bap-logo
Data

အာဏာသိမ်းကာလ တနင်္သာရီတိုင်းတွင် အရပ်သားသေဆုံးသူ ၃၉၄ ဦးနှင့် ဒဏ်ရာရသူ ၁၄၆ ဦးရှိခဲ့

-McTE70OGaSujQ4nD4Lzd-image

လွန်ခဲ့သော ၂ နှစ် က

တနင်္သာရီ၊ မတ် ၅။

 

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ယခုနှစ် ဖေဖော်ဝါရီလအထိနှစ်နှစ်အတွင်း အရပ်သားထိခိုက်မှု (Civilian casualty) စုစုပေါင်း ၅၄၀ ဦးရှိခဲ့ကာ သေဆုံးသူ ၃၉၄ ဦးနှင့် ဒဏ်ရာရသူ ၁၄၆ ဦးရှိခဲ့သည်ဟု သုတေသနအဖွဲ့တစ်ခုဖြစ်သည့် Southern Monitor က ဆိုသည်။

 

၂၀၂၁ ခုနှစ်အတွင်း အရပ်သားသေဆုံးသူ စုစုပေါင်း ၈၇ ဦး၊ ဒဏ်ရာရသူ ၅၆ ဦး၊ ၂၀၂၂ ခုနှစ်အတွင်း အရပ်သားသေဆုံးသူ စုစုပေါင်း ၂၄၈ ဦး၊ ဒဏ်ရာရသူ ၇၂ ဦး၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း အရပ်သားသေဆုံးသူ စုစုပေါင်း ၃၄ ဦးနှင့် ဒဏ်ရာရသူ ၁၀ ဦးအထိ ရှိခဲ့သည်ဟုဆိုသည်။

 

လောင်းလုံမြို့နယ်သည် အရပ်သားထိခိုက်မှုအများဆုံးအဖြစ် သေဆုံးသူ ၁၀၇ ဦးနှင့် ဒဏ်ရာရသူ ၂၉ ဦးရှိခဲ့သည်ဟုဆိုသည်။

 

ရေဖြူ၊ ထားဝယ်၊ ပုလော၊ သရက်ချောင်းမြို့နယ်များတွင်လည်း အရပ်သားထိခိုက်မှု များပြားခဲ့သည်ဟု Southern Monitor က ဆိုသည်။

 

Southern Monitor ၏ အချက်အလက်များအရ တနင်္သာရီတိုင်းအတွင်းမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ တိုက်ပွဲဖြစ်စဉ် (၃၅၈) ကြိမ်၊ ဗုံးကွဲခြင်း၊ မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း ဖြစ်စဉ် (၂၄၃) ကြိမ်၊ လုပ်ကြံသတ်ဖြတ်မှုနှင့် အရပ်သားထိခိုက်မှုဖြစ်စဉ် (၃၉၇) ကြိမ်၊ စုစုပေါင်း အကြမ်းဖက် ပဋိပက္ခဖြစ်စဉ် (၉၉၈) ကြိမ်ဖြစ်ပွားခဲ့သည်ဟုဆိုသည်။

 

 

အဆိုပါ ဖြစ်စဉ်အများစုသည် ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်အတွင်းက မြို့နယ်များတွင် အများဆုံး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟုလည်းဆိုသည်။

 

 

 

ထို့အပြင် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ စစ်ကောင်စီတပ်ဖွဲ့များနှင့် လက်အောက်ခံအဖွဲ့အစည်းများ၏ လက်ချက်ကြောင့် အရပ်သားနေအိမ် ၄၃၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရ သည်ဟုလည်း သိရသည်။

 

ဓာတ်ပုံ - Southern Monitor

 

တနင်္သာရီ
အရပ်သား
မီးရှို့ခံရ
စစ်ကောင်စီ
သေဆုံး

Share With
bap-logo