bap-logo
Politics

အတိုင်ပင်ခံ၏ရှေ့နေများ တင်သွင်းသည့် အယူခံနှင့် ပြင်ဆင်မှုများကို လက်ခံရန် ပြည်ထောင်စုတရား လွှတ်တော်ချုပ် ဆုံးဖြတ်

HfuUSOgnsmjbX06Zgc1nV-image

လွန်ခဲ့သော တစ်နှစ် က

ဧပြီ ၁၉

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖမ်းဆီး တရားစွဲဆိုပြီးနောက် ထောင်ဒဏ် ချထားသည့် အမှုများအနက်မှ အမှုတချို့အတွက် အယူခံနှင့် ပြင်ဆင်မှုများကို လက်ခံကြားနာရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ယနေ့တွင် ဆုံးဖြတ်ခဲ့ကြောင်း နေပြည်တော်တရားရုံးအသိုင်းအဝိုင်းနှင့် နီးစပ်သူများ ထံမှ သိရသည်။

 

တရားလွှတ်တော်ချုပ်က လက်ခံကြားနာရန်ဆုံးဖြတ်ခဲ့သည့် အမှုများတွင် ပြီးခဲ့သည့်နှစ် စက်တင်ဘာလ အတွင်းက ဒေါ်အောင်ဆန်းစုကြည်အပေါ်စွပ်စွဲပြီး ချမှတ်ခဲ့သည့် အမှုနှစ်ခုဖြစ်သည့် မဲမသမာမှုနှင့် အစိုးရ လျှို့ဝှက်ချက်ဖောက်ဖျက်မှုများပါဝင်သည်။

 

ထို့ပြင် NLD အစိုးရလက်ထပ် ဟယ်လီကော်ပတာ ငှားရမ်း ဝယ်ယူမှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ချမှတ်ထားသည့် အမှု ငါးမှုအတွက် အယူခံကိုလည်း လက်ခံကြားနာမည်ဖြစ်သည်။

 

ကြားနာမည့်ရက်ကိုမူ သတ်မှတ်ထားခြင်းမရှိသေးကြောင်း တရားရုံးနှင့် နီးစပ်သူများကဆိုသည်။

 

အသက် ၇၈ အရွယ်ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရသည်။

 

ချမှတ်ခံထားရသည့် အမှုအားလုံးအတွက် အယူခံ၊ ပြင်ဆင်မှုများကို တရားရုံးအဆင့်ဆင့်သို့ တက်ခဲ့သော်လည်း အများစုမှာ ပယ်ချခံထားရသည်။

 

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်အချုပ်ထောင်အတွင်းရှိ အဆောက်အအုံငယ်တစ်ခုတွင် တစ်ဦးတည်းချုပ်နှောင်ခံထားရပြီး ၎င်း၏ ရှေ့နေများက ၎င်းကို ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက တွေ့ခွင့်မရသေးပေ။

 

စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပေးရန် နိုင်ငံတကာမှလာရောက်သည့် ပုဂ္ဂိုလ်များ၏ တောင်းဆိုမှုကိုလည်း လိုက်လျောခဲ့ခြင်းမရှိပေ။

 

Burma Associated Press

အောင်ဆန်းစုကြည်
ရှေ့နေ

Share With
bap-logo