bap-logo
Politics

မြန်မာနိုင်ငံဟာ ကပ်ဘေးဆိုက်အနေအထားကို ထိုးစိုက်ကျဆင်းနေကြောင်း ကုလအကြီးအကဲ ဆို

E6CazBFAMtCa2VjjmtA9G-image

လွန်ခဲ့သော ၃ နှစ် က

ဇန်နန်ဝါရီ ၂၇

 

စစ်အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအကြာမှာ မြန်မာဟာ ကပ်ဘေးဆိုက်နေတဲ့အနေအထားတစ်ခုကို ထိုးစိုက် ကျဆင်းနေသောကြောင့် တိုင်းပြည်ကို အရပ်ဖက်အုပ်ချုပ်ရေးသို့ လက်ပြောင်းပေးရန် ကုလ လူ့အခွင့်အရေး ကောင်စီအကြီးအကဲက မြန်မာစစ်တပ်ကို သတိပေးတောင်းဆိုခဲ့ပါတယ်။

 

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းပြီးနောက် လူ့အခွင့်အရေး အပါအဝင် နယ်ပယ်စုံမှာ အရာရာဟာ ဒုံရင်းကိုပြန်စိုက်ခဲ့ပါတယ်" လို့ ကုလ လူ့အခွင့်အရေးကောင်စီရဲ့ မဟာမင်းကြီးဖြစ်တဲ့ ဗော်လ်ကာ တာ့ခ် (Volker Turk) က ဆိုခဲ့ပါတယ်။

 

"တိုင်းပြည်ဒုက္ခရောက်တဲ့ အခြေအနေမျိုးမှာ စစ်တပ်က ပြည်သူတွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ တရားဝင် တာဝန်ဝတ္တရားတစ်ခုရှိနေပေမယ့်လည်း မြန်မာစစ်တပ်ရဲ့အပြုအမှုက နိုင်ငံတကာဥပဒေပါ နည်းဥပဒေပါစည်းမျဉ်းများနဲ့ ကိုက်ညီမှုမရှိပါဘူး" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

 

"ပြည်သူတွေကို ညှာတာထောက်ထားဖို့ဝေးစွ။ အခုတော့ ပြည်သူတွေဟာ မြန်မာစစ်တပ်ရဲ့ လေကြောင်းဖြင့် တိုက်ခိုက်ခံရခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်းအားဖြင့် ဥပဒေကို ကျော်လွန်ကာ တရား စီရင်ခံရခြင်း၊ ရွာများ မီးရှို့ခံရခြင်းတို့ဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်းခံနေရပါတယ်" လို့ ၎င်းက ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

 

အာဏာသိမ်းပြီးနောက် စစ်တပ်လက်ထဲ သေဆုံးခဲ့ရတဲ့ ပြည်သူ အနည်းဆုံး ,၈၉၀ ရှိကြောင်း ကုလ လူ့အခွင့်အရေးရုံးက ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ အနည်းဆုံးအရေအတွက်သာဖြစ်ပြီး စစ်တပ်လက်ထဲ သေဆုံးခဲ့ရတဲ့ ပြည်သူတွေဟာ ယခုထက်ပိုများဖို့သာ ရှိကြောင်းလည်း မစ္စတာ တာ့ခ် က ဆိုခဲ့ပါတယ်။

 

မြန်မာရဲ့အာဏာသိမ်းစစ်အုပ်စုက ဒီမိုကရေစီနည်းတကျ ရွေးချယ်ခံခဲ့ရတဲ့ ခေါင်းဆောင်တွေအပါအဝင် ပြည်သူ ၁၆,၀၀၀ ကျော်ကိုလည်း ထောင်သွင်းအကျဉ်းချခဲ့ကြောင်း ကုလလူ့အခွင့်အရေးရုံးရဲ့ ထုတ်ပြန်ချက်၌ ပါရှိပါတယ်။

 

တချိန်တည်းမှာပဲ ပြည်တွင်းမှာ နေရပ်ရွှေ့ပြောင်းဒုက္ခသည် . သန်းရှိနေပြီး ပြည်သူ ၇၀,၀၀၀ ကျော်က တိုင်းပြည်ကို စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။

 

"လု့အခွင့်အရေးဆိုင်ရာ ချိုးဖေါက်ခံရခြင်းနဲ့ ပြည်သူတွေခံစားရတဲ့ဆင်းရဲဒုက္ခများ ပိုမိုနက်ရှိုင်းလာတာနဲ့အမျှ ဒီကပ်ဘေးကနေ လွတ်မြောက်ဖို့ နည်းလမ်းတစ်ခုတော့ ရှိရပါမယ်။ စစ်အုပ်စုခေါင်းဆောင်က အာဆီယံနဲ့ ရယူထားတဲ့ ဘုံသဘောတူညီချက် ချက်ကိုလည်း မထီမဲ့မြင်ပြုတဲ့အပြင် အကြမ်းဖက် တိုက်ခိုက်မှုနဲ့ သွေးထွက်သံယိုမှုတွေပိုမိုဖြစ်ပွားလာပြီး လူသားခြင်းစာနာမှုဆိုင်ရာ အကူအညီပေးမှုတွေဟာလည်း ကန့်သတ်ခံ နေရပါတယ်" လို့ မစ္စတာ တာ့ခ် က ဆက်လက်ဆိုခဲ့ပါတယ်။

 

"ပြည်သူတွေကို ယင်းကဲ့သို့ နေ့စဉ် တိုက်ခိုက်နေမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို မြန်မာ စစ်တပ်က တာဝန်ခံရပါမယ်။ ပြည်သူတွေအတွက် ခုခံကာကွယ်ပေးရမယ့် စစ်တပ်တစ်တပ်က နိုင်ငံတဝှမ်းက ပြည်သူ တွေကို ဆင်းရဲချမ်းသာမရွေး၊ အဖွဲအစည်းမရွေး ခုလိုပြန်တိုက်ခိုက်နေတာဟာ အတော်ကို စိတ်ပျက်ဖို့ ကောင်းပါတယ်၊ စစ်တပ်ကို တကယ်စစ်မှန်ပြီး စွမ်းဆောင်ရည်ပြည့်ဝတဲ့ အရပ်ဖက်အုပ်ချုပ်ရေးရဲ့ ကြီးကြပ်မှု မှာပဲ ထားရှိဖို့လိုအပ်ပါတယ်" လို့ မစ္စတာ တာ့ခ်က ဖြည့်စွက်ဆိုခဲ့ပါတယ်။

 

ပုံစာ - ကုလလူ့အခွင့်အရေးကောင်စီရဲ့ မဟာမင်းကြီးဖြစ်တဲ့ ဗော်လ်ကာ တာ့ခ်

 

ပုံ - AFP

 

Burma Associated Press

ကုလသမဂ္ဂ
စစ်တပ်
အာဏာသိမ်း

Share With
bap-logo