logo
Politics

ရေဘေးကယ်ဆယ်ရေးဆိုပြီး စစ်မှုထမ်းသင်တန်းဆင်းတွေကို ရှေ့တန်းပို့နေ

Jiu9LfmuVoRtfBdjp96DO-image

လွန်ခဲ့သော ၁၆ ရက် က

BAP၊ အောက်တိုဘာ ၂။



စစ်ကောင်စီက မြို့လုံခြုံရေးနဲ့ ရေဘေးကယ်ဆယ်ရေးအတွက်ဆိုပြီး စစ်မှုထမ်းသင်တန်းဆင်းတဲ့ တပ်သား သစ်တွေကို ရှေ့တန်းပို့နေတယ်လို့ ထွက်ပြေးလာတဲ့ တပ်သားတွေဆီကနေ BAP က သိရပါတယ်။



ကရင်ပြည်နယ်ရှေ့တန်းတွေဆီကို လိမ်လည်ပို့ဆောင်နေတယ်” လို့ အမှတ် (၉၀၄) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။



သင်တန်းသားသစ်တွေအတွက် အခြေခံစစ်သင်တန်းကို နှစ်လခန့်သာ ပေးပြီး ရှေ့တန်းပို့နေတာလို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။



အခုချိန်မှာ မင်းအောင်လှိုင်ရဲ့စစ်တပ်အတွက်လိုအပ်နေတာက အရည်အချင်းမဟုတ်ဘဲ အရေ အတွက်သာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အရပ်သား ပြည်သူတွေကို အဓမ္မခေါ်ဆောင်ပြီးစစ်မှုထမ်းခိုင်းတယ်။ ဘာမှလည်း ကောင်းကောင်းမသင်ပေးဘူး” လို လုံခြုံရေးအရ အမည်ဖော်ပြလို့မရတဲ့ ထွက်ပြေးလာသူ စစ်မှုထမ်းတစ်ဦးက BAP ကိုပြောပါတယ်။



စစ်မှုထမ်းသစ်တွေကို ကိုယ့်မြို့ကိုယ်ရွာမှာပဲ လုံခြုံရေးအနေနဲ့ ချထားပေးမယ်ဆိုပြီး စစ်တပ်နဲ့ သူရဲ့ လော်ဘီတွေက ပြောဆိုစည်းရုံးနေကြပါတယ်။ ဒါပေမဲ့ လက် တွေ့မှာ အခြေခံစစ်သင်တန်းပြီးဆုံးအောင် သင်ယူထားခြင်းမရှိတဲ့ လူသစ်တွေကို နည်းမျိုးစုံနဲ့ ရှေ့တန်းကိုအပို့ခံနေရတယ်လို့ စစ်ရေးသတင်းရင်းမြစ် ကဆိုပါတယ်။



ကျနော်တို့ဆီဝင်လာတဲ့ စစ်မှုထမ်းတွေဆို အသက်မပြည့်သေးတာတွေတောင်ပါတယ်။ ရေဘေးကယ်ဆယ်ရေး သွားရမယ်ဆိုပြီး ဟိုတလောကပဲ ခြေလျင်စစ်ကြောင်းတက်သွားကြတယ်။ ဘာမှအတွေ့ကြုံမရှိ နားမလည်တဲ့ကလေးတွေ မင်းအောင်လှိုင်ကြောင့် သေကြရဦးမယ်” လို့ အမှတ် (၉၀၄) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။



စစ်မှုထမ်းတွေရဲ့ မိသားစုဝင်တွေကိုလည်း တာဝန်ယူမယ်ပြောပေမယ့်လည်း အထောက်အပံ့ မရသူတွေလည်း ရှိနေတယ်လို့ ဧရာဝတီတိုင်းက အဓမ္မစစ်သားစုဆောင်းခံရသူတစ်ဦးရဲ့ မိသားစုကဆိုပါတယ်။



ကျွန်မတို့ကဆင်းရဲတယ် အိမ်ငှါးနေရတာ။ သားငယ်စစ်မှုထမ်းရင် နေစရာပေးမယ် ငွေကြေးထောက်ပံ့မယ် ပြောပြီး ခေါ်သွားတာ အခုထိ ဘာမှ မရဘူး”လို့ သူကပြောပါတယ်။



စစ်ကောင်စီတပ်အနေနဲ့ စစ်မှုထမ်းဥပဒေပြဌာန်းပြီး အဓမ္မ စစ်သားစုဆောင်းလာခဲ့တာ အခုဆို အပတ်စဉ်(၅) အထိရှိနေပြီပဲဖြစ်ပါတယ်။ ရခိုင်၊ ကရင်၊ ရှမ်းမြောက်နဲ့ စစ်ကိုင်းတိုင်းရဲ့ ရှေ့တန်းနေရာတွေမှာလည်း စစ်မှုထမ်းအများအပြားဖမ်းဆီးခံရတာတွေ တိုက်ပွဲမှာကျဆုံးတာတွေရှိနေပါတယ်။



ရေဘေးကြောင့် နလန်ပြန်ထူဖို့ ကြိုးပမ်းနေရတဲ့နေရာတွေမှာလည်း စစ်တပ်က စစ်သင်တန်း အပတ်စဉ် (၆) အတွက် စစ်သားစုဆောင်းတာတွေလုပ်နေပါတယ်။



Burma Associated Press

 

 

စစ်မှုထမ်းဥပဒေ
စစ်ကောင်စီ

Share With
bap-logo