bap-logo
Data

အုပ်ချုပ်ရေးမှူး ၇၀၀ ကျော် သတ်ဖြတ်ခံခဲ့ရဟု စစ်ကောင်စီဘက်က ပြောလာ

xbXH9M7l21dRdCZtHdcx2-image

လွန်ခဲ့သော ၂ နှစ် က

ရန်ကုန်၊ မတ် ၇။

 

စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်အထိ ကာလတွင်း အုပ်ချုပ်ရေးမှူး ၇၃၂ ဦး အသက်ဆုံးရှုံးခဲ့သည်ဟု စစ်ကောင်စီဘက်က ယနေ့ ထုတ်ပြောလာခဲ့သည်။

 

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ အပေါ် အပြန်အလှန်ဆွေးနွေးမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏တုံ့ပြန်ချက်တွင် ထိုသို့ ဖော်ပြခဲ့ခြင်း ဖြစ်သည်။

 

 

စစ်ကောင်စီ၏ ဖော်ပြချက်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်အထိကာလအတွင်း အုပ်ချုပ်ရေးမှူးများအပါအဝင် လူပေါင်း ၅,၁၅၅ ဦး အသက်ဆုံးရှုံး ခဲ့ရသည်ဟု ဖော်ပြထားသည်။

 

နိုင်ံငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-AAPP ၏ မှတ်တမ်းများတွင်မူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၇ ရက်အထိ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ  ,၁၁၁ ဦး ရှိခဲ့ပြီဟုသိရသည်။ ထို့အပြင် အာဏာသိမ်းထားသည့်ကာလအတွင်း ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ ၁၆,၃၈၀ ဦးရှိပြီး ၎င်းတို့အနက်မှ ၄,၉၆၉ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည်ဟုဆိုသည်။

 

၂၀၂၃ ခုနှစ် မတ်လ ၇ ရက် အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင် များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၃) ဦးရှိပြီဖြစ်သည်။ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၁) ဦး အပါအဝင် (၁၂၀) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်း ခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၄) ဦးရှိပြီဖြစ်သည်ဟု AAPP ၏ မှတ်တမ်းများအရသိရသည်။

 

ပုံစာ - ၂၀၂၂ အောက်တိုဘာတွင် တော်လှန်ရေးအင်အားစုများက ရှင်းလင်းခဲ့သည်ဟု ကြေညာခဲ့သည့် မြို့နယ် အုပ်ချုပ်ရေးမှူး ကျော်မိုးဦး (ဓာတ်ပုံ - လူမှုကွန်ယက် )

 

Burma Associated Press

စစ်ကောင်စီ
အုပ်ချုပ်ရေးမှူး
အသတ်ခံရ

Share With
bap-logo