bap-logo
Politics

CIA သူလျှိုဟု သံသယရှိသော စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်း အလုပ်သမားတစ်ဦးကို တရုတ် ဖမ်းဆီး ထိန်းသိမ်း

HlDfGTypb2q_ckBZxpQQT-image

လွန်ခဲ့သော တစ်နှစ် က

CIA အတွက် သူလျှိုလုပ်ပေးနေသည်ဟု သံသယရှိသဖြင့် စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းတစ်ခုမှ အလုပ်သမား တစ်ဦးကို တရုတ်က ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု အမျိုးသားလုံခြုံရေး အာဏာပိုင် များက သောကြာနေ့တွင် ပြောကြားသည်။ ၎င်းကဲ့သို့ ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းမှာ ဘေဂျင်းနှင့် ဝါရှင်တန်အကြား သလျှိုလုပ်မှုဖြင့် အများသိ စွပ်စွဲပြောကြားနေမှုများအပြင် ထပ်မံပေါ်ပေါက် လာခြင်းဖြစ်သည်။

 

စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းတစ်ခုမှ မျိုးရိုးအမည် Zeng ဟူသော အလုပ်သမားတစ်ဦးကို CIA သို့ စစ်ရေးလျှို့ဝှက်ချက်များ ပေးပို့နေပြီး ငွေပမာဏအမြောက်အများရရှိနေသည်ဟု တရုတ်နိုင်ငံ၏ အရပ်သား ထောက်လှမ်းရေးဌာနဖြစ်သော နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တစ်စောင်တွင် ဖော်ပြ ထားသည်။

 

အသက် ၅၂ နှစ်အရွယ်ရှိ သံသယတရားခံကို ၎င်း၏ အလုပ်ရှင်က ပညာသင်ရန်အတွက် အီတလီသို့ ပို့ဆောင် ပေးခဲ့သည်။ အီတလီတွင် "အမေရိကန် သံရုံးအရာရှိတစ်ဦး” နှင့် တွေ့ဆုံခဲ့ပြီး ၎င်းအရာရှိ သည် နောင်တွင် CIA ကိုယ်စားလှယ်တစ်ဦးဖြစ်နေသည်ဟု ဝန်ကြီးဌာနက စွပ်စွဲထားသည်။

 

“Zeng သည် အနောက်နိုင်ငံတန်ဖိုးများဖြင့် မှိုင်းတိုက်ပေးခဲ့သော အမေရိကန်အရာရှိအပေါ် စိတ်ပိုင်း ဆိုင်ရာ မှီခိုမှု တဆတဆ တိုးပွားလာခဲ့သည်။ဟု ဝန်ကြီးဌာန၏ WeChat စာမျက်နှာတွင် ဖော်ပြထားသည်။

 

အမေရိကန်အရာရှိက တရုတ်သံသယတရားခံကို ငွေကြေးအမြောက်အများပေးမည်ဟု ကတိပေး ခဲ့ကြောင်း၊ ၎င်း၏ မိသားစု အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်နိုင်ရန်အတွက် ၎င်း၏ အလုပ်မှ သိရှိရသော တရုတ်စစ်တပ်၏ အရေးကြီး အချက်အလက်များနှင့် ဖလှယ်နိုင်ကြောင်းလည်း ကတိပေးပြောကြားခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။

 

နိုင်ငံခြားပညာသင်မှု ပြီးဆုံးသောအခါ Zeng သည် တရုတ်သို့ ပြန်လာခဲ့ကာ CIA ကိုယ်စားလှယ်နှင့် အကြိမ်ကြိမ် လျှို့ဝှက်တွေ့ဆုံခဲ့ပြီး အရေးကြီး သတင်းအချက်အလက် အမြောက်အများ ပေးအပ်ခဲ့သောကြောင့် ငွေကြေးများ ရရှိခဲ့သည်။” ဟု ဝန်ကြီးဌာနက ပြောသည်။

 

သံသယတရားခံကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဆက်လက်စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေ သည်ဟု လည်း ဖော်ပြထားသည်။

 

၎င်းကြေငြာချက်သည် ဝါရှင်တန်နှင့် ဘေဂျင်းအကြား အများသိစွပ်စွဲပြောကြားနေကြသည့် သူလျှို လုပ်မှုများ အနက် နောက်ဆုံးထွက်ပေါ်လာခြင်းဖြစ်သည်။

 

ပြီးခဲ့သည့်အပတ်တွင် အမေရိကန်က အမေရိကန် ရေတပ်သားနှစ်ဦးကို စစ်ရေးလျှို့ဝှက်ချက်များ တရုတ်သို့ ပေးပို့နေသည်ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။

 

အမေရိကန်ပိုင်နက်အတွင်း သံသယရှိဖွယ် တရုတ်သူလျှိုလေဘောလုံးကို ပစ်ချခဲ့ပြီးနောက် တရုတ်နှင့် အမေရိကန်တို့၏ ဆက်ဆံရေးသည် အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့သည်။

 

ကိုးကား - AP

ပုံစာ - မေလ ၁၃ ရက် ၂၀၂၃ ခုနှစ်က ဘေဂျင်းမြို့တွင် ကျင်းပခဲ့သော နွေဦးပွဲတော် အစားအသောက် ရောင်းချသည့်ဆိုင်မှ တရုတ်နှင့် အမေရိကန်အလံများ။ (Photo: AP Photo/Andy Wong, File)

 

တရုတ်
အမေရိကန်
သူလျို
CIA

Share With
bap-logo