bap-logo
Politics

မူဆယ်မှာ အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီသယ်ယူခွင့်ကို စစ်တပ်က ကန့်သတ်လာ

BvGw40yj_ApRx-hKx0WNI-image

လွန်ခဲ့သော တစ်လ က

BAP၊ နိုဝင်ဘာ ၃၀။

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့မှာ စစ်ကောင်စီတပ်က အခြေခံစားသောက်ကုန်အပါအဝင် စက်သုံးဆီ သယ်ယူခွင့်ကို နိုဝင်ဘာ ၂၈ ရက်ကစပြီး ကန့်သတ်ပိတ်ပင်လိုက်တယ်လို့ ဒေသခံအချို့ဆီက သိရပါတယ်။

 

အခုလိုကန့်သတ်ပိတ်ပင်လိုက်တာကြောင့် မီးဖိုချောင်သုံးအသီးအနှံ၊ အသား၊ ငါးတွေ အပါအဝင် ကုန်စည် စျေးနှုန်း အဆမတန် မြှင့်တက်သွားမှာကို စိုးရိမ်ပူပန်နေကြတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

 

"စက်သုံးဆီတော့ လုံးဝမရတော့ဘူး၊ တချို့ဆို အဝတ်အစားဝတ်ထားတာကအစ စစ်ဆေးတာခံရတယ် ၊နှစ်ထပ် သုံးထပ်ဝတ်ပြီး သယ်လာတယ်ဆိုပြီးရစ်ကြတယ်၊ ကုန်စျေးနူန်းတွေက တက်လာပြီ၊ ဘယ်လိုထပ်ဖြစ်လာမယ် မသိသေးဘူး စိုးရိမ်နေကြတယ်"လို့ဒေသခံတဦးက ပြောပါတယ်။

 

စစ်ကောင်စီတပ်လက်အောက်ခံ ကုန်လမ်းပို့ဆောင်ရေးနဲ့ညွှန်ကြားမှုဦးစီးဌာနကဆီ မှတ်ပုံတင်ထားတဲ့ မော်တော်ကား၊ ဆိုင်ကယ်၊ သုံးဘီးယာဥ်နဲ့ကုန်တင်ယာဥ်တွေကို နိုင်ငံဖြတ်ကျော်ခွင့်စာအုပ်(Baordar Pass)ပြု လုပ်ကာ သတ်မှတ်ထားတဲ့ကုန်စည်တွေကို အရေအတွက်နဲ့သာ ဝယ်ယူရောင်းချခွင့်ပြုကြောင်း ထုတ်ပြန်ထား ပါတယ်။

 

မူဆယ်မြို့ဒေသခံတွေကို တရုတ်ပြည် ရွှေလီ၊ ကြယ်ဂေါင်မြို့တွေကနေတဆင့် စက်သုံးဆီနဲ့ အခြေခံ စားသောက်ကုန်တွေကို အနည်းငယ်သာ သယ်ယူတင်သွင်းခွင့်ပြုထားရာကနေ လက်ရှိအချိန်မှာ ထပ်မံ ပိတ်ပင် လိုက်တာဖြစ်တယ်လို့ တအောဝ်းအမျိုးသားအဖွဲ့အစည်းတွေက အသိပေးထားပါတယ်။

 

တအောင်းအမျိုးသားတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မြို့တွေဘက်ကို ကုန်စည်သယ်ယူခွင့်မရအောင် မူဆယ်မြို့ အထွက်ဂိတ်တွေမှာ စစ်ကောင်စီတပ်တွေက ပိတ်ဆို့စ်ဆေးမူတွေများနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

လာမဲ့ ဒီဇင်ဘာလ ၁ ရက်မှ စတင်ပြီး မူဆယ်မြို့နယ်အတွင်း မီးဖိုချောင်သုံး အသီးအနှံ၊ အသားနဲ့ ငါးတွေကို ခွင့်ပြုမိန့်ရတဲ့ ကားနဲ့ဆိုင်ကယ်တွေကိုသာ သယ်ယူဖို့နဲ့ အခြားလူသုံးကုန်ပစ္စည်းတွေကို တင်ဆောင်ခွင့်မပြုဘူး ဆိုပြီး ဆင်ဖြူစစ်ဆေးရေးဂိတ်က ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ - လူမှုကွန်ရက်

Burma Associated Press

 

မူဆယ်
တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော်
စစ်ကောင်စီ
တားမြစ်

Share With
bap-logo