Politics
စစ်ကောင်စီထံက ကောလာဟလတွေကြောင့် လားရှိုးဒေသခံတွေ မြို့ကို စွန့်ခွာနေကြ
လွန်ခဲ့သော ၄ လ က
BAP၊ စက်တင်ဘာ ၂၇။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ခံတွေကို အခု စက်တင်ဘာလကုန်မှာ မြို့ကနေထွက်ခွာကြဖို့ စစ်ကောင်စီ အဖွဲ့တွေက ပြောဆိုနေတယ်ဆိုတဲ့ ကောလာဟတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပြီး မြို့ခံအချို့ နေရပ်စွန့်ခွာဖို့ ပြင်နေကြတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
"သူတို့က မြို့ပြန်သိမ်းဖို့ လေကြောင်းကနေတိုက်တော့မှာ သူတို့အတွက်မြေကျန်ရင်ပြီးပြီ ဆိုပြီးပြောလာကြတယ်၊ အခုပြန်ပြေးကြရတော့မယ်"လို့ လားရှိုးမြို့ခံတဦးက ပြောပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို စက်တင်ဘာလ၂၅ ရက် မနက် ၁ နာရီခွဲအချိန်က စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
စက်တင်ဘာလလ၂၇ရက်နေ့ ဒီနေ့မှာလည်း လားရှိုးစျေးကိုဗုံးကြဲချခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမူတွေရှိခဲ့ပြီး ပြည်သူတွေအထိတ်တလန့်ဖြစ်ခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စက်တင်ဘာလ၂၅ ရက် မနက်က လားရှိုးမြို့ ရပ်ကွက် (၂)က ရထိုက်နဲ့ Golden Sunflower ဟိုတယ်မှာ ဗုံး ၂လုံးကျရောက်ပေါက်ကွဲခဲ့ရာက ပြည်သူ ၉ ဦး ဒဏ်ရာရပြီး အဆောက်အဦနဲ့ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံအချို့က ပြောပါတယ်။
"နောက်ရက်တွေဆက်တိုက်လေယာဥ်နဲ့မြို့ပြန်သိမ်းတော့မယ့်သဘော၊ နေအိမ်ပြန်လာနေသူတွေလည်း စစ်ထပ် ရှောင်ရပြန်ပြီ၊ ခုအထုပ်တွေသိမ်းပြီးပြေးရတော့မယ်၊ ဘာပစ္စည်းမှာမကျန်တဲ့ထိသူတို့က မြို့ကို ပြာဖြစ်အောင် ကြဲမှာ၊ ဒါကြောင့် ခုမနေရဲကြဘူး၊ ထပ်ပြေးရတော့မယ်"လို့ မြို့ခံတဦးက ပြောပါတယ်။
လားရှိုးမြို့ခံအများအပြားဟာ ရှမ်းတောင်ပိုင်းနဲ့ မန္တလေးမြို့တွေမှာ ရှောင်ပြေးခဲ့နေရတာပါ။
ဒီရက်ပိုင်းအတွင်းစစ်ကောင်စီက ဗုံး ကြဲချခဲ့ရာကနေ နေအိမ် ၊အဆောက်အဦးအများအပြား မီးလောင်ပျက်စီး ခဲ့တယ်လို့ လားရှိုးမြို့ပြန်လည်ထူထောင်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ် ။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးကို ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားတာဖြစ်ပါတယ်။
လားရှိုးမြို့က အများပြည်သူပိုင် နေရာတွေကို စစ်ကောင်စီတပ်ကအကြိမ်ပေါင်းများစွာ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ထိခိုက်မူတွေကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါ။
MNDAAဟာ ပြီးခဲ့တဲ့စက်တင်ဘာ ၁၈ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နဲ့စစ်ရေး၊ နိုင်ငံရေ းအရ ပူးပေါင်းခြင်း၊ စစ်မြေပြင်ချဲ့ထွင်ခြင်း၊ မန္တလေးနဲ့တောင်ကြီးကို ထိုးစစ်ဆင် တိုက်ခိုက်တာတွေ လုံးဝပြုလုပ်မှာ မဟုတ်ဘူးဆိုပြီးထုတ်ပြန်ထားပါတယ်။
မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ဟာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှ စတင်ပြီး ရှမ်းပြည်နယ်မြောပိုင်းမှာ “၁၀၂၇” စစ်ဆင်ရေး ဖော်ဆောင်ခဲ့တာပါ။
ပုံစာ- လားရှိုးမြို့ကို စစ်တပွက ဗုံးကြဲထားမှုမြင်ကွင်းများ (ဓါတ်ပုံ- လူမှုကွန်ရက်)
Top News
လွန်ခဲ့သော ၃ ရက် က