bap-logo
Politics

ဂျပန်စစ်တပ် ကွန်ရက်ကို တရုတ် ဖောက်ထွင်းတိုက်ခိုက်

xMXR6FZq7OM6mPv3ZqZBG-image

လွန်ခဲ့သော တစ်နှစ် က


ဩဂုတ် ၈။

 

တရုတ်စစ်တပ်ဟက်ကာများက အမေရိကန်၏ မဟာမိတ်နိုင်ငံ ဂျပန်၏ လျှို့ဝှက်ကာကွယ်ရေး ကွန်ရက်များအတွင်းသို့ ၂၀၂၀ ခုနှစ်အစပိုင်းတွင် ဖောက်ထွင်းဝင်ရောက်ခဲ့ပြီး စစ်ရေးစွမ်းဆောင်နိုင်မှု များ၊ စီမံကိန်းများအကြောင်း သတင်းအချက်အလက်များ ရရှိသွားသည်ဟု ဝါရှင်တန်ပို့စ်က တနင်္လာနေ့တွင် တင်ပြထားသည်။

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ဆိုင်ဘာသူလျှိုများက စီမံကိန်းများ၊ စွမ်းဆောင်ရည် များနှင့် စစ်ရေးအားနည်းချက် သုံးသပ်အကဲဖြတ်မှုများကို ဖောက်ထွင်းရယူသွားသည်ဟု အမျိုးသား လုံခြုံရေးအေဂျင်စီက ရှာဖွေတွေ့ရှိခဲ့ကြောင်း အမေရိကန်ထိပ်တန်းအရာရှိဟောင်းအချို့က ဝါရှင်တန် ပို့စ်ကို ပြောကြားသည်။

 

NSA (အမျိုးသားလုံခြုံရေးအေဂျင်စီ၏ အကြီးအကဲသည် ဂျပန်ကာကွယ်ရေးဝန်ကြီးနှင့် ဝန်ကြီးချုပ် တို့ကို ချိုးဖောက်တိုက်ခိုက်ခံရမှုအကြောင်း ရှင်းလင်းရန် တိုကျိုသို့ သွားရောက်ခဲ့သည်။

 

ချိုးဖောက်တိုက်ခိုက်မှုများမှာ Trump အုပ်ချုပ်စဉ်ကာလအတွင်း စတင် ဖြစ်ပွားခဲ့သော်လည်း Biden အုပ်ချုပ်သည့်ကာလအထိ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် ဂျပန်ကာကွယ်ရေးစနစ် အတွင်း ချိုးဖောက်တိုက်ခိုက်ခံရမှုများ ဆက်လက်ဖြစ်ပေါ်နေကြောင်း၊ အချက်အလက်ပေါက်ကြားမှု များကို တားမြစ်ရာ၌ တိုးတက်မှုနည်းကြောင်း သတင်းအချက်အလက်သစ်များ ထပ်မံရှာဖွေ တွေ့ရှိခဲ့ ရသည်။

                     

အမေရိကန်နှင့် ဂျပန်တို့က ထိခိုက်အားနည်းလွယ်သည်တို့ကို စစ်ဆေးရန် ဂျပန်ဝန်ဆောင်မှုလုပ်ငန်း များကို အသုံးပြုရန် သဘောတူညီခဲ့ကြပြီး အမေရိကန် NSA/ဆိုင်ဘာစစ်ဌာနချုပ်အဖွဲ့က ရှာဖွေတွေ့ရှိ ချက်များကို သုံးသပ်သွားမည်ဖြစ်ကာ ဟာကွက်များကို ပိတ်ဆို့ရန် တိုက်တွန်းညွှန်းဆိုချက်များ ပြုလုပ်သွားမည်ဟု ဝါရှင်တန်ပို့စက် တင်ပြထားသည်။

 

Forbes ၏ မှတ်ချက်ပေးရန် တောင်းဆိုမှုကို နိုင်ငံခြားရေးဌာနက တုံ့ပြန်မှု မပြုခဲ့ပါ။

 

အရေးကြီးသည့် ကောက်နှုတ်ချက်

 

ဒါဟာ ဆိုးရွားပါတယ်။ ထိတ်လန့်စရာကောင်းအောင် ဆိုးရွားပါတယ်။” ဟု ရှင်းလင်းတင်ပြရာတွင် ပါဝင်ခဲ့သည့် အမေရိကန် စစ်တပ်အရာရှိက ဝါရှင်တန်ပို့စ်ကို ပြောကြားသည်။

 

များပြားသည့် အရေအတွက်များ

 

ဝါရှင်တန်ပို့စ်အဆိုအရ ကွန်ရက်လုံခြုံရေးတိုးမြှင့်ရန် လာမည့် ငါးနှစ်အတွင်း စစ်တပ်ဆိုင်ဘာ လုံခြုံရေးအင်အားကို အရေအတွက် ၄,၀၀၀ အထိ တိုးမြှင့်ထည့်သွင်းသွားမည်ဟု ဂျပန်အရာရှိများက ပြောကြားကြောင်း ဆိုသည်။ ထပ်မံ၍ ဆိုင်ဘာစစ်ဌာနတစ်ခု တည်ထောင်၍ ဂျပန်ကွန်ရက်များကို ၂၄ နာရီ ၇ ရက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း၊ လာမည့် ငါးနှစ်အတွင်း ဒေါ်လာ ၇ ဘီလီယံအသုံးပြုရန် စီမံကိန်းချထားကြောင်း ဟု ဂျပန်ကာကွယ်ရေးအရာရှိက ဝါရှင်တန်ပို့စ်ကို ပြောကြားသည်။

 

အရေးကြီး နောက်ခံအချက်အလက်များ

 

တရုတ်နိုင်ငံသည် ၎င်းတို့၏ ဆိုင်ဘာစွမ်းဆောင်ရည်ကို ချဲ့ထွင်လာသည်နှင့်အမျှ တရုတ်တို့၏ နိုင်ငံအထောက်အပံ့ပြု ချိုးဖောက်တိုက်ခိုက်မှုသည် ပထမဆုံး တင်ပြခံရသည့်အဖြစ်အပျက်မဟုတ်ပါ။ ပြီးခဲ့သည့်လက တရုတ်အခြေစိုက် ဟက်ကာများက အမေရိကန်အစိုးရအေဂျင်စီများ အပါအဝင် အဖွဲ့ အစည်း ၂၅ ခု၏ အီးမေးလ်အကောင့်များကို ဝင်ရောက်အသုံးပြုနိုင်ခဲ့သည်။ ယင်းကဲ့သို့ ထိခိုက်မှု များတွင် အမေရိကန် နိုင်ငံခြားရေးဌာန၊ ကူးသန်းရောင်းဝယ်ရေး အတွင်းဝန် Gina Raimondo အပါအဝင် ကူးသန်းရောင်းဝယ်ရေးဌာနနှင့် တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး တို့၏ ၏ အီးမေးလ်အကောင့်များလည်း ပါဝင်ခဲ့သည်။ မိုက်ခရိုဆော့ဖ်၏ အဆိုအရ တရုတ်တို့သည် သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် အသုံးချစနစ်များကိုလည်း ပစ်မှတ်ထားကြောင်း သိရသည်။ အမေရိကန်မှ ဆောင်ရွက်နေသည့် အရေးကြီး အခြေခံအဆောက်အအုံ အဖွဲ့အစည်းများကို ဝင်ရောက် ရန် တရုတ်နိုင်ငံတော် အထောက်အပံ့ဖြင့် လှုပ်ရှားသူများက "လျှို့ဝှက်ပြီး ပစ်မှတ်ထား သောလှုပ်ရှားမှုများ တွေ့ရှိခဲ့ရကြောင်း မိုက်ခရိုဆော့ဖ်က မေလတွင် ပြောကြားသည်။

 

စောင့်ကြည့်ရန်

 

ဂျပန်အရာရှိများ၏ အနာဂတ်တိုက်ခိုက်မှုများကို ကာကွယ်ရန်နှင့် ၎င်း၏ ကွန်ရက်များကို ခိုင်မာအား ကောင်းစေရန် တုံ့ပြန်လုပ်ဆောင်မှုတို့မှာ နှေးကွေးသည့်အတွက် အမေရိကန်အရာရှိများအနေဖြင့် ၎င်းတို့၏ အားအကောင်းဆုံး မဟာမိတ်နိုင်ငံအတွက် သတင်းအချက်အလက်မျှဝေရာတွင် နှေးကွေးနိုင် ကြောင်း အရာရှိများက ဝါရှင်တန်ပို့စ်ကို ပြောကြားသည်။

 

ကိုးကား - Forbes The Washington Post

ပုံစာ - ဂျပန်ဝန်ကြီးချုပ် Fumio Kishida (Photo: Iori Sagisawa/AP)

 

Burma Associated Press

တရုတ်
ဂျပန်
ဆိုက်ဘာတိုက်ခိုက်မှု

Share With
bap-logo