Crime
မြန်မာနယ်စပ်အနီး ထိုင်းအာဏာပိုင်များက မက်သ်ဆေးပြားများ စံချိန်တင် သိမ်းဆည်း
လွန်ခဲ့သော တစ်နှစ် က
ထိုင်းနိုင်ငံအနေဖြင့် စံချိန်တင်အများဆုံး၊ အာရှတွင် ဒုတိယအများဆုံး မက်သမ်ဖက်တမင်း ဆေးပြား သန်း ၅၀ မြန်မာနယ်စပ်အနီး သိမ်းဆည်းရမိသည်ဟု ထိုင်းအာဏာပိုင်များ ပြောသည်။
ခြောက်ဘီးထရပ်ကားတစ်စီး၏ နောက်ဘက်တွင် အိတ်ကြီးများဖြင့် ထည့်ထားသည့် ဆေးပြားများကို ထိုင်းရဲ အရာရှိများနှင့် စစ်သားများက ကန်ချနာဘူရီပြည်နယ်မှ လုံခြုံရေးဂိတ်တစ်ခုတွင် အင်္ဂါနေ့တွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
အာရှ မက်သ်မူးယစ်ဆေးဝါး ဖမ်းမိမှုများအတွင်း ရွှေတြိဂံဒေသအနီး လာအိုနိုင်ငံတွင် မက်သ်ဆေးပြား ၅၅ သန်း ကျော် ဖမ်းဆီးရမိမှုအပြီး ဒုတိယ အများဆုံး ဖမ်းဆီးရမိမှုဖြစ်သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး UNODC အရှေ့တောင်အာရှ ဒေသဆိုင်ရာ ကိုယ်စားလှယ် Jeremy Douglas က ပြောသည်။
အာရှရာဇဝတ်အဖွဲ့ကြီးများသည် လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ကာ မြန်မာနိုင်ငံ ရှမ်းပြည် နယ်တွင် ထုတ်လုပ်သည့် မက်သမ်ဖက်တမင်းများ မှောင်ခို အထုတ်အသွင်း လုပ်နေသည်ဟု Douglas က ပြော သည်။ ဖြန့်ချိရေးကွန်ရက်များမှ ဂျပန်နှင့် နယူးဇီလန်အထိ ရောက်ရှိသည်ဟုလည်း ၎င်းက ပြောသည်။
“ထုတ်လုပ်ရေးက ကျယ်ပြန့်လာနေပါတယ်။ သူတို့ အရင်ကလည်း အတူလုပ်ဖူးကြတယ်။ ဒါက ငွေရလမ်းပဲ။” ဟု Reuters ကို ပြောသည်။
ရာဇဝတ်အဖွဲ့များက ထုတ်လုပ်ပေးသွင်းမှု တိုးမြှင့်လာသည့်အတွက်နှင့် မက်သမ်ဖက်တမင်း ကုန်ကျစားရိတ်များ နိမ့်ကျလာသည့်အတွက် အာဏာပိုင်များ၏ သိမ်းဆည်းရမိမှုသည် ဒေသတွင်း တရားမဝင်မူးယစ်ဆေးဝါး စီးဆင်းမှုအတွက် အနည်းငယ်သာ သက်ရောက်မှုရှိကြောင်း၊ Douglas က ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကလည်း မှောင်ခိုသွင်းသူများကို လမ်းကြောင်းများ၊ လှုပ်ရှားမှုများ တိုးချဲ့စေနိုင်ရန် အခွင့်ပေးနေသည်ဟု ၎င်းက ပြောသည်။
ကိုးကား - Reuters
ပုံစာ - ဂျူလိုင်လ ၅ ရက် ၂၀၂၂ ခုနှစ် ဘန်ကောက်မြို့တွင် ဖျက်ဆီးတော့မည့် သိမ်းဆည်းရမိထားသော မူးယစ်ဆေးဝါးများ (Photo: Reuters)